CO2 ထုတ်လွှတ်မှုကို လျှော့ချခြင်း

Panasonic သည် ကုန်ပစ္စည်းများ၊ ထုတ်လုပ်ရေး လုပ်ဆောင်ချက်များ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ရုံးလုပ်ငန်းများအပါအဝင် ကဏ္ဍများစွာတွင် ကြိုးစားအားထုတ်မှု အမျိုးမျိုးဖြင့် CO2 ထုတ်လွှတ်မှုများကို လျှော့ချလျက်ရှိပါသည်။

ကမ္ဘာကြီး ပူနွေးလာမှုသည် ကျွန်ုပ်တို့လူသားများ လက်ရှိကြုံတွေ့နေရသည့် အရေးကြီး ပြဿနာတစ်ခုဖြစ်ပါသည်။ Panasonic သည် ကမ္ဘာကြီးပူနွေးလာမှု၏ အဓိကအကြောင်းအရင်းဖြစ်သည်ဟု ယူဆရသည့် CO2 ကိုလျှော့ချရန် "ထုတ်ကုန်ပစ္စည်း" တွင်သာမက "ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်မှုလုပ်ငန်းစဉ်" အတွင်းတွင်ပါ ဆောင်ရွက်လျှက်ရှိပါသည်။ အထူးသဖြင့် လျှပ်စစ်ပစ္စည်းများသည် ထုတ်လုပ်နေစဉ်ထက် အသုံးပြုနေစဉ်တွင် စွမ်းအင်ကို ပို၍သုံးစွဲသောကြောင့် Panasonic သည် CO2 ထုတ်လွှတ်မှုများကို လျှော့ချရန် "စွမ်းအင်ချွေတာခြင်း"၊ "စွမ်းအင်ဖန်တီးခြင်း"၊ "စွမ်းအင်သိုလှောင်ခြင်း" နှင့် "စွမ်းအင်စီမံခန့်ခွဲခြင်း" စသည့် သဘောတရား ၄ ချက်ဖြင့် ပြည့်ပြည့်စုံစုံ ဆောင်ရွက်ပါသည်။

စွမ်းအင်ချွေတာသော ကုန်ပစ္စည်းများကို တီထွင်ထုတ်လုပ်ထားသည့် ဥပမာတစ်ခုမှာ ဖြုန်းတီးရာကျသည့် စွမ်းအင် သုံးစွဲမှုကို ရှာဖွေသတ်မှတ်ရန် အာရုံခံနည်းပညာများကို အသုံးပြုထားပြီး လျှပ်စစ်မီးအားကို အလိုအလျောက် ချွေတာပေးသော လုပ်ဆောင်ချက်ပါရှိသည့် ECONAVI ဖြစ်ပါသည်။ စွမ်းအင် ဖန်တီးခြင်း ကုန်ပစ္စည်းများတွင် ဆိုလာသုံး စွမ်းအားထုတ်လွှတ်မှုစနစ်များနှင့် အိမ်သုံးလောင်စာဆဲလ်များမှ ထွက်ရှိသော အပူမှ စွမ်းအင်ထုတ်သောစနစ်များပါဝင်ပြီး စွမ်းအင်သိုလှောင်သော ကုန်ပစ္စည်းများမှာ သံသတ္ထုသုံး ဘတ်ထရီများကဲ့သို့ ထုတ်ကုန်ပစ္စည်းများ ဖြစ်သည်။ စွမ်းအင် စီမံခြင်းဆိုင်ရာ ကုန်ပစ္စည်းများအနေဖြင့် ဆိုလာသုံးစွမ်းအားထုတ်လွှတ်မှုကို ဘတ်ထရီသိုလှောင်မှုနှင့် ချိတ်ဆက်ပေးခြင်းအားဖြင့် လျှပ်စစ်ဆိုင်ရာ စွမ်းအင်ကို စမတ်ကျကျအသုံးပြုနိုင်စေမည့် စွမ်းအင် ဖန်တီး-သိုလှောင် ချိတ်ဆက်စနစ်၊ စမတ် အိမ်စွမ်းအင် စီမံခန့်ခွဲမှုစနစ်ဖြစ်သော စမတ် HEMS တို့ကို တီထွင်ထုတ်လုပ်ပြီး ဈေးကွက်တွင် ဖြန့်ချီထားပြီးဖြစ်ပါသည်။

"ထုတ်လုပ်မှု လုပ်ငန်းစဉ်" အတွင်း ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေး လုပ်ဆောင်ချက်များအနေဖြင့် ကမ္ဘာတစ်ဝှမ်းမှ Panasonic စက်ရုံများအားလုံးတွင် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုများကို သုညမှတ်နီးနီး တတ်နိုင်သမျှလျှော့ချရန် ရည်ရွယ်သည့် စိမ်းလန်းမှု စက်ရုံ (GF) ဆိုင်ရာ လုပ်ဆောင်ချက်များကို ပါဝင်လုပ်ဆောင်နေပါသည်။ ထိုလုပ်ဆောင်ချက်များ၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝှမ်းမှ စက်ရုံပေါင်း ၃၀၀ ခန့်တွင် စွမ်းအင်စီမံခန့်ခွဲမှု စနစ်များကို စတင်မိတ်ဆက်ကျင့်သုံးနေပြီဖြစ်ကာ စွမ်းအင်သုံးစွဲမှုအခြေအနေများပြသမှုနှင့် လျှော့ချသော ဆောင်ရွက်ချက်များ၏ ရလဒ်များမှ တဆင့် စွမ်းအင်သုံးစွဲမှုများကို လျှော့ချနေပါသည်။

ထိုဆောင်ရွက်ချက်များအပြင် ကျွန်ုပ်တို့သည် လုပ်ဖော်ကိုင်ဖက်များနှင့်တကွ ရုံးလုပ်ငန်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍများတွင် အမျိုးမျိုးသော လုပ်ဆောင်ချက်များမှတဆင့် CO2 လျှော့ချမှုကို ကျွန်ုပ်တို့ စည်းစနစ်တကျ မြှင့်တင် လုပ်ဆောင်လျှက်ရှိပါသည်။

CO2 ထုတ်လွှတ်မှုကို လျှော့ချခြင်း

ကျွန်ုပ်တို့သည် ထုတ်လုပ်မှုဆိုင်ရာ လုပ်ဆောင်ချက်များနှင့် ကုန်ပစ္စည်းများ/ဝန်ဆောင်မှုများမှတဆင့် CO2 ထုတ်လုပ်မှုထုတ်လွှတ်မှုများကို လျှော့ချလျက်ရှိပါသည်။

ပြန်လည်တီထွင်အသုံးချသော ရင်းမြစ်များ

Panasonic သည် ပြန်လည်တီထွင်အသုံးချခြင်းကို ဦးစားပေးသည့် ထုတ်လုပ်မှုများမှတဆင့် အနာဂတ်အတွက် အကန့်အသတ်ဖြင့်သာ ရရှိနိုင်မည့် စွမ်းအင်ရင်းမြစ်များကို ထိန်းသိမ်းရန် ရေရှည်တည်တံ့ခိုင်မြဲသော လူ့ဘောင်အသိုက်အဝန်းတစ်ခုဖြစ်စေရေး ပံ့ပိုးကူညီလျက်ရှိပါသည်။

ကမ္ဘာတစ်ဝှမ်းတွင် စီးပွားရေးလုပ်ငန်းများ လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ စွမ်းအင်ရင်းမြစ်များနှင့် ပတ်သက်သော အကြောင်းအရာများသည်လည်း လူထုအာရုံစိုက်မှုကို ပိုခံလာရပြီး ပိုမိုစိုးရိမ်လာကြပါသည်။ စွမ်းအင်ရင်းမြစ်အသစ်များနှင့် ဝတ္ထုပစ္စည်းများကို စတင်သုံးစွဲခြင်းသည် ကျွန်ုပ်တို့၏ ကမ္ဘာ့ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်စေသည်သာမက တွင်းထွက်ရင်းမြစ်များ ကုန်ဆုံးသွားစေပြီး ပစ္စည်းဈေးနှုန်းကိုလည်း သိသိသာသာ တက်စေပါသည်။

ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုအဖြစ် တာဝန်ယူလုပ်ဆောင်ခြင်းဖြင့် ပစ္စည်းအသစ်များ သုံးစွဲမှုပမာဏကို တတ်နိုင်သမျှလျော့ချရန် ကျွန်ုပ်တို့သည် အမျိုးမျိုးသော အစပျိုးမှုများကို ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့သော အစပျိုးမှုတစ်ခုသည် "ပစ္စည်းမှ ပစ္စည်းသို့" ဟူသည့် သဘောတရားအပေါ်အခြေခံသည့် ပြန်လည်တီထွင်အသုံးချနိုင်သည့် ရင်းမြစ်များကို အသုံးပြုခြင်းပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် တီဗွီများ၊ ရေခဲသေတ္တာများ၊ လေအေးပေးစက်များနှင့် အဝတ်လျှော်စက်/အခြောက်ခံစက် စသည့် ကုန်ပစ္စည်းများသက်တမ်းကုန်ဆုံးချိန်တွင် ၎င်းတို့ထဲမှ ပလတ်စတစ်ပစ္စည်းများကို ထုတ်ယူပြီး အမျိုးမျိုးသော အိမ်သုံးပစ္စည်းများအဖြစ် ပြန်လည်တီထွင်အသုံးချပါသည်။ ထို့အပြင် ပြန်လည်တီထွင်အသုံးပြုထားသော သတ္ထုပစ္စည်းများကို အိမ်သုံးပစ္စည်းများအဖြစ်ဖြင့် သုံးစွဲပါသည်။

ထိုလုပ်ဆောင်ချက်တို့အပြင် ကျွန်ုပ်တို့သည် နောက်ဆုံးထွက် စွန့်ပစ်ပစ္စည်းများကို အနည်းဆုံးအဆင့်သို့ လျှော့ချခြင်းဖြင့် ဖြုန်းတီးထုတ်လွှတ်မှုအဆင့် သုညဖြစ်အောင် လုပ်ဆောင်နေပါသည်။ ဥပမာအားဖြင့် စင်္ကာပူနိုင်ငံ၌ ရေခဲသေတ္တာများတွင် အသုံးပြုသည့် လေဖိသိပ်စက်များအတွက် အစိတ်အပိုင်းပစ္စည်းများ ထုတ်လုပ်ရာတွင် အဓိကသုံးသည့် သဲကို စွန့်ပစ်ပစ္စည်းမြုပ်နှံသည့် မြေစာပုံများသို့ ပို့ဆောင်ခြင်းအားဖြင့် ထုံးစံအတိုင်း စွန့်ပစ်ပါသည်။ သို့ရာတွင် ထိုသို့လုပ်ဆောင်သည့်အစား ထိုသဲကို ထုတ်လုပ်မှု လုပ်ငန်းစဉ်တွင် အဓိကသဲအဖြစ် ပြန်လည်အသုံးပြုရန် (သို့) ပြင်ပကုမ္ပဏီများမှ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများအဖြစ်ပြန်လည်သုံးရန်အတွက် ဆင့်တက်ပြုပြင်ပြီး အမျိုးအစားခွဲ လုပ်ဆောင်လျက်ရှိပါသည်။ ယင်းလုပ်ဆောင်ချက်ကြောင့် စွန့်ပစ်ပစ္စည်းပမာဏများ၊ အခွန်ပေးဆောင်ရသည့် စွန့်ပစ်ပစ္စည်းများ၊ ပစ္စည်းဝယ်ယူမှု ကုန်ကျစရိတ်များနှင့် စွန့်ပစ်သဲများ စွန့်ပစ်ရန် ကုန်ကျစရိတ်များတွင် သိသိသာသာလျော့ကျသွားစေပါသည်။

ပြန်လည်တီထွင် အသုံးချမှုကို ဦးစားပေးသည့် ထုတ်လုပ်မှုများကို ဆက်လက်တိုးမြှင့် လုပ်ဆောင်ခြင်းဖြင့် ပိုမိုကောင်းမွန်သော လူနေမှု အဆင့်အတန်းများဖြစ်လာစေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသော လူ့ဘောင်အသိုက်အဝန်းတစ်ခုဖြစ်အောင် ဖန်တီးရန် ကျွန်ုပ်တို့အနေဖြင့် ကူညီပံ့ပိုးပေးပါမည်။

ပြန်လည်တီထွင်အသုံးချသော ရင်းမြစ်များ

ပြန်လည်တီထွင် အသုံးချမှုကို ဦးစားပေးသည့် ထုတ်လုပ်မှုများကိုလုပ်ဆောင်ခြင်း အားဖြင့် စွမ်းအင်ရင်းမြစ်များကို စွမ်းဆောင်ရည်ပြည့်ဝစွာ အသုံးပြုပါမည်။

အကန့်အသတ်ရှိသော ရေရင်းမြစ်များကို ဂရုတစိုက်သုံးစွဲမှု

Panasonic သည် ရေကို ချွေတာသော ပစ္စည်းမျာနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်များတွင် ရေရင်းမြစ်ကို ထိန်းသိမ်းခြင်းများကိုပါ တီထွင်လုပ်ဆောင်နေပါသည်

ကမ္ဘာပေါ်ရှိ ရေ၏ ၉၈ ရာခိုင်နှုန်းသည် ပင်လယ်ရေများဖြစ်ပါသည်။ ကျန်ရှိနေသော ရေချို ၂% အနက်၊ ရေခဲမြစ်များနှင့် အခြားအသုံးမပြုနိုင်သော ရေရင်းမြစ်များ မပါဝင်ဘဲ၊ ကန်များ၊ မြစ်များ၊ မြေအောက်ရေများမှ ရရှိသော ရေပမာဏ သည် ၀.၀၁ % အောက်လျော့နည်းနေပါသည်။ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီတွင် ကမ္ဘာစီးပွားရေးဆိုင်ရာ ဖိုရမ်မှ ထုတ်ပြန်သည့် ကမ္ဘာ့အန္တရာယ်ဆိုင်ရာအစီရင်ခံစာအရ၊ ရေကပ်ဆိုက်မှုသည် ကမ္ဘာ့ အကျိုးသက်ရောက်မှု အမြင့်ဆုံးဖြစ်သည့် ထိပ်တန်းအန္တရာယ်ဖြစ်ကြောင်း သတ်မှတ်ထားပါသည်။

ထိုအခြေအနေအရ သက်ရှိအားလုံး ရှင်သန်နေထိုင်နိုင်သည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးထိန်းသိမ်းရန် လိုအပ်သော အိမ်သုံး၊ စက်ရုံသုံး၊ စိုက်ပျိုးရေးသုံး ရေများကို ထိန်းသိမ်းထားရှိရန် Panasonic သည် ကုန်ပစ္စည်းကိုယ်တိုင်နှင့် ကုန်ပစ္စည်းထုတ်လုပ်မှုနှစ်ရပ်လုံးတွင် ရေအရင်းအမြစ်ကိုထိန်းသိမ်းရန် ဆောင်ရွက်ချက်များ လုပ်ဆောင်လျှက်ရှိပါသည်။ ကျွန်ုပ်တို့၏ ကုန်ပစ္စည်းများမှတဆင့် ရေသုံးစွဲမှုကို စေ့စပ်စွာ စိစစ်ခြင်းအားဖြင့် ရေစီးဆင်းမှုထိန်းချုပ်ခြင်းနှင့် လည်ပတ်သုံးစွဲမှုကို တိုးတက်အောင်လုပ်ဆောင်ပြီး ရေကို အမြင့်ဆုံးအဆင့်၌ အသုံးချခြင်းအားဖြင့် ရေကို ပမာဏတစ်ခုအထိ ထိန်းသိမ်းနိုင်မည့် လုပ်ဆောင်ချက်များကို ကျွန်ုပ်တို့ တီထွင်ဖန်တီးထားပါသည်။ ထိုပစ္စည်းများတွင် အဝတ်လျှော်/အခြောက်ခံစက်ပစ္စည်းများ၊ ပန်းကန်ဆေးစက်များ၊ ရေအပူပေး အိမ်သာများနှင့် သန့်စင်ပေးသောလုပ်ဆောင်ချက်ပါသည့် အမိုးပြားများ စသည်တို့ပါဝင်ပါသည်။

ကျွန်ုပ်တို့၏ ထုတ်လုပ်မှုလုပ်ငန်းစဉ်များတွင် ရေအသစ်သုံးစွဲမှုကို လျှော့ချခြင်းနှင့် စွန့်ပစ်ရေပမာဏကို လျှော့ချခြင်း၊ စွန့်ပစ်ရေကို ပြန်လည်ရယူပြီး ဖန်တီးအသုံးချခြင်းဖြင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို လျော့ကျစေရန် လုပ်ဆောင်လျက်ရှိပါသည်။ ဥပမာတစ်ခုအနေဖြင့် ဆိုလာပြားများကိုထုတ်လုပ်သည့် Nishikinohama Factory of Panasonic Corporation Eco Solutions Company ၏ နီရှီခိုဟားမားစက်ရုံသည် အခြားရေသန့်စက်ကို အသုံးပြုပြီး စွန့်ပစ်ရေထဲရှိ မသန့်စင်မှုများကို စစ်ထုတ်ခြင်းအားဖြင့် ရေသန့်ရရှိအောင်ပြုလုပ်ပြီး စွန့်ထုတ်ထားသော စွန့်ပစ်ရေကို ပြန်လည်သုံးစွဲပါသည်။ ထိုသို့သော အားထုတ်မှုများဖြင့် ၂၀၁၅ ဘဏ္ဍာရေးနှစ် (ဧပြီလ ၁၊ ၂၀၁၄ - မတ်လ ၃၁၊ ၂၀၁၅) တွင် စက်ရုံမှ ရေသုံးစွဲမှုသည် ၀.၄% လျော့ကျခဲ့ပြီး ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် အခြေခံယူနစ်တစ်ခုအပေါ်ရေသုံးစွဲမှုသည် ၂၃.၆% တိုးတက်ခဲ့ပါသည်။

အကန့်အသတ်ရှိသော ရေရင်းမြစ်များကို ဂရုတစိုက်သုံးစွဲမှု

ကျွန်ုပ်တို့သည် ရေကို ထိရောက်စွာသုံးစွဲခြင်းနှင့် ညစ်ညမ်းမှုတို့မဖြစ်အောင် ကာကွယ်ခြင်းအားဖြင့် ရေအရင်းမြစ်များကို ထိန်းသိမ်းသွားပါမည်။

ဓာတုဗေဒပစ္စည်းများကြောင့် သက်ရောက်မှုကို လျှော့ချခြင်း

Panasonic သည် ဝယ်ယူအားပေးသူများနှင့် ပတ်ဝန်းကျင်ကို ကာကွယ်ရန်အတွက် ထုတ်လုပ်မှုကွင်းဆက်တလျှောက် ဓာတုဗေဒပစ္စည်းများ အသုံးပြုမှုကို စီမံခန့်ခွဲပါသည်။

အိမ်အသုံးအဆောင်နှင့် အခြားအိမ်တွင်းသုံးပစ္စည်းများတွင်အသုံးပြုသော ဓာတုဗေဒ ပစ္စည်းများသည် ကျွန်ုပ်တို့၏ ကြွယ်ဝပြည့်စုံပြီး အဆင်ပြေလွယ်ကူသော လူနေမှုဘဝပုံစံများကို နည်းလမ်းများစွာဖြင့် ပံ့ပိုးပေးပါသည်။ သို့ရာတွင် တစ်ချိန်တည်းမှာပင် ဓာတုပစ္စည်းအချို့သည် လူသားတို့နှင့် ပတ်ဝန်းကျင်အပေါ်တွင် အန္တရာယ်သက်ရောက်မှု ရှိစေသောကြောင့် ဝယ်ယူအားပေးသူမှ သုံးစွဲနေစဉ်နှင့် စွန့်ပစ်အပြီးတို့တွင် ပတ်ဝန်းကျင်နှင့် လူသားတို့၏ ကျန်းမာရေးအပေါ် လွှမ်းမိုးမှုများကို ထည့်သွင်းစဉ်းစားပြီး ထုတ်ကုန်ပစ္စည်းကို တီထွင်ခြင်းနှင့် ထုတ်လုပ်ခြင်းအဆင့်များမှစ၍ ဓာတုဗေဒပစ္စည်းများကို စီမံခန့်ခွဲရန် အရေးကြီးပါသည်။

ထိုအချက်အပေါ်မူတည်၍ Panasonic သည် နိုင်ငံတစ်နိုင်ငံချင်းစီ၏ သက်ဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာပြီး ကုန်ပစ္စည်းထုတ်လုပ်ရန် ဝယ်ယူချိန်မှစ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်အထိ ဖောက်သည်များ အသုံးပြုချိန်မှ စွန့်ပစ်ချိန်အထိ ထုတ်ကုန်ပစ္စည်း၏ သက်တမ်းတစ်လျှောက် ဓာတုဗေဒပစ္စည်းများ၏ သက်ရောက်မှုကို လျှော့ချရေးဟူသော ၎င်း၏ အခြေခံမူဝါဒနှင့်အညီ လုပ်ငန်းဆောင်ရွက်ချက်များတွင် ပါဝင်ဆောင်ရွက်နေပါသည်။

Panasonic သည် ကုန်ပစ္စည်းများတွင် ပါဝင်သော ဓာတုဗေဒပစ္စည်းများကို ဖော်ထုတ်သတ်မှတ်ရန် လုပ်ဆောင်ပါသည်။ လူသားတို့နှင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို တန်ဖိုးဖြတ်ချင့်တွက်ခြင်းနှင့် လူသားတို့အပေါ် အန္တရာယ်ဖြစ်စေနိုင်သည့် ကိစ္စရပ်မျိုးတွင် ဓာတုပစ္စည်းများ အသုံးပြုမှုကို မိမိဆန္ဒအလျောက် ရပ်ဆိုင်းခြင်းဖြင့် Panasonic သည် လုံခြုံ၍ အန္တရာယ်ကင်းသော ကုန်ပစ္စည်းများကို ထောက်ပံ့ရန် ရည်ရွယ်ပါသည်။

ထို့အပြင် ၎င်းစက်ရုံပတ်ဝန်းကျင် နေရာများတွင် လေထု၊ ရေထုနှင့် မြေထုညစ်ညမ်းမှုတို့ကို တားဆီးကာကွယ်ရန်နှင့် ပတ်ဝန်းကျင်ရှိ နေထိုင်သူများအပေါ် ကောင်းကျိုးမပြုသော ထိခိုက်မှုများကိုပါ ကာကွယ်ရန်အတွက် Panasonic သည် ထုတ်လုပ်သည့်နည်းလမ်းများကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ၎င်းစက်ရုံများ၌ အသုံးပြုသည့် ဓာတုဗေဒပစ္စည်း ပမာဏကို လျှော့ချရန် လုပ်ဆောင်နေပါသည်။

ဓာတုဗေဒပစ္စည်းများကြောင့် သက်ရောက်မှုကို လျှော့ချခြင်း

ကျွန်ုပ်တို့သည် လူသားတို့ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်အပေါ် ဓာတုဗေဒပစ္စည်းများ၏ သက်ရောက်မှုကို လျှော့ချပါမည်။

ဇီဝမျိုးကွဲများကို ထိန်းသိမ်းခြင်း

Panasonic သည် ဇီဝမျိုးကွဲများကို ထိန်းသိမ်းရန် အဓိက နယ်ပယ်သုံးခုတွင် လုပ်ဆောင်ပါသည်-
ကုန်ပစ္စည်းများ၊ ဝယ်ယူမှုနှင့် မြေသုံးစွဲမှု။

ကျွန်ုပ်တို့၏ လူမှုရေးဆိုင်ရာ လုပ်ဆောင်ချက်များသည် မြေ၊ လေ၊ ရေ၊ အပင်များနှင့် တိရစ္ဆာန်များ အပါအဝင် သဘာဝမှပေးသော ဆုလာဒ်များ (အီကိုစနစ် ဝန်ဆောင်မှုများ) ပေါ်တွင် အခြေခံထားပါသည်။ သဘာဝသည် ဘဝ၏ သိမ်မွေ့သော ဟန်ချက်ညီမှုအပေါ်တွင် တည်ဆောက်ထားပြီး ထိုဆုလာဒ်များကို နောက်မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းနိုင်ရန်အတွက် ကျွန်ုပ်တို့သည် ဇီဝမျိုးကွဲများကို ထိန်းသိမ်းရန် မရှိမဖြစ် အရေးပါပါသည်။

Panasonic သည် ၎င်း၏ စီးပွားရေးလုပ်ဆောင်ချက်များမှ ဇီဝမျိုးကွဲများအပေါ် သက်ရောက်မှုကို သင့်လျော်စွာနားလည်ပြီး ထိန်းသိမ်းဆောင်ရွက်မှုကို ပံ့ပိုးကူညီပေးရန် ကတိပြုထားပါသည်။ အထူးသဖြင့် Panasonic သည် အောက်ပါ အဓိကနယ်ပယ် သုံးခုတွင် အစပျိုးဆောင်ရွက်မှုများကို ပြုလုပ်နေပါသည်- (၁) ကုန်ပစ္စည်းများ- ဇီဝမျိုးကွဲများအား ထိန်းသိမ်းခြင်းကို ပံ့ပိုးကူညီပေးသည့် ကုန်ပစ္စည်းတို့ကို တိုးမြှင့် ထုတ်လုပ်သည်- (၂) ဝယ်ယူမှု- သစ်တောအရင်းအမြစ်များကို ရေရှည် အသုံးချနိုင်ရေးအတွက် သင့်တင့်လျောက်ပတ်သော သစ်ရရှိနိုင်မှုကို လုပ်ဆောင်သည်- (၃) မြေနေရာ အသုံးပြုမှု- ဇီဝမျိုးကွဲများ ထိန်းသိမ်းမှုကို ကူညီပံ့ပိုးပေးရန် လုပ်ငန်းလုပ်ကိုင်ရာဒေသများတွင် အစိမ်းရောင်နယ်ပယ်များကို အသုံးပြုသည်။

ကုန်ပစ္စည်းဆိုင်ရာ အပိုင်းကဏ္ဍတွင် ကုန်ပစ္စည်းအားဖြင့် ဇီဝမျိုးကွဲများအတွက် ပံ့ပိုးကူညီနိုင်မှုကို ထုတ်ကုန်ပစ္စည်းအလိုက် ရည်ရွယ်ချက်ရှိရှိအကဲဖြတ်ရန် စနစ်တစ်ခုကို နိုင်ငံတကာဆိုင်ရာ NGO လုပ်ငန်းတစ်ခုနှင့် ချိတ်ဆက် တည်ဆောက်ထားပြီးဖြစ်ကာ Panasonic ရှိ ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးချပါသည်။ ထို့အတူ၊ ဇီဝမျိုးကွဲများနှင့် ဆက်စပ်သော ပစ္စည်းများကို ကျွန်ုပ်တို့၏ ကုန်ပစ္စည်းဆိုင်ရာ တရားဝင်အသိအမှတ်ပြု စံသတ်မှတ်ချက်တွင် ပေါင်းထည့်ထားပြီး ပစ္စည်းများ၊ လုပ်ဆောင်ချက်များနှင့် ဇီဝမျိုးကွဲတို့အကြား ဆက်နွယ်မှုကို ကျွန်ုပ်တို့က မိမိဆန္ဒအလျောက် ချင့်တွက်အကဲဖြတ်ပါသည်။

ဝယ်ယူရေး အပိုင်းကဏ္ဍတွင် Panasonic သည် သဘာဝအတွက် ကမ္ဘာ့ရံပုံငွေ (WWF) ဂျပန်နှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့သည်၊ သစ်နှင့်ပတ်သက်ပြီး Panasonic အုပ်စု အစိမ်းရောင်ပစ္စည်း ဝယ်ယူရေး ညွှန်ကြားချက်များကို ဖော်ထုတ်တွက်ချက်ပြီး ဇီဝမျိုးကွဲများအတွက် ထည့်သွင်းစဉ်းစားပြီး ပစ္စည်းများ ဝယ်ယူမှုကို တိုးမြှင့်ဆောင်ရွက်နေပါသည်။

မြေနေရာ အသုံးပြုမှုကဏ္ဍတွင် Panasonic လုပ်ငန်းလုပ်ကိုင်ရာ နေရာများတွင် အစိမ်းရောင်ဧရိယာများ၏ ဇီဝမျိုးကွဲများကို တန်ဖိုးဖြတ်ချင့်တွက်ပြီး ဒေသတွင်း အပင်နှင့် တိရိစ္ဆာန်တို့ကို ထိန်းသိမ်းရန်သာမက ဒေသတွင်းရှိ တောရိုင်းတိရိစ္ဆာန်တို့ ကျင်လည်ကျက်စားရန် အောဂဲနစ် ချိတ်ဆက်မှုများ ပေးသည့် နည်းစနစ်များကို သတ်မှတ်ပါသည်။

Panasonic သည် ဇီဝမျိုးကွဲများကို ထိန်းသိမ်းရန်အတွက် ဒေသခံ အစိုးရများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ NPO များနှင့် အထူး အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ပါမည်။
အသေးစိတ်အချက်အလက်များအတွက်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ဆောင်ချက်များကို ကြည့်ပါ-

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ဆောင်ချက်များ [Global Site: English]

ဇီဝမျိုးကွဲများကို ထိန်းသိမ်းခြင်း

ဇီဝမျိုးကွဲများကို ကျွန်ုပ်တို့ ထည့်သွင်းစဉ်းစားပြီး ထိန်းသိမ်းဆောင်ရွက်သွားပါမည်။