Home Shower

Home Shower

1. Home Shower ကိုဖြုတ်ပြီးလာပြချင်တယ် ဘယ်လိုဖြုတ်ရမလဲ၁. စက် နှင့် မီးလိုင်းအား သေခြာစွာဖြတ်တောက်ပါ
၂. စက် နှင့် တပ်ဆင်ထားသော ရေ ဝင်/ထွက် ပိုက်အားဖြုတ်ပါ
၃. စက်အောက်ခြေ တွင်စွဲထားသော နပ်( screew )အား ဖြုတ်ပါ
၄. power knob on/off swithc နှင့် temperature switch ၂ခုအား မိမိဖက်သို့ ဖြည်းညှင်းစွာ ဆွဲဖြုတ်ပါ( 3JP2/3JL2/4HP1 ) ( တချို့ model များတွင်ဖြုတ်စရာမလိုပါ )
၅. အပေါ်ဖုံးအား အောက်ခြေမှကိုင်တွယ်၍ မိမိဖက်သို့ ဖြည်းညှင်းစွာ ဆွဲဖြတ်ပါ
၆. စက်အတွင်းတပ်ဆင်ထားသော မီးကြိုးအား ဖြုတ်ပါ
၇. စက် နှင့် နံရံ အားချိတ်တွယ်စေရန်တပ်ဆင်ထားသော နပ်( Screew ) ၄လုံးအားဖြုတ်ပါ( စက်ပြုတ်မကျစေရန် စက်အားကိုင်တွယ်ထားပါ )"

2. Home Shower က press Button နှိပ်လို့မရလို့ ပြင်လို့ရလား
ပြင်လို့ရပါတယ် Print Base PCB ပျက်တဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ် စက်အတွင်းပိုင်း စစ်ဆေးရန်လိုအပ်ပါသည်။

3. Home Shower မှာ E-3 ပေါ်နေတယ် ဘာဖြစ်တာလဲ
စက်ကိုပိတ်ပြီးနောက် Shower Head က ရေဆက်ကျနေတာမျိုး၊ရေမလုံတဲ့အခါ errorပြတက်ပါတယ် Main PCB ပျက်ရင်လည်း E-3 Error ပေါ်တတ်ပါတယ်၊ Pressure Pump သုံးတဲ့အခါတွေမှာ ဖြစ်တတ်ပါတယ်၊

4. Home Shower က temperature ကိုအဆုံးထိတင်လဲ နွေးရုံပဲနွေးတယ်
စက်အတွင်းကို၀င်တဲ့ ရေ pressure က လိုအပ်တာထက်များနေရင် အပူလျော့နိုင်ပါတယ်၊ Water Volume ကိုချိန်ညှိကြည့်ပါ၊တခါတလေ ရာသီဥတုအရမ်းအေးတဲ့အချိန် ရေကအရမ်းအေးနေတဲ့အချိန်မှာလဲ ပြန်ထွက်လာတဲ့ရေကသိပ်မပူတာဖြစ်နိုင်ပါတယ်။

5. Home Shower ကရေ မပူတော့ဘူး
စက်အသစ်တပ်ဆင်ပြီး ရေမပူပါက Power လာမလာဦးစွာ စစ်ဆေးပါ၊ Power မီးမလင်းပါက လျှပ်စစ်မီးလိုင်းကို ဦးစွာစစ်ဆေးပေးပါ၊ Home Shower များသည် Watt 3000 မှ 4500 အထိရှိနိုင်ပါသည်၊ Wire ကြိုး နှင့် Socket များသည် Watt 4500 အထိ ခံနိုင်ရည်ရှိသော ပစ္စည်းများကိုသုံးသင့်ပါသည်၊ သီးသန့်မီးလိုင်းသုံးသင့်ပါသည်၊ ဖြစ်နိုင်ရင် Grand ကြိုတပ်ပေးပါ၊ ရေအားကောင်းမကောင်းစစ်ပေးပါ ရေအားအရမ်းများရင်လဲမပူတက်ဘူး ရေအားနည်းနေရင်လဲမပူတက်ဘူးရေအ၀င်အထွက်ပိုက်ဘက်မှားရင်လည်း ရေမပူနိုင်ပါ၊ Inlet ပိုက်ကို စက်ကိုမျက်နှာမူရင် ညာဘက်ခြမ်းက တပ်ရမှာပါ ဘယ်ဘက်မှာ Outlet တပ်ရပါမယ်၊ Filter ကိုညာဘက်မှာ တပ်ရမှာပါ၊ စသုံး သုံးချင်းမပူရင် filter ကို Clean up လုပ်ကြည့်ပါ အမုံတွေဝင်နေတက်တယ်၊ ELB Breaker ကျမကျပါစစ်ပေးပါ။

6. Home Shower ကခလုတ်ပိတ်ပြီးနောက်ရေဆက်ကျနေတယ် 
Inlet bar ရေမလုံတာကြောင့်ရေကျတက်တယ် inlet body ကိုအသစ်လဲလို့ရပါတယ်"စက်တခုလုံးတွင် တပ်ဆင်ထားသော ရေဝင်/ထွက် joint အဆက်နေရာများတွင် ဝါရှာ washer များစနစ်တကျ
မထည့်ခြင်း တင်ကြပ်စွာ မတပ်ဆင်ခြင်းများကြောင့် ဖြစ်ပါသည်။" အပြင် pressure pump နဲ့တွဲသုံးတဲ့အခါမှာ Switch Off ခလုတ်ကိုပိတ်သော်လည်း Power ပိတ်ပြီး ရေကမပိတ်ဘဲ ဆက်ကျနေတတ်သည်၊ အားစိုက်၍ခပ်သွက်သွက် ခလုတ်ကို ပြန်လည်ဖွင့်ပိတ်လုပ်ကြည့်ပါက အဆင်ပြေသွားတတ်ပါသည်၊ မရပါက အဖုံးဖွင့်၍ Refitting လုပ်ပေးခြင်းဖြင့် အဆင်ပြေသွားနိုင်ပါသည်

7. Home Shower က Breaker ကျတယ် ပြန်တင်လို့မရဘူး
Breaker ကျသည့်အခါ ထပ်ခါထပ်ခါ တင်ကြည့်တာမျိုး မလုပ်သင့်ပါ၊ Turn Shock or Ground Shock၊ Breaker ELB အတွင်းရေငွေ့ ရိုက်ခြင်းကြောင့် Breaker ကျ ခြင်းဖြစ်ပါသည်၊Breaker ကျခြင်းသည်စက်အတွင်းပိုင်းမှာ ရှော့ရှိနေလို့သေချာစစ်ဆေးပြီးမှ ဆက်သုံးသင့်ပါသည်၊

8. Homer Shower ကထွက်တဲ့ရေကဓာတ်လိုက်နေတယ်
ELB Breaker ပျက်စီးနေသော်လည်းကောင်း/shock ရှော့ကျနေ၍သော်လည်း ဖြစ်နိုင်ပါတယ်၊
Voltage Leakage ဖြစ်နေ၍ ဓာတ်လိုက်ခြင်းဖြစ်ပါသည်၊ Heater Location, Earthing System, Safety Point စသည်များပါ တွက်ဖက်စစ်ဆေးပြုပြင်ပြီးမှသာ ပြန်လည်သုံးစွဲသင့်ပါသည်

9. Home Shower ရဲ့ ELB က မီးစိမ်းမလင်းဘူးဖြစ်နေတယ်
ELB မီးစိမ်းသည် ရံဖန်ရံခါ Heater အဖုံးနှင့် တည့်မတ်ခြင်းမရှိ၍ နေ့အလင်းရောင်အောက်တွင် မလင်းဟုထင်မြင်မိတတ်ပါသည်၊ သို့မဟုတ် ပျက်စီးခြင်းလည်းဖြစ်နိုင်ပါသည်၊ PCB Casing ချို့ယွင်းခြင်းကြောင့်လည်းလဲမီးမလင်းတာဖြစ်နိုင်ပါသည်

10. Home Shower ကရေအရမ်းပူနေတယ်
PCB Casing ကောင်းစွာအလုပ်မလုပ်ခြင်း၊ Reed Sensor ကောင်းစွာ အလုပ်မလုပ်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်၊ Voule Switch မကာင်းရင်လဲဖြစ်တက်ပါသည် Shower Head ကောင်းမွန်စွာ ရေမထွက်ပါကလည်း ရေပူချိန်မြင့်တတ်ပါသည်