Iron

Iron

1. မီးပူက ရေထည့်တိုက်ရင် အမဲရောင် အရည်တွေထွက်ကျလာတယ်၊ 
Steam Iron တွင် ရေနှင့် အမွှေးဆီ Softener များနှင့် ရောယှက်၍ မသုံးသင့်ပါ၊ အမွှေးဆီများသည် Chemical များဖြစ်၍ အပူနှင့်ထိတွေ့ချိန်တွင် အမည်းရောင်အရည်များ ဖြစ်ပေါ်ကျဆင်းလျှင် အ၀တ်အစားများစွန်းထင်းစေပါသည်၊ Heater Unit အားလုံးလည်း အမည်းရောင်အဖတ်များ ကပ်ငြိညစ်ပေစေပါသည်၊ ရေနှင့်အမွှေးဆီများ Spray အနေဖြင့်သာ ရောယှက်အသုံးပြုသင့်ပါသည်၊ Steam အနေဖြင့် အသုံးမပြုသင့်ပါ၊မီးပူတွင် Softener ထည့်မသုံးရပါ၊ ရေကိုပဲသီးသန့်ထည့်တိုက်ရန်၊ Softener တွင် Chemical ပါသည့်အတွက် မီးပူအတွင်းမှ Tank နှင့် Rubber ကို ပျက်စီးစေပါတယ်၊ မီးပူအားထိခိုက်မိ၍သော်လည်းကောင်း ကာလကြာရှည်သုံးစွဲခဲ့၍ သော်လည်းကောင်း၊ မီးပူရှိရေထည့်ကန် ကွဲအက်ခြင်းဖြစ်ပါက ရေများစိမ့်ကျတတ်ပါသည်၊ ကျွမ်းကျင်သူနှင့် ပြုပြင်လဲလှယ်သင့်ပါသည်

2. ရေနွေးငွေ့မီးပူက အငွေ့မထွက်တော့ဘူး ဘာဖြစ်တာလဲ
Steam Iron များကို ရေနွေးငွေ့ အသုံးပြုလိုပါက ရေသန့်တစ်မျိုးတည်းသာသုံးစွဲပါ၊ ထုံးဓါတ်ပါ၀င်သောရေ/ မသန့်ရှင်းသောရေများထည့်မိပါက ရေဂျိုးများဖြစ်ပေါ်ပိတ်ဆို့တတ်ပြီး ရေနွေးငွေ့မဖြစ်ပေါ်လာနိုင်ပါ 

3. မီးပူ Power မလာတာဘာဖြစ်တာလဲ
Supply cable မီးပူကြိုးသော်လည်းကောင်း၊ Socket (ပလပ်ခုံများ) ပျက်စီးနေလျှင်သော်လည်းကောင်း၊ မီးပူအားမရပ်မနားအသုံးပြုခြင်း၊ လျှပ်စစ်မီးအားများ လွန်စွာမြင့်မားချိန်အသုံးပြုမိခြင်းများကြောင့် Thermal Fuse ပျက်စီးခြင်း၊ ကြိမ်ဖန်များစွာအသုံးပြုခြင်းကြောင့် Thermal Cut-off ပျက်ခြင်း/Thermal Point အပေါ်တွင် အညှိတက်ခြင်းကြောင့် Power မလာခြင်း၊ ကြိမ်ဖန်များစွာ အသုံးပြုခဲ့ခြင်းကြောင့် ရံဖန်ရံခါ အချိန်တိုအတွင်း အပူကွိုင် Polished Soleplate အတွင်းတွင်ပါ၀င်သော ကြေးနန်း Sheathed Heater ပျက်စီးမှုကြောင့် Powerမလာခြင်းတို့ဖြစ်တတ်ပါသည်

4. မီးပူ ရေထည့်သုံးတာ အောက်ကရေပြန်ကျနေတယ် 
ရေထည့်တိုက်ရင် အောက်ကပြန်ပြီးရေစိမ့်ကျတာမျိုးက Heat Temperature ကိုအဆုံးထိမထားဘဲ တ၀က်လောက်မှာထားရင် မီးပူထဲကရေမဆူပဲ ရေတွေစီးနေပါမယ်၊ ရေကိုသတ်မှတ်ထားတဲ့ နေရာအထိပဲထည့်ပေးပါ၊ Panasonic Iron တွေမှာ အပူချိန်ချိန်ညှိဖို့အတွက် Setting တွေရှိပါတယ်၊ Temperatur Selecting Setting မှာ 1) Acrylic, 2) Silk, 3) Wool, 4) Cotton, 5) Linen, တို့ဖြစ်ပါသည်၊ သို့ပါ၍ ရေနွေးငွေ့ Steam Ironing အသုံးပြုလို့ပါက Wool, Cotton, Linen နေရာများတွင် လိုသလိုထားရှိအသုံးပြုရပါမည်၊ သို့မဟုတ်ပါက ရေများကျရှိနေပါမည်၊ Dry Ironing ကို အသုံးပြုလိုပါက ဖော်ပြပါ ရေနွေးငွေ့ခလုတ် (Steam Symbols) အား ပိတ်ပြထားသောနေရာတွင်ထားရှိရပါမည်၊ သို့မဟုတ်ပါက ရေများကျနေပါမည်

5. မီးပူအောက်ခံက မဲနေတာကို ပြင်လို့ရလား
Heater Plate များမဲနေခြင်း၊ ရေဂျိုးများကပ်ငြိနေခြင်းများသည် စစ်ဆေးပြီးမှသာ ပြုပြင်၍ ရနိုင်/မရနိုင်ကို သိရှိနိုင်မည်ဖြစ်သည်