Microwave

Microwave

1. Microwave က Start Button နှိပ်လို့မရတော့ဘူး၊ လာပြင်လို့ရလား
Microwave Start နှိပ်မရတာ အကြောင်းအမျိုးမျိုးရှိပါတယ်၊ ခလုတ်နှိပ်တဲ့ ကဒ် (Membrane Switch) ပျက်ရင်လည်း Start နှိပ်မရပါ၊ စက်အတွင်းထဲက PC Board ဒါမှမဟုတ် DP Circuit ပျက်ရင်လည်း Start နှိပ်မရပါ၊ Door Lock မကျရင်လည်း Start နှိပ်မရပါ၊ ဒီလိုဖြစ်ရင်တော့ Service Center ကိုဆက်သွယ်ပြုပြင်သင့်ပါတယ်

2. Microwave ကို 1 minute Timer ပေးထားရင် 10 second လောက်မှာရပ်သွားတယ်
Microwave ကို 1 minute Timer ပေးထားရင် 10 second လောက်မှာရပ်သွားခြင်းသည် Wave ထုတ်လွှတ်ပေးသော Magnetron ကောင်းစွာ အလုပ်မလုပ်ခြင်းကြောင့်ဖြစ်နိုင်ပါသည် Magnetron ကို High Voltage ထုတ်လွှတ်ပေးသော Inverter Card မကောင်း၍လည်းဖြစ်နိုင်ပါတယ်

3. Microwave ကတံခါးဖွင့်ရင် မီးမလင်းဘူး
တချို့ Model များတွင် incandecent lamp (AC) မီးလုံးနှင့် တချို့ Model များတွင် LED DC မီးလုံး Small Type များဖြစ်သောကြောင့် နေ့ခင်းဘက် နေ့အလင်းရောင်တွင် သေချာကြည့်ရှုမှသာ မီးလုံးအလင်းအား မြင်တွေ့နိုင်ပါသည်၊ စက်အသုံးပြုချိန်နှင့် အသုံးပြုပြီး တံခါးဖွင့်ချိန်များတွင်သာ မီးလုံးလင်းပါသည်၊ သေချာစွာစစ်ဆေးပြီး မီးမလင်းပါက စက်အားစစ်ဆေးရန်လိုအပ်ပါသည်၊

4. Microwave ကမီး၀င်တယ်၊ မပူဘူး
စစ်ဆေးရန်လိုအပ်ပါသည်၊ Part Accessory များလဲရပါမည်၊ အပူစွမ်းအင် Wave ထုတ်ပေးသော Magnetron သို့မဟုတ် High Voltage ထုတ်ပေးသော Transformer သို့မဟုတ် Inverter များ ကာလရှည်သုံးစွဲ၍ ကောင်းမွန်စွာ အလုပ်မလုပ်နိုင်ခြင်းများကြောင့်ဖြစ်နိုင်ပါသည်

5. Microwave ကိုကိုယ်တိုင်သန့်ရှင်းရေးလုပ်ချင်တယ်ဆို ဘယ်လိုလုပ်ရမလဲ
Panasonic Microwave များကို ကိုယ်တိုင်သန့်ရှင်းရေးလုပ်နိုင်ပါတယ်၊ ကိုယ်တိုင်သန့်ရှင်းရေးလုပ်ဆောင်ခြင်းကြောင့် ပျက်စီးဖို့အခွင့်အလမ်း 50% အထိလျှော့ချနိုင်ပါတယ်၊ သန့်ရှင်းရေးလုပ်ဆောင်ခြင်းကြောင့် Ceiling Cover Defect Case များ၊ အင်းဆက်ပိုးမွှားများ ၀င်ရောက်ခြင်းမရှိတော့သောကြောင့် Inverter-PCB စသည့် Circuit ပျက်စီးဖို့ အလွန်တရာနည်းပါးပါလိမ့်မည်၊ ကိုယ်တိုင်သန့်ရှင်းရေးလုပ်ရာတွင် AC Cord ကိုအရင်ဖြုတ်ပါ၊ Microwave ပြင်ပကိုယ်ထည်အား အ၀တ်ခြောက်ဖြင့် ပွတ်တိုက်သန့်ရှင်းပါ၊ အတွင်းပိုင်းအား အ၀တ်သန့်တွင်ရေပါးပါးစွတ်ပြီး ပွတ်တိုက်သန့်ရှင်းပါ၊ (Oven အတွင်း ဟင်းအနံ့များစွဲကပ်နေပါက ခွက်အတွင်း ရေတ၀က်ခန့်နှင့် သံပုရာရည် တစ်လုံးခန့် ညှစ်ထည့်ပြီး Microwave Power 3 မိနစ်ခန့် 3ကြိမ်မျှ ပြုလုပ်ပေးခြင်းဖြင့် အနံ့ဆိုးများကင်းစင်ပြီး Lemon အနံ့သင်းစေပြီး အစားအစာများကို Refresh ဖြစ်စေပါသည်၊ (3 ကြိမ်ဆက်တိုက်ပြုလုပ်ပါက ခွက်မကွဲစေရန် ခွက်အားပြန်ပြီး အအေးခံပြီးမှ သုံးပါ)