Refrigerator

Refrigerator

1. Refrigerator က ရေခဲနေတယ် ဘယ်လိုလုပ်ရမလဲ
Fridge ခန်းက ရေခဲတာမျိုးဆိုရင်တော့ Thermostat Control မကောင်းလို့ပါ (Thermostat Control မကောင်းတဲ့အခါ Room Temperature Control အလုပ်မလုပ်တော့ဘဲ Compressor ကိုအနားမပေးတော့တာကြောင့် အခန်းတွင်းအအေးဓာတ်များလာပြီးရေခဲတာမျိုးဖြစ်ပါတယ်)

2. Refrigerator က Power မလာတော့ဘူး
များသောအားဖြင့် Refrigerator ကို Safegurad နဲ့တွဲသုံးပါတယ်၊ တစ်ခါတစ်ရံ Safeguard ပျက်ပြီး Output Voltage မထုတ်ပါဘူး၊ ဒီအခါမှာ တိုက်ရိုက် Socket ကို Plug ထိုးသုံးကြည့်ပေးပါ၊ Socket လဲကောင်းနေပြီး Power မလာဘူးဆိုရင်တော့ စက်အတွင်းပိုင်းထဲက Control Card ပျက်တာမျိုးဖြစ်နိုင်ပါတယ်

3. Refrigerator က အခဲခန်းပဲအေးပြီး ကျန်တဲ့ အခန်း မအေးတော့ဘူး ဘာဖြစ်တာလဲ
Refrigerator က Freezer ကအေးပြီး Fridge ကမအေးတော့ရင် Freezer ခန်းက Heater ပိုင်းအလုပ်မလုပ်တော့လို့ပါ သို့မဟုတ် Fan Motor မကောင်းလို့ပါ Fan Motor မကောင်းရင် အသစ်လဲဖို့လိုအပ်ပါတယ် Heater ပိုင်းက မကောင်းရင်တော့ Heater Fuse, Default Sensor, Control Card တခုခုပျက်နေလို့ပဲ ဖြစ်ပါတယ်

4. ရေခဲထုများနေတာကို ရေခဲအရည်ဖျော်ချင်တာ ဘယ်လိုလုပ်ရမလဲ
တံခါးဖွင့်လိုက်ရင် Body ဘက်ခြမ်းမှာ Thermostat Button ရှိပါတယ်၊ ၄င်း၏အလယ်တည့်တည့်မှာ Default ခလုတ်လေးပါပါတယ်၊ အဲဒါကိုနှိပ်ပေးလိုက်ရင် ရပါတယ်၊ တစ်နေ့ကို 2 ကြိမ်နှိပ်ပေးရင်လည်း ရေခဲထုသိပ်မတက်ပါ၊ 8 နာရီမှ 13 နာရီခြားပြီးနှိပ်ပေးရင်ရပါသည်One Door Refridgerator တွေမှာ များသောအားဖြင့် ရေခဲထုတတ်တာမျိုးဖြစ်တတ်ပါတယ်၊ ဒီအခါမှာ ဓားကဲ့သို့ အချွန်များသုံးပြီး ကော်ထုတ်တတ်ကြပါတယ်၊ အခန့်မသင့်ရင် လက်ချော်ပြီး အောက်ခြေရှိ အအေးလိုင်းများကိုပါ ထိုးမိတတ်ပါတယ်၊ ထိုအခါ Gas ယိုစိမ့်မှုများဖြစ်လာနိုင်ပြီး ပြုပြင်စရိတ်က ကြီးကြီးမားမားဖြစ်သွားနိုင်ပါတယ်၊

5. Refrigerator ရဲ့ Cabinet အတွင်းအပြင်နဲ့ Door Surface မှာ ရေငွေ့ရိုက်တာ ဘာဖြစ်တာလဲ သိချင်ပါတယ်
fridge ရဲ့အတွင်းပိုင်း ရေသီးခြင်းက တံခါးမလုံတဲ့အခါမှာ ဖြစ်တတ်ပါတယ်၊ Fridge Door Surface မှာ ရေငွေ့ရိုက်ခြင်းက ပြင်ပမှာ စိုထိုင်းဆနှင့် ရေခိုးရေငွေ့များခြင်းကြောင့်ပါ၊ ဒီလိုရေသီးတာမျိုးဖြစ်ရင် အ၀တ်နဲ့ သုတ်ပေးရင် ရပါတယ်၊

6. Refrigerator ကပုံမှန်ထက်အသံဆူတယ် ဘာဖြစ်တာလဲ
ခဏဘဲထမြည်းတာဆိုရင်စက်စအလုပ်လုပ်တဲ့အချိန် Compressor လည်တာစရုန်းတဲ့အသံဖြစ်ပါတယ်၊ အကြာကြီးမြည်းနေရင် စက် model အလိုက် စက်အတွင်းထဲကို ပစ္စည်းတခုခု ညုပ်နေရင်လဲအသံမြည်းတက်တယ်၊ ကျန် model တွေမှာဆိုရင်အသံမြည်းပြီးမအေးတော့ရင် ဆက်မသုံးသင့်ပါဘူး Compressor သို့မဟုတ် Fan ပျက်နိုင်တယ်၊။ အတွင်းဘက်ကမြည်းနေရင်ရေခဲ့မပျော်တဲ့အချိန်ဆိုရင် Fan နဲ့ရေခဲ့ကပိတ်မိတာ သို့မဟုတ်ညိနေရင် အသံမြည်းတက်တယ်၊Fan မကောင်းတဲ့အခါမှာလဲ Fan ကအသံမြည်းတက်တယ် စက်ကမအေးတော့ရင် ရေခဲ့ဖျော်ချပေးတဲ့အစိတ်ပိုင်းကပျက်နေနိုင်တယ် တက်ကျွမ်းတဲ့သူနဲ့စစ်ဆေးသင့်တယ်။ အပြင်ဘက်ကမြည်းနေရင် Compressor မကောင်းတာဖြစ်နိုင်တယ် စစ်ဆေးဖို့လိုအပ်ပါတယ်။

7. Refrigerator ကတံခါးပိတ်လို့မရဘူး မကပ်ဘူးဖြစ်နေတယ်
တံခါးပိတ်လို့မရတာက တခါတလေပစ္စည်းအများကြီးထည့်ထားပြီးတံခါးနားကပ်နေရင်ပိတ်လို့မရတာဖြစ်နိုင်တယ်။ စက်ကသုံးထားတာကြာသွားရင်တံခါး လိုင်နာတွေကပြုတ်ထွက်တာ မကောင်းတော့တာဖြစ်နိုင်တယ်အဲ့လိုဆိုရင်တံခါးမကပ်တော့ဘူး လိုင်နာအသစ်လဲလို့ရပါတယ်။ သို့မဟုတ် တံခါးက ​ကောင်းတော့တာ အန်လွဲနေရင်လဲ ပိတ်လို့မရတာဖြစ်နိုင်တယ် ။

8. Refrigerator ကရေသီးနေတယ် ဘာဖြစ်တာလဲ
စက်အတွင်းဘက်ပိုင်းမှာရေသီးက တံခါးမလုံရင်ဖြစ်တက်တယ် တံခါးမလုံခြင်းအကြောင်းက တံခါးအန်လွဲတာ သို့မဟုတ် လိုင်နာမကောင်းရင် ဖြစ်နိုင်တယ် ပြူပြင်မှရပါမယ်။ အပြင်ဘက်ကရေသီးနေရင် အပြင်ပတ်ဝန်းကျင်ကဆိုထိုင်းစများရင် ရေခိုးရေငွေ့များနေရင်ဘေ Body မှာရေသီးတက်တယ်မိုးရာသီမှာအဖြစ်များပါတယ် စက်အန္တရယ်မရှိပါဘူး။

9. Refrigerator ကရေကျနေတယ် ဘယ်လိုလုပ်ရမလဲ
အနောက်က ရေခံခွက်ကနေရေကျတာက စက်အတွင်းပိုင်းက ရေခဲပျော်ကျပြီးရေခံခွက်မှရေပြည်သွားတဲ့အချိန်မှာ ရေကျတက်တယ် အဲ့လိုဖြစ်တာက မီးကလာလိုက်ပျက်လိုက်ဆက်တိုက်ဖြစ်နေတဲ့အချိန်ဆို အဖြစ်များပါတယ်။

10. Refrigerator ဘေ Body ကအရမ်းပူနေတယ်
စက်စဖွင့်တဲ့အချိန် Compressor စအလုပ်လုပ်တဲ့အချိန်ဆိုဘေBody ပူလာတက်ပါတယ် ဒါက ပုံမှန်ပါဘဲ အန္တရယ်မရှိပါဘူး၊ နောက်ပိုင်းModel တွေ့မှာအပြင်ပတ်ဝန်းကျင် ဆိုထိုင်းစကို ကာကွယ်ဖို့အတွက်design ထုတ်ထားတာပါ စက်အတွင်းက လိုအပ်တဲ့ Temperature အပူချိန်မရောက်မခြင်းပူနေတက်ပါတယ်။

11. Refrigerator ကဓာတ်လိုက်နေတယ်
Inverter model မှာဆိုရင် အပ်ကြိုး( )မချဘဲသုံးရင်ဓာတ်လိုက်တက်ပါတယ်၊တခါတလေ ဝါယာကြိုးပေါက်နေတာဆိုရင်လဲဓာတ်လိုက်တက်ပါတယ် စစ်ဆေးဖို့လိုအပ်ပါတယ်။ ရိုးရိုး မှာဆိုရင် ဝါယာကြိုးပေါက်တာ ( or ) Compressor (or) Control Card မကောင်းရင်လဲ ဓာတ်လိုက်တက်ပါတယ် သေချာစစ်ဆေးပြီးမှ ဆက်သုံးသင့်ပါတယ်။

12. Refrigerator ကလုံး၀မအေးတော့ဘူး
ပါဝါလာတယ် မီးလင်းတယ် Compressor လည်နေသေးရင် Gas ကုန်တာဖြစ်နိုင်တယ်၊Compressor မလည်တော့ရင် Compressor မကောင်းတာ သို့မဟုတ်Control Card မကောင်းရင် မအေးတာဖြစ်နိုင်ပါတယ် Service Center နဲ့စစ်ဆေးဖို့လိုအပ်ပါတယ်။

13. Refrigerator ကလှဲသယ်လို့ရလား
Refrigerator ကိုဘယ်လိုမှလှဲသယ်လို့မရဘာဘူး ၊လှဲသယ်ခဲ့မယ်ဆိုရင် ၄၅ဒီဂရီဘဲ စောင်းလို့ရပါမယ် အဲ့လိုသယ်ပြီးရင် အနည်းဆုံး ၅နာရီ လောက်အထောင်အနေအထားတိုင်းထားပြီးမှ စက်ကိုဖွင့်သင့်ပါတယ်၊ လှဲသယ်မိရင် ထဲကဆီတွေ့ပိုက်လိုင်းကနေအပူကွိုင် ၊အအေးကွိုင် အထိအ​ရောက်ပြီး စကာမှာပိတ်ဆို့ စက်အတွင်းအစိတ်ပိုင်းကိုပျက်စီးစေနိုင်ပါတယ်၊ တခါတလေ လှဲသယ်မိရင် Compressor အထိုင်ပျက်စီးနိုင်ပါတယ်။

14. Refrigerator ကိုအချွန်နဲ့ထိုးမိသွားတယ် ပြန်ပြင်လို့ရသေးလား
ပြန်ပြင်လို့ရပါတယ် အအေးကွိုင်လဲရပါမယ်၊ တခါတလေ Compressor ပါပျက်နိုင်ပါတယ် အချွန်နဲ့ထိုးမိခြင်း စက်ကိုမရပ်မိဘဲဆက်မောင်းမိရင် ပိုက်လိုင်းထဲကရေတွေ့ Compressor ထဲဝင်သွားနိုင်ပါတယ် အဲ့လိုရေဝင်သွားရင် Compressor ကရေရှည်ဆက်သုံးလို့မရတော့ဘာဘူး၊

15. Refrigerator ကအနံထွက်နေတယ် ဘယ်လိုလုပ်ရမလဲ
Refrigerator အနံထွက်နေရင် သန့်ရှင်းရေးလုပ်ပေးလိုရပါတယ် ပါလပ်ဖြုတ်ပြီး အတွင်းကို ဆပ်ပြာရည် နဲ့ဆေးကျော့ပြီးရင် အဝတ်နဲ့ခြောက်အောင်ပြန်သုတ်ပေးပြီးမှ စက်ကို ပြန်ဖွင့်ရပါမယ် ၊အနံစုတ်တဲ့ ပစ္စည်းကိုလဲ ထည့်ထားလို့ရပါတယ် ဥပမာ သံပုရာသီး၊ကျောက်မီးသွေးခဲ့၊ရှာလကာရည်၊Coffee မှုန့် စသည်တို့ကို ထည့်ထားနိုင်ပါတယ်၊

16. Refrigerator ကိုနေ့ဘက်ဘဲဖွင့်ပြီး ညဘက်ကိုပိတ်ထားလို့ရလား ကြာရင်ဘာဖြစ်နိုင်လဲ
အသုံးပြုလို့ရပါတယ် အန္တရယ်မဖြစ်နိုင်ပါဘူး