Small Kitchen Appliances

Small Kitchen Appliances

1. Blender အသစ်၀ယ်ထားတာ သုံးလိုက်ရင် ညှော်နံ့ထွက်နေလို့ Service ကိုလာပြရမှာလား
Blender အသစ်၀ယ်ပြီးပြီးခြင်း အသုံးပြုရာညှော်နံ့ထွက်ပါက Service ကိုလာပြပါ၊ သို့မဟုတ် Blender အတွင်းရေအနည်ငယ်ထည့်၍ User Guidline အတိုင်း စနစ်တကျတပ်ဆင်၍ 1 မိနစ်ခန့်ပြန်လည်သုံးကြည့်ပေးပါ၊
မီးပလပ်အားသေချာစွာ တပ်ဆင်ပါ၊ မီးအားအတက်အကျ Voltage Flactuate အားဂရုစိုက်ပါ Piano Switch Control ဖြစ်၍ Blender Cup ထဲမှ အသီးနှံများ Position ကျစေရန် Pulse အားဦးစွာ နှိပ်ပြီးမှ 1 အားဆက်နှိပ်ပေးပါ

2. Blender ကခလုတ်နှိပ်လို့မရလို့ လာပြလို့ရလား
Blender မှာ Juice Cup ကို Lock ကျအောင်နေရာတကျထားပြီးမှ အဖုံးဖုံးပြီး စက်ကိုစသုံးပါ၊ ခလုတ်နှိပ်၊သုံးကြည့်လို့မရဘူးဆိုရင် Reset Button ကိုနှိပ်ပေးပါ၊ Stop ကိုနှိပ်ပါ၊ Reset နှိပ်လို့မှ သုံးလို့မရရင် Service Center ကိုသွားပြသင့်ပါတယ်၊  Reset Button ကစက်ရဲ့အောက်ခြေဘက်မှာ ပါ,ပါတယ်၊

3. Blender ကအလုပ်မလုပ်တော့ဘူး ဘာဖြစ်တာလဲ
1) အရင်ဆုံး Plug ခေါင်းပြောင်းသုံးကြည့်ပါ၊ 2) Juice Cup ကို lock ကျမကျစစ်ကြည့်ပါ၊ 3) ပစ္စည်းထည့်တာများရင်လဲ Overload ဖြစ်ပြီး Blender ရပ်တတ်သည်၊ Pulse 2 ခလုတ်ကို ရပ်လိုက် နှိပ်လိုက် လုပ်ပေးပါ၊ ပြီးရင် ခလုတ်နှိပ်ပြီး စိတ်ကြိုက်သုံးနိုင်ပါတယ်

4. Juicer ရဲ့ Motor အသံက ပုံမှန်ထက်အသံဆူလာတယ်၊ စက်ကိုဆက်သုံးလို့ရနိုင်လား
1) Spinner ကနေပဲမြည်တာလား၊ 2) Juice Body Cover ကနေပဲမြည်တာလား၊ 3) Motor ကနေပဲမြည်တာလား၊ 4) Commercial သို့မဟုတ် မရပ်မနားအသုံးပြုခြင်းကြောင့် Bushes Motor(Carbon Type) ဖြစ်ခြင်းကြောင့် Overload Protector မှဖြတ်ချပြီး Carbon များပဲ့ထွက်ရာမှ ဆူညံသ့များ ထွက်ပေါ်လာစေပါသည်၊ 

5. Juicer ကအသီးထည့်ကြိတ်တာ အရင်ကလောက်အရည်မထွက်လာဘူး
Juicer အတွင်းသို့ အကြောင်းအမျိုးမျိုးကြောင့် ရေ သစ်သီးအရည်များ ၀င်ရောက်ရာမှ Motor Ball Baring အား အချိန်တိုအတွင်း ဆွေးမြေ့ပြီး ဆူညံသံများပေါ်ထွက်လာပါသည်၊ ထိုအခါမျိုးတွင် ဆက်လက်မသုံးစွဲသင့်ပဲ Motor ကိုကျွမ်းကျင်သူများနှင့် စစ်ဆေးသင့်ပါသည်၊ Juicer တွေမှာ အရည်ထွက်နည်းလာခြင်းသည် ကာလကြာရှည်စွာ သုံးစွဲလာခြင်းကြောင့် အရည်အဖတ်ခွဲထုတ်ခြင်းကို လုပ်ဆောင်ပေးသော Stainless Spinner ဇကာတွင် ပိတ်ဆို့ခြင်းဖြစ်ပေါ်နိုင်ပြီး ပြန်လည်ဆေးကြောခြင်း သို့မဟုတ် အသစ်လဲလှယ်တပ်ဆင်ခြင်းပြုလုပ်နိုင်ပါသည်(Stainless Spinner အား Chemical ဖြင့်မဆေးကြောသင့်ပါ၊ ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်စေနိုင်ပါသည်၊ Juicer ညစ်ပေနေပါက အ၀တ်သန့်ဖြင့်သာ သန့်ရှင်းသင့်ပါသည်၊ ရေဖြင့်လောင်းဆေးတာမျိုးမပြုလုပ်သင့်ပါ)