Washing Machine

Washing Machine

1. Washing Machine က U-14 error ဖြစ်နေတယ် ပြင်လို့ရလား
ရေအ၀င်နည်းတဲ့အခါမျိုးမှာ ဖြစ်တတ်ပါသည်၊ ရေအ၀င်နည်းခြင်းသည် ရေအ၀င်ဘားမှာ အနည်အနှစ်များပိတ်ဆို့သောအခါမှာဖြစ်တတ်ပါသည်၊ ရေတိုင်ကီနိမ့်လျှင်လည်း ရေအားနည်းတတ်ပါသည်၊ ရေအ၀င်အထွက်ကို အလိုအလျောက်ပိတ်ပေးတဲ့ဘား ပျက်ရင်လည်းU-14 ပြတတ်ပါတယ်၊

2. Washing Machine က No power ဖြစ်နေတယ် ပြင်လို့ရလား
Socket (ပလပ်ခုံ)၊ Power Cord (AC ကြိုး)၊ Safeguard တို့ကောင်းမွန်စွာ အလုပ် လုပ်မလုပ်စစ်ကြည့်ပေးပါ၊ အကယ်၍ ကောင်းနေပါက စက်ရဲ့Main controller Board ပျက်စီးခြင်း သို့မဟုတ် စက်တွင်းရှိ wire connectionများပြတ်တောက်ခြင်းစသည့်တို့ အဖြစ်များပါသည်။

3. Washing Machine ကဘေးကိုခါနေတယ် ဘာဖြစ်တာလဲ 
(Front Lad)
Drum အားထောက်ပံ့ပေးထားသော Ball Baring/Suspension/Dumper Spring မကောင်းရင် ခါရမ်းနိုင်ပါတယ်။Drum ကိုတွဲဆက်ထားတဲ့ suspension များလျော့နေရင်၊ လျှော်ကန်ထဲမှာ အ၀တ်များ မညီညာဘဲ တဖက်ကပ်နေရင်၊ အ၀တ်ပမာဏများလွန်းနေရင်၊ ကာလရှည်သုံးစွဲမှုကြောင့် magnetism မကောင်းတော့တာမျိုး၊ စက်ရဲ့ အောက်ခြေကမညီညာတာမျိုးဆိုရင် စက်ကခါရမ်းတတ်ပါတယ်။U-13 error ပြတက်တယ်(Top Load) များမှာ Ball Baring မကောင်းရင်၊ Drum မကောင်းရင်၊ Suspension/Dumper Spring မကောင်းရင် ခါရမ်းနိုင်ပါတယ်။Drum ကိုချိတ်ဆွဲထားသော susupension များပျက်စီးခြင်း/ Drum အတွင်းရှိ အ၀◌တ်များ အဆမတန်များပြားချင်း တဖက်ကပ်ခြင်း/ စက်ထားရှိရာ အောက်ခြေညီညာမူမရှိ ခြင်းများကြောင့် ခါရမ်းခြင်း ဖြစ်စေတတ်ပါသည်။ 

4. Washing Machine က ရေမညှစ်တော့ဘူး ပြင်လို့ရလား(no spin) 
ရေမညှစ်တော့တဲ့အကြောင်းအရင်းများမှာ- ရေထွက်ပိုက်ထိပ်၀ (Drain Pipe) ပိတ်ဆို့နေတဲ့အခါ၊ ရေမသန့်ရှင်းမှုကြောင့် စက်အတွင်းပိုင်းမှာ ရေအနည်အနှစ်များ ပိတ်ဆို့နေခဲ့ရင်၊ Drain Motor ပျက်စီးရင်၊ စက်အတွင်းပိုင်းရှိ ရေ Level တိုင်းတဲ့ pressure sensor ပျက်စီးတဲ့အခါ၊ sensor wire/connection wire များပြတ်တောက်နေတဲ့အခါ၊ Spin လှည့်တဲ့အခါ Drum ခါရမ်းပြီး Safety Switch မှဖြတ်ချခြင်း၊ Magnetism မကောင်းတဲ့အခါမှာ ရေမညှစ်တာမျိုး ဖြစ်တတ်ပါတယ် U-12 Error ပြတက်တယ်

5. Washing Machine က U-11 error ဖြစ်နေတယ် ပြင်လို့ရလား
ရေထွက်ပိုက် (Drain Pipe ) ပိတ်ဆို့ခြင်း၊ အသုံးပြုသောရေမသန့်ရှင်းမှုကြောင့် အတွင်းပိုင်းရေအနည်အနှစ်များပိတ်ဆို့ခြင်းpressure sensorမ‌ကောင်းခြင်း တို့ဖြစ်လျှင် error code ပြတတ်ပါတယ်

6. Washing Machine က U-12 error ဖြစ်နေတယ် ပြင်လို့ရလား
Door Sensor/Lock ကောင်းစွာ မပိတ်ခြင်း၊ ခလုတ်မမိခြင်း၊ pressure sensor ပျက်စီးခြင်း၊ safety switch ပျက်စီးခြင်းဝါယာကြိုးမကောင်းခြင်း၊တခါတလေ PC Board မကောင်းခြင်း စသည်တို့ကြောင့် error ပြတတ်ပါတယ်

7. Washing Machine က U-13 error ဖြစ်နေတယ် ပြင်လို့ရလား
Spin လညှ့်တဲ့အခါ Drum ခါရမ်းခြင်း၊ လုံခြုံရေးခလုတ် (Safety Switch) မှဖြတ်ချခြင်း၊ magnetism မကောင်းသောအခါ Drum ခါရမ်း၍ ရေမညှစ်ခြင်း စသည်တို့ဖြစ်နိုင်သည်။

8. Washing Machine လျှော်ပြီးချိန်မှာ အ၀တ်ရေမခြောက်ဘဲ စိုနေခြင်း
Drain Pipe ရေဆင်းလမ်းကြောင်းနှင့် Drum အတွင်းပိုင်း မှာ အနည်းငယ် ပိတ်ဆို့မှုဖြစ်ပေါ်နေပါက Spin လုပ်ပြီးသော်လည်း ရေမကုန်စင်နိုင်ပါ၊ ထို့ကြောင့် အ၀တ်များရေစိုနေပါမယ်၊ Feeding Valve ရေအ၀င်ဘားအတွင်းမှာ ရေများကပ်ကျန်နေလျှင်လည်း လျှော်ပြီးသွားချိန်မှာ ရေမခြောက်တာမျိုးဖြစ်နိုင်ပါတယ်။လည်အားနှေးတာလဲရေမပြောင်တာဖြစ်တက်တယ် V-belt ကြိုးချောင်ရင်လဲရေပြောင်အောင်မညစ်နိုင်ဘူး

9. အ၀တ်အစားတွေအနံ့အသက်မကောင်းတာ ဘာလို့လဲ
ရေထွက်ပိုက်(drain pipe)မှာ‌ေရအကုန်မထွက်ဘဲကျန်နေရင်အနံထွက်တက်ပါတယ်(Top Load) မှာ ဆိုရင် Filter ပုံမှန် သန့်ရှင်းပေးရန်လိုပြီး၊ (Front Load) မှာ Drain Filter အားပုံမှန် သန့်ရှင်းပေးရန်လိုအပ်ပါသည်။ စက်အတွင်းပိုင်းမှာလည်း ပြင်ပမှ ပိုးမွှားအကောင်များ ၀င်ရောက်အသိုက်ဖွဲ့ခြင်းကြောင့်လည်း အနံ့အသက်များ ရှိနိုင်ပါသည်။

10. Washing Machine ကတံခါး Lock ပိတ်လို့ မရဘူး
Door Switch မကောင်းရင်တံခါးပိတ်လို့မရဘူး Washing Machine မှာ တံခါးပိတ်မရရင် Display Board မှာ U-12 error ပြပါတယ်အချိူ့model တွေ့မှာ တံခါးနားကကြိုးသွားရင်တံခါးတခုလုံးလဲရတာရှိပါတယ်

11. Washing Machine ကဆပ်ပြာမယူဘူးဖြစ်နေတယ်
Washing Machine ကရေကျနည်းတဲ့အခါ၊ ရေလုံး၀မကျတဲ့အခါ ဆပ်ပြာမယူတာမျိုး ဖြစ်တတ်ပါတယ်။ feeding valve မကောင်းတဲ့အခါမျိုးမှာလည်း ဖြစ်တတ်ပါသည်။

12. Washing Machine ကလျှော်တာ လည်အားနှေးနေတယ်
Wash လုပ်တဲ့အခါ လည်အားနှေးတာက ခါးပတ်ကြိုး (V-belt) ကြိုးလျော့နေတာမျိုးဖြစ်နိုင်ပါတယ်၊ V-belt ကြိုးလျော့နေရင် Motor ကိုရှေ့တိုးနောက်ဆုတ်လုပ်လို့ရအောင် Adjustment ပါပါတယ်၊ V-belt ကြိုးလျော့သွားရင် အသစ်လဲလို့ရပါတယ်၊ တဆက်တည်း Motor Pulley ပါလဲရတာမျိုးလဲရှိပါတယ်

13. Washing Machine ကလျှော်ပြီးတဲ့အခါ အ၀တ်မှာ အညိုကွက်တွေစွန်းနေတယ်
Washer ကလျှော်ပြီးတဲ့အခါမှာ အညိုကွက်တွေစွန်းတာက သက်တမ်းကြာတဲ့စက်တွေမှာ အဖြစ်များပါတယ်၊ စက်ကို 2လ 3လ ကြာရင် Tup Hygiene လုပ်ပေးနိုင်ပါတယ်၊ သို့မဟုတ်ပါက service center ကိုယူလာပြီး Deep Cleaning လုပ်နိုင်ပါတယ်။

14. Washing Machine က Spin ရတယ်၊ Wash တော့မရဘူး
Washer ရဲ့ Spin function က ရနေပြီး၊ Wash မရတာက Feeding Valve မကောင်း၍ ရေမ၀င်ခြင်း၊ Pressure sensor / Pipe မကောင်း၍ ရေ Level မသတ်မှတ်နိုင်ခြင်းကြောင့်Wash မရတာမျိုးဖြစ်တတ်ပါတယ်

15. Washing Machine က H-01 error ပေါ်တယ်
H-01 သည် Abnormality of water level sensor error ဖြစ်ပါတယ်၊ သို့မဟုတ် စက်အတွင်းရှိ connection/controller များပြတ်တောက်နေရင်လည်းဖြစ်နိုင်ပါတယ်PC Board မကောင်းရင်လဲဖြစ်တက်တယ်။

16. Washing Machine ထဲကို ရေမ၀င်ဘူး ဘယ်လိုလုပ်ရမလဲ
စက်အတွင်းသို့ရေမ၀င်ခြင်းသည် wire connection များပြတ်တောက်ခြင်း၊ ရေ၀င်ဘား Feeding Valve ပျက်စီးခြင်း၊ ရေ၀င်ဇကာစစ်ပေါ်တွင် အနည်များ ပိတ်ဆို့နေခြင်းကြောင့်တို့ဖြစ်နိုင်ပါသည်။

17. Washing Machine က ရေရပ်ရမယ့်အချိန်မှာ ရေမရပ်ဘူးဖြစ်နေတယ်
စက်အတွင်းသို့ရေ ဆက်တိုက်ကျနေခြင်းသည် Feeding Valve မကောင်း၍သော်လည်းကောင်း၊ pressure sensor မကောင်း၍သော်လည်းကောင်း၊ Main Controller မကောင်း၍သော်လည်းကောင်း ဖြစ်နိုင်ပါသည်

18. Washing Machine ကိုကိုယ်တိုင် Cleaning လုပ်လို့ရလား ဘယ်လိုလုပ်ရမလဲ
Washing Machine ကိုကိုယ်တိုင် Cleaning လုပ်နိုင်ပါသည်၊ Washer အတွင်းရှိ Filter အားအခါအားလျော်စွာ စစ်ဆေးသန့်ရှင်းပေးခြင်း၊ Tub Hygiene fucntion ကိုရွေးချယ်ပြီး Drum ကို Cleaning လုပ်လို့ရပါတယ်။ (အချိန်အားဖြစ် ၃ နာရီဝန်ကျင်ကြာနိုင်ပါတယ်)

19. H-02 error 
Controller Board မကောင်းခြင်းကြောင့်ဖြစ်နိုင်ပါသည်။

20. H-43 error 
စက်အတွင်းကအောက်ခြေကြမ်းပြင်နားမှာ sensor ကရေစိုနေရင် error ပြတက်ပါတယ် 

21. H-51 error 
စက်အတွင်းကန်ထဲမှာတခုခုညပ်နေရင် error ပြတက်တယ် motor နဲ့ PC Board ပျက်တက်ပါတယ်

22. H-29 error
Front Load များတွင်သာပါ၀◌င်သော Controller board အားအအေးပေးသော
Fan motor မကောင်းရင်ဖြစ်တက်ပါတယ်

23. Power နိုပ်ပြီးရင် end ပြသွားတယ်
မီးအားမပြည့်ရင်ဖြစ်တက်ပါတယ်၊မီးပလပ်မကောင်းရင်လဲဖြစ်တက်တယ်

24. Washing Machine ကအသံမြည်နေတယ်
Magnetism case မကောင်းရင်လည်တဲ့အချိန်အသံမြည်တက်တယ်၊စက်အတွင်းကတခုခုညုပ်နေရင်လဲအသံမြည်တက်တယ်၊ ကြွက်ကာကိုပြောင်းပြန်တပ်မိရင်လဲ wash လုပ်တဲ့အခါ အသံထွက်တက်ပါတယ်

25. အရှေ့အဖွင့်အပိတ်နေရာကရေထွက်ကျတာ 
တခါတလေ ရာဘာစည်းမှာဂျေးအရမ်းပိတ်နေရင်လဲရေကျတာဖြစ်နိုင်တယ်ရာဘာစည်းကိုသန့်ရှင်းရေးလုပ်ကြည်ပေးပါပြန်ကောင်းသွားနိုင်ပါတယ်၊တံခါးမှာအဝတ်ညှပ်နေတဲ့အခါမျိုးမှာလဲရေကျတတ်ပါတယ်အဝတ်ညှပ်ညှပ်စစ်ပေးပါအကယ်၍ညှပ်နေရင်ဖယ်ပြီးပြန်သုံးကြည်ပေးပါအဆင်ပြေသွားနိုင်ပါတယ်၊ရာဘာစည်းကွဲနေရင်လဲရေကျတက်တယ် ကွဲနေရင်တော့အသစ်လဲမှရပါမယ် sevice center မှာ အပိုပစ္စည်းမှာလို့ရပါတယ်။