nanoe-G နည်းပညာအကြောင်း

PM2.5 လောက်သေးငယ်သော ဖုန်မှုန့်များကို ဖယ်ရှားပေးသည်

Panasonic လေအေးပေးစက်တွင် nanoe-G၊ လေသန့်စင်စနစ် ပါဝင်သည်။ nanoe-G ဂျင်နရေတာသည် တစ်စက္ကန့်လျှင် အမအိုင်းယွန်း 3 ထရီလီယမ် ထုတ်လုပ်သည်။ nanoe-G သည် ဖုန်မှုန့်များကို အမလျှပ်စစ်ဓာတ်ပေးပြီး ဖမ်းယူလိုက်သည်။
လေအေးပေးစက်သည် စုပ်ယူသည့် လေစီးကြောင်းကို အသုံးပြုကာ ဖုန်မှုန့်များကို ဆွဲယူပြီး လေစစ်စက်ထဲသို့ထည့်သည်။ လေအေးပေးစက် ဖွင့်ထားသရွေ့ အခန်းထဲရှိလေကို အဆက်မပြတ် သန့်စင်ပေးသည်။

PM2.5 လောက်သေးငယ်သော ဖုန်မှုန့်များကို ဖယ်ရှားပေးသည်
PM2.5 ဆိုသည်မှာ အဘယ်နည်း။

PM ဟုသိထားသည့် "ဒြပ်မှုန်" တွင် အလွန်သေးငယ်သော အမှုန်များနှင့် အရည်စက်ကလေးများအပါအဝင် အစိတ်အပိုင်းပေါင်းများစွာ ပါဝင်ဖွဲ့စည်းထားသည်။ အရွယ်အစားအားဖြင့် 2.5 မိုက်ခရိုမီတာထက်သေးငယ်သော (PM2.5) ဤအမှုန်လေးများသည် ကျွန်ုပ်တို့၏ အဆုတ်ထဲသို့ အလွယ်တကူ ဝင်ရောက်နိုင်သည့်အတွက် ကျန်းမာရေးပြဿနာများ ဖြစ်စေနိုင်သည်။ PM2.5 သည် ဖုန်၊ အညစ်အကြေး၊ မီးခိုးနှင့် အရည်စက်များအပါအဝင် လေထဲတွင် ရှိနေနိုင်သည်ကို တွေ့ရသည်။

PM2.5 ဆိုသည်မှာ အဘယ်နည်း။

ထိရောက်စွာ ဖုန်မှုန့်ဖယ်ရှားနိုင်စွမ်း

nanoe-G အမအိုင်းယွန်းများသည် လေထဲရှိ PM2.5 လောက်သေးငယ်သော ဖုန်မှုန့်များကို လေစစ်စက်ထဲသို့ ထည့်ပြီး ဖမ်းယူသည်။

ထိရောက်စွာ ဖုန်မှုန့်ဖယ်ရှားနိုင်စွမ်း

အလုပ်လုပ်ပုံ

အလုပ်လုပ်ပုံ

1. nanoe-G အိုင်းယွန်း ဂျင်နရေတာသည် အမအိုင်ယွန်းများကို ထုတ်သည်။

အလုပ်လုပ်ပုံ

2. အမအိုင်းယွန်းများသည် ဖုန်မှုန့်များတွင် ကပ်သွားသည်။

အလုပ်လုပ်ပုံ

3. ထိုအမှုန်များကို ပြန်လည်သယ်ဆောင်လာပြီး လေစစ်စက်ထဲ ထည့်သည်။

nanoe-G အစွမ်း

PM2.5 လောက်သေးငယ်သော ဖုန်မှုန့်များကို ဖယ်ရှားပေးသည်။

nanoe-G အစွမ်း

nanoe™ နည်းပညာအကြောင်း နောက်ထပ်လေ့လာရန်

ရှင်းလင်းချက်

*¹ [စမ်းသပ်စစ်ဆေးသည့် အဖွဲ့အစည်း] FCG Research Institute, Inc. [စမ်းသပ်သည့်နည်း] nanoe-G တပ်ဆင်ထားသော လေအေးပေးစက်ကို 23m3 အရွယ်အစားရှိ စမ်းသပ်ခန်းထဲတွင် ဖွင့်ပြီး စမ်းသပ်ပါသည်။
[စမ်းသပ်စစ်ဆေးမှု ရလဒ်] 202 မိနစ်အတွင်း 99% ဖယ်ရှားပေးသည် (မူလပမာဏနှင့် နှိုင်းယှဉ်ပါက)(25034)
ပတ်ဝန်းကျင်တွင် အမှန်တကယ် အသုံးပြု စမ်းသပ်သော စမ်းသပ်ချက် ရလဒ်မဟုတ်ပါ။
အသုံးပြုပုံ၊ ရာသီဥတုနှင့် ပတ်ဝန်းကျင်အလိုက် ပြောင်းလဲမှုများ (အပူချိန်နှင့် စိုထိုင်းဆ) အပေါ် မူတည်၍ ရလဒ်များ ကွဲပြားနိုင်သည်။