အလိုရှိသည်များ စာရင်း (Wish List) အတွင်းထည့်သွင်းရန် အများဆုံးသတ်မှတ်ထားသော ထုတ်ကုန်ပစ္စည်း အရေအတွက်သို့ ရောက်ရှိသွားပြီဖြစ်သည်
CS-VU13UKH
Panasonic SKY Series တွင် အသစ်စက်စက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ထားသည့် nanoe™ နည်းပညာကို အသုံးပြုကာ သင်၏ အိမ်တွင်းလေထု အရည်အသွေး ပိုမိုကောင်းမွန်စေရန် အနံ့အသက်များ ဖယ်ရှားခြင်း၊ ဘက်တီးရီးယားနှင့် ပိုးမွှားများ ပေါက်ဖွား ရှင်သန်မှုကို တားဆီးပေးခြင်းနှင့် ဖုန်မှုန့်များ ဖယ်ရှားပေးခြင်းတို့အတွက် ထူးခြားသည့် လေထုသန့်စင်ပေးသည့် စွမ်းဆောင်ရည် ပါရှိသည့်အတွက် ပိုမိုကောင်းမွန်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော ဘဝတွင် ရှင်သန်နေထိုင်နိုင်အောင် သင့်ကို ကူညီပေးပါသည်။
ကျွန်ုပ်တို့ အများဆုံး သုံးစွဲနေသည့် တစ်ခုတည်းသော အရာကို ဂရုစိုက်ရန် အရေးကြီးပါသည်...
Panasonic လေအေးပေးစက်များသည် အအေးပေးရုံ သို့မဟုတ် အပူပေးရုံဆိုသည့် ဖြေရှင်းမှု နည်းလမ်းများထက် ပိုပါသည်။
ပိုမိုကျန်းမာပြီး ကောင်းမွန်သည့် ဘဝနေထိုင်မှုကို ရရှိရန် လေထုအရည်အသွေးကို တိုးတက်ကောင်းမွန်လာစေမည့် Total Air Solutions (အလုံးစုံသော လေထုဆိုင်ရာ ဖြေရှင်းမှုနည်းလမ်းများ) နည်းပညာကို ကျွန်ုပ်တို့ ဖန်တီးလိုပါသည်။
ရထား၊ မော်တော်ယာဉ်၊ ဟိုတယ်နှင့် ဆေးရုံများကဲ့သို့ လုပ်ငန်းနယ်ပယ်များစွာတွင် တစတစ များပြားစွာ အသုံးပြုလာကြပါသည်။
Panasonic သည် nanoe™ နည်းပညာကို အသုံးပြုပြီး လေထုအရည်အသွေး ပိုမိုတိုးတက်အောင် လုပ်ဆောင်မည်ဟု ကတိပြုထားပါသည်။
nanoe™ နည်းပညာသည် Panasonic ၏ တစ်ဦးတည်းမူပိုင် နည်းပညာဖြစ်ပြီး nanometer အဆင့်တွင် ၎င်း၏ အထူးကျွမ်းကျင်မှုလည်း ပါဝင်ပါသည်။ ၎င်းသည် ဘက်တီးရီးယားနှင့် ပိုးမွှားများ ရှင်သန် ပေါက်ဖွားမှုကို တားဆီးပေးသည့်အပြင် အနံ့အသက်များကိုလည်း ဖယ်ရှားပေးပါသည်။ သန့်ရှင်းလတ်ဆတ်သော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးရန် ဖုန်မှုန့်များကိုလည်း ထိရောက်စွာ ဖယ်ရှားပေးပါသည်။
Panasonic ၏ nanoe™ နည်းပညာသည် ဘက်တီးရီးယားနှင့် ပိုးမွှားများ ရှင်သန် ပေါက်ဖွားမှုကို တားဆီးပေးသည့်အပြင် အနံ့အသက်များကိုလည်း ဖယ်ရှားပေးပါသည်။သန့်ရှင်းလတ်ဆတ်သော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးရန် ဖုန်မှုန့်များကို ထိရောက်စွာ ဖယ်ရှားပေးပါသည်။
nanoe™ X သည် ဓာတ်မတည့်မှုဖြစ်ပေါ်စေသည့်အရာများ၊ ဘက်တီးရီးယားများနှင့် ပိုးမွှားများ ရှင်သန်ပေါက်ဖွားမှုကို တားဆီးပေးသည့်အတွက် သင့်ရင်သွေးများအတွက် သင့်အိမ်ကို သန့်ရှင်းနေစေပါသည်။
nanoe-G သည် PM2.5 တမျှ သေးငယ်သော ဖုန်မှုန့်လေးများကို ထိရောက်စွာ ဖယ်ရှားပေးသည်။ အသက်ရှူရပိုမိုကောင်းမွန်စေရန်အတွက် သင့် နေထိုင်မှုပတ်ဝန်းကျင်ကို သန့်စင်လိုက်ပါ။
nanoe™ X သည် မကောင်းသည့် အနံ့အသက်များကို ဖယ်ရှားပေးသည့်အတွက် ပို၍ စိတ်ချမ်းသာဖွယ်ကောင်းသော နေရာတစ်ခုကို ရရှိစေပါသည်။
nanoe™ ဆိုသည်မှာ nano အရွယ်အစားရှိသည့် အသေးငယ်ဆုံး အရွယ်အစားအထိ စိတ်ဖြာထားသော လျှပ်စစ်လျှပ်ငြိမ် ရေမှုန်လေးများဖြစ်ပြီး ၎င်းတွင် OH radical များ ကြွယ်ဝစွာ ပါဝင်ပါသည်။
ဘက်တီးရီးယားများနှင့် ပိုမိုးများကို တားဆီးပြီး အနံ့အသက်များ ဖယ်ရှားရာတွင် ထူးခြားသည့် စွမ်းရည်များ ရှိသည်
PM2.5 ကို တွယ်ကပ်ပြီး ဖယ်ရှားပေးသည်
nanoe™ X စက်ပစ္စည်းသည် အပ်ပုံစံ အီလက်ထရုတ် ၄ ခုသို့ ထုတ်လွှင့်ပေးမှုကို အထူးအာရုံစိုက် လုပ်ဆောင်ထားသော “ဘက်ပေါင်းစုံ ဖြာထွက်မှု” စနစ်တစ်ခုဖြစ်ပြီး OH radical များကို ၁၀ ဆ ပို၍ ထုတ်လုပ်ပေးပါသည်။
nanoe™ X သည် ဘက်တီးရီးယားများဆီသို့ ရောက်ရှိနိုင်ပါသည်။
OH radicals သည် ဘက်တီးရီးယားများထံမှ ဟိုက်ဒရိုဂျင်ကို ယူဆောင်သွားသည်။
OH radicals သည် ဘက်တီးရီးယားများထဲရှိ ဟိုက်ဒရိုဂျင်ထဲကို ရေအဖြစ်သို့ ပြောင်းလိုက်ပြီး ဘက်တီးရီးယားဖြစ်အောင် လုပ်ဆောင်မှုကို တားဆီးလိုက်သည်။
အစားအစာနှင့် အိမ်မွေးတရိစ္ဆာန်ကဲ့သို့ မျိုးစုံသော ရင်းမြစ်များဆီမှ ဆိုးရွားသော အနံ့အသက်များသည် ကျွန်ုပ်တို့၏ အာရုံများကို လွန်စွာ စိတ်အနှောင့်အယှက်ဖြစ်စေပါသည်။
nanoe™ X သည် အဝတ်အထည်များ၏ အတွင်းပိုင်းထဲအထိ ထိုးဖောက် ဝင်ရောက်သွားသည်။
nanoe™X သည် ဘက်တီးရီးယားများ ပေါက်ဖွားစေသည့် အနံ့အသက်များဆီသို့ ရောက်ရှိသွားသည်။
OH radicals သည် ဘက်တီးရီးယားများထံမှ ဟိုက်ဒရိုဂျင်ကို ယူဆောင်သွားသည်။
OH radicals သည် ဘက်တီးရီးယားများထဲရှိ ဟိုက်ဒရိုဂျင်ထဲကို ရေအဖြစ်သို့ ပြောင်းလိုက်သည်။
အိမ်၏ ဖုန်မှုန့်ထဲရှိ ကမျဉ်းနီကောင်လေးများသည်
ကျွန်ုပ်တို့၏ အိမ်တွင် တွေ့ရသော ဓာတ်မတည့်မှု
အဖြစ်အများဆုံး အရာများ ဖြစ်ပြီး ၎င်းသည်
ဓာတ်မတည့်မှုနှင့် ပန်းနာရောဂါကို
ဖြစ်စေပါသည်။
nanoe™ X သည် ပိုးမွှားများထံ မှန်ကန်တိကျစွာ ရောက်ရှိသွားသည်။
OH radicals သည် ပိုးမွှား၏ ပရိုတင်းဓာတ်များကို ပြောင်းလဲလိုက်သည်။
ပိုးမွှား၏ လှုပ်ရှားမှုကို တားဆီးပေးသည်
nanoe-G ၏ အသေးငယ်ဆုံးသော အရွယ်အစားထိ ခွဲခြမ်းစိတ်ဖြာထားသော အီလက်ထရုတ်သည် နက်ဂတစ်အိုင်းယွန်းပေါင်း ၃ trillion ကို ထုတ်ပေးပြီး ၎င်းတို့သည် လေထုထဲတွင် ပေါက်ဖွားသော အမှုန်အမွှားများကို ဖမ်းဆီးရန် သဘာဝ အိုင်းယွန်းဓာတ်ပါရှိသော လေဖြင့် ပြန့်နှံ့သွားသည်။
nanoe-G အိုင်းယွန်းဂျင်နရေတာက နက်ဂတစ်အိုင်းယွန်းများကို ထုတ်လွှတ်ပေးသည်။
နက်ဂတစ်အိုင်းယွန်းများသည် ဖုန်မှုန့်များနှင့် ကပ်တွယ်လိုက်သည်။
အဆိုပါ အမှုန်လေးများကို လေစစ်ကိရိယာဆီသို့ ပြန်လည် သယ်ဆောင်သွားသည်။
ဖေလ်တာထဲတွင် ရှိနေသော ဘက်တီးရီယားများနှင့် ပိုးမွှားပိုးများကို ၉၉% ဖယ်ရှားပေးသည်
(၁) လေထုထဲတွင် ပေါက်ဖွားသည့် အမှုန်လေးများကို ဖယ်ရှားပေးသည် (၉၉% အထိ)
(၂) ဖေလ်တာထဲတွင် ပိုးသတ်ပေးခြင်း (၉၉% အထိ)
SKY Series တွင် ဖုန်မှုန့်အာရုံခံကိရိယာ အပိုတစ်ခုလည်း ပါဝင်သည်။ ယင်းသည် လေအရည်အသွေးကို အမြဲမပြတ်စစ်ဆေးပေးကာ ဖုန်မှုန့်ပါဝင်မှု များပြားလာကြောင်းတွေ့ရပါက လေသန့် စနစ် nanoe™ နည်းပညာကို အလိုအလျောက် စတင်လုပ်ဆောင်စေသည်။
လူမရှိချိန်တွင်
သင့်အိမ်တွင် သင် မရှိသည့်အခါ အိမ်၏ လေထုကို သန့်စင်ရန်နှင့် အနံ့အသက်များ ဆက်လက် ဖယ်ရှားပေးရန် nanoe™ mode ကို ဖွင့်ပါ။
ပိုမိုကျယ်ပြန့်သော ထိပ်ပိုင်း လေစီးဆင်းမှု
လေကို ဝေးဝေးသို့ ရောက်စေပြီး ကျယ်ကျယ်ပြန့်ပြန့် စီးဆင်းစေရန် ပိုပြီး ကြီးမားပြီး အများအပြားပါဝင်သည့် ဒလက်များ။
အအေးဖြာထွက်ခြင်း
မြန်ဆန်လျင်မြန်သော အအေးပေးခြင်း
Panasonic ၏ နောက်ဆုံးပေါ် သွယ်ဝိုက်အအေးပေးသည့် နည်းပညာသည် သက်သောင့်သက်သာဖြင့် အေးမြမှုကို ခံစားရန် ပို၍ ကျန်းမာရေးနှင့် ညီညွတ်သော နည်းလမ်းကို ပေးစွမ်းပါသည်။
ပိုမိုကြီးမား များပြားသည့် ဒလက်ရွက်များပါဝင်သောကြောင့် လေနုအေးကို ပိုမိုကျယ်ပြန့်စွာ ဖြန့်ကျက်ပေးနိုင်မည် ဖြစ်ပါသည်။
အခန်းထဲတွင် မည်သည့်နေရာမှာပင် သင် ရှိနေပါစေ အေးမြသည့်ခံစားချက်ကို တစ်ညီတည်းခံစားနိုင်မည် ဖြစ်ပါသည်။
SKY Series တွင် NEW SKYWING တပ်ဆင်ပါရှိပြီး ၎င်းကို နေရာပိုကျယ်ပြီး ဝေးဝေးရောက်အောင် လေစီးဆင်းရန်နှင့် ပို၍ ညီမျှစွာ အအေးပေးနိုင်ရန် ပိုမိုကြီးမားသော ဒလက်များဖြင့် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ထားပါသည်။
စဖွင့်ချိန်တွင် SKYWINGS သည် အောက်သို့ စောင်းလိုက်ပြီး အပူဒဏ်မှ ချက်ချင်း သက်သာစေရန် အေးမြသည့်လေကို သင့်ထံ တိုက်ရိုက် ဆောင်ကြဉ်းပေးပါသည်။ စွမ်းအားမြင့်သော အင်ဗာတာ ကွန်ပရက်ဆာဖြစ်သည့် P-TECh ဖြင့် SKY SERIES သည် ကျန်းမာရေးနှင့် ညီညွတ်အောင် သတ်မှတ်ထားသော အပူချိန်သို့ ပို၍ မြန်ဆန်စွာဖြင့် ရောက်ရှိနိုင်ပါသည်
အအေးမလွန်ကဲအောင် ကာကွယ်ပေးပြီး အသားအရေ၏
အစိုဓာတ်ကို ထိန်းပေးသည်
Panasonic ၏ အင်ဗာတာသည် အပူချိန် အတက်အကျ ဖြစ်မှုကို လျော့နည်းသက်သာစေရန် အလို့ငှာ ပြောင်းလဲနေသည့် အပူချိန်အပေါ် မူတည်ပြီး ကွန်ပရက်ဆာမြန်နှုန်းကို ပြောင်းလဲပေးခြင်းဖြင့် စွမ်းအင်သုံးစွဲမှုကို လျှော့ချပေးသည့်အတွက် သင်သည် အေးမြမှုကို တစ်သမတ်တည်း ခံစားခွင့် ရရှိနိုင်ပါသည်။
PAM (Pulse Amplitude Modulation) သည် စွမ်းအားမြင့် အေးမြသည့်လေကို ပေးစွမ်းရန် စဖွင့်ချိန်တွင် ပါဝါအထွက်ကို တိုးမြှင့်ပေးပြီး ကွန်ပရက်ဆာလည်နှုန်းကို ပိုမြန်စေပါသည်။ သတ်မှတ်အပူချိန်သို့ ရောက်ရှိသည်နှင့် PWM (Pulse Width Modulated Wave) က ထိုအပူချိန်ကို ထိန်းသိမ်းရန် ကွန်ပရက်ဆာလည်နှုန်းကို ထိန်းချုပ်ပေးပြီး စွမ်းအင် မဖြုန်းတီးဘဲ ပတ်ဝန်းကျင်ကို သက်သောင့်သက်သာ ဖြစ်စေပါသည်။
Panasonic အင်ဗာတာသုံး လေအေးပေးစက်များက စွမ်းအင်ချွေတာပေးသည့်အပြင် တစ်ချိန်တည်းမှာပင် သင့်ကို သက်သောင့်သက်သာခံစားရစေသည်။ အင်ဗာတာသည် သတ်မှတ်ထားသောအပူချိန်ကို ထိန်းသိမ်းပေးရန် ကွန်ပရက်ဆာလည်နှုန်းကို ပြောင်းလဲခြင်းကြောင့် အလဟဿဖြစ်စေသည့် စွမ်းအင်သုံးစွဲမှုကို ကာကွယ်ပေးပါသည်။
လေအေးပေးသည့်စနစ်တွင် အသုံးများသည့် အအေးပေးစနစ်သည် ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ဖြစ်စေပြီး အိုဇုန်းလွှာကို ပျက်စီးစေသည့်အတွက် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်ကို အန္တရာယ် ပေးနေပါသည်။