အလိုရှိသည်များ စာရင်း (Wish List) အတွင်းထည့်သွင်းရန် အများဆုံးသတ်မှတ်ထားသော ထုတ်ကုန်ပစ္စည်း အရေအတွက်သို့ ရောက်ရှိသွားပြီဖြစ်သည်
DC-TZ95
ကမ္ဘာကြီးကို စူးစမ်းလေ့လာလိုက်ပါ
LUMIX TZ95 ဖြင့် ကမ္ဘာကြီးကို စူးစမ်းလေ့လာပြီး သင့်ခရီးစဉ် အခိုက်အတန့်တိုင်းကို ဓာတ်ပုံအဖြစ်ရော ဗီဒီယိုအဖြစ်ပါ အမှတ်တရ မှတ်တမ်းတင်လိုက်ပါ။
အိတ်ဆောင်အရွယ်အစားသာရှိပြီး ကျစ်လျစ်လှသော ကင်မရာတွင် ဆုံချက်အလျား အကျယ် 24mm မှ 720mm အထိရသော စွမ်းအားပြည့် LEICA ဇူးမ် မှန်ဘီလူး ပါဝင်လာပြီး 20,3MP ရှိသော MOS ဆင်ဆာကြောင့် ခရီးသွားချိန်လေးများ အမြဲထင်မှတ်ကျန်ရစ်စေအောင် လုပ်ဆောင်ပေးနိုင်စွမ်းသည် ဘယ်တုန်းကမှ ခုလောက် မလွယ်ကူခဲ့ဖူးပါဘူး။
ရိုက်မည့်အရာနှင့် အနီးမကပ်နိုင်သည့်အခါ LUMIX TZ95 ၏ စွမ်းဆောင်ရည်ပြည့် 30x optical zoom က သင်ရိုက်ကူးလိုသည်ကို ရရှိနိုင်အောင် လုပ်ဆောင်ပေးပါသည်။ ကမ္ဘာ နာမည်ကျော် LEICA DC မှန်ဘီလူးသည် ၎င်း၏ စွမ်းဆောင်ရည်ပြည့် ဇူးမ်လုပ်နိုင်စွမ်းဖြင့် 720mm မှ 24mm အထိ အလွယ်တကူ ချိန်ညှိ ရိုက်ကူးပေးနိုင်စေသည်။ မြင်ကွင်းများကို အနီး အဝေး နှစ်မျိုးစလုံး ရိုက်ကူးနိုင်ရန်အတွက် ပြီးပြည့်စုံသည့် အရာတစ်ခု ဖြစ်ပါသည်။
နေဝင်သွားချိန်တွင် သင့်ကင်မရာကို အသုံးပြု၍ မရတော့ခြင်းမျိုး မဖြစ်တော့ပါ။ TZ95 ၏ အားကောင်းသော 20,3-megapixel MOS ဆင်ဆာဖြင့် ညဘက်တွင်လည်း ဓာတ်ပုံများကို ရိုက်ကူးလိုက်ပါ။ အလင်းရောင်နည်းသည့်အချိန်မှာပင် ပိုမိုအသေးစိတ်ရိုက်ကူးနိုင်မှု၊ အရောင်ပိုမိုတောက်ပမှုနှင့် ပိုမိုပြတ်သားမှု။
တစ်ခါတစ်ရံ နေရောင်ခြည်ပြင်းထန်လွန်းခြင်းက အတောက်ပဆုံးကင်မရာများကိုပင် မြင်ရခက်စေပါသည်။ LUMIX TZ95 တွင် 2.330K-dot Live View Finder ပါဝင်ပြီး ချဲ့ပေးနိုင်စွမ်း 0.53x (35mm နှင့် ညီသည်) ရှိကာ ကင်မရာကို သင့်မျက်လုံးနားသို့ ပင့်တင်လိုက်လျှင် အလိုအလျောက် ပွင့်သောကြောင့် သင့်အနေဖြင့် အသေးစိတ်ကိုမြင်ရပြီး သင်ရှာဖွေနေသည်ကို ရိုက်ကူးနိုင်သည်။
အများနှင့်မတူသော 4K PHOTO အင်္ဂါရပ်သည် 30 fps ဖြင့် ရိုက်ထားသော ဗီဒီယိုထဲရှိ ဖရိန်ကို ကင်မရာထဲတွင်ပင် ရွေးချယ်ပေးပြီး ၎င်းကို ရုပ်ထွက်ကောင်းသည့် 8-megapixel ပုံအဖြစ် သိမ်းပေးထားနိုင်သောကြောင့် ပြီးပြည့်စုံသော အခိုက်အတန့်တစ်ခုကို ရိုက်ကူးမိနိုင်စေသည်။ ဒီလို တခဏတာ အခိုက်အတန့်များကို လက်လွတ်မခံပါနှင့်။
180 ဒီဂရီ လှည့်နိုင်သော တက်ခ်ျစခရင်ဖြင့် ပြီးပြည့်စုံသော ဆယ်လ်ဖီပုံများ ရိုက်ယူနိုင်ပါသည်။ မြင်ကွင်းကျယ် ဆယ်လ်ဖီ စနစ်ဖြင့် သင်သည် သူငယ်ချင်းများကိုပါ ဖိတ်ခေါ်ပြီး စွဲမက်လောက်စရာ ရှုခင်းကို နောက်ခံအဖြစ်ထားကာ ရိုက်ကူးနိုင်ပါသည်။
Panasonic ၏ 4K နည်းပညာသည် ဓာတ်ပုံရိုက်ပြီးနောက်မှ ပုံ၏ဖိုးကပ်စ်ကို ပြန်ပြီး ချိန်နိုင်သည့် အသိမှတ်ပြုလောက်သော စွမ်းရည်ကို ပေးစွမ်းပါသည်။ နောက်မှ ဖိုးကပ်စ်ချိန်နိုင်သည့် လုပ်ဆောင်ချက်ကို အသုံးပြုပြီး ဓာတ်ပုံရိုက်ပြီးမှ ဖိုးကပ်စ် လုပ်လိုသောနေရာကို ရွေးချယ်ပေးလိုက်ပါ။ အသစ်ထပ်မံထည့်သွင်းထားသော Focus Stacking လုပ်ဆောင်ချက်နှင့်အတူ သင့်ပုံထဲတွင် ပြီးပြည့်စုံသော ဖိုးကပ်စ် အပိုင်းအခြားကို ရစေရန်အတွက် ဖိုးကပ်စ် အကွာအဝေးမတူညီသော ပုံအမျိုးမျိုးကို ပေါင်းစပ်နိုင်ပါသေးသည်။ အကွာအဝေးကို သိပ်ခွာမထားလိုသော အခါ မက်ခရို ဓာတ်ပုံရိုက်နည်းသည် တကယ့်ကို အထောက်အကူဖြစ်စေပါသည်။
LUMIX TZ95 တွင် သင့်ခရီးသွားလာစဉ် မြင်ရမည့် အလှအပနှင့် စိတ်လှုပ်ရှားစရာများ အားလုံးကို မှတ်တမ်းတင်ရိုက်ယူနိုင်သော စုံလင်လှသော လုပ်ဆောင်ချက်များပါရှိပါသည်။ ・ အထူး မြန်ဆန်စွာ ဖိုးကပ်စ်ချိန်ပေးနိုင်စွမ်း ・ ဇူးမ် တည်နိုင်စေသည့် အထောက်အကူ ・ ကင်မရာထဲတွင် RAW ဒေတာများ ထည့်ပေးထားနိုင်စွမ်း ・ 4K ဓာတ်ပုံကို အလိုအလျောက် မှတ်သားနိုင်ခြင်း၊ 4K ဓာတ်ပုံရရှိစေရန် အစီအစဉ်တကျ ပေါင်းစပ်ဖွဲ့စည်းပေးခြင်း ・ 4K ဗီဒီယို ・ HD ရှိသော မြန်နှုန်းမြင့်ဗီဒီယို ・ 5-axis ပြုပြင်ပေးနိုင်စွမ်း၊ တိမ်းစောင်းမှု ပြုပြင်ပေးနိုင်စွမ်း ・ Focus Stacking ・ Control Ring ・ AC/USB အားသွင်းခြင်း ・ ဘလူးတုသ် 4.2, Wi-Fi® ・ 4K ဆယ်လ်ဖီ ရိုက်ယူနိုင်သည့် စုံလင်သော ဆယ်လ်ဖီလုပ်ဆောင်ချက်များ ・ Beauty Retouch
DMW-BLG10E
ဘက်ထရီ
DMW-BTC12
ဘက်ထရီ အားသွင်းကိရိယာ