အလိုရှိသည်များ စာရင်း (Wish List) အတွင်းထည့်သွင်းရန် အများဆုံးသတ်မှတ်ထားသော ထုတ်ကုန်ပစ္စည်း အရေအတွက်သို့ ရောက်ရှိသွားပြီဖြစ်သည်
DC-GH5SGA
ပိုကောင်းသော အလင်းဖမ်းယူနိုင်စွမ်း။ ပိုမိုလွတ်လပ်စွာ ဖန်တီးနိုင်စွမ်း။
C4K/4K 60p/50p ဖြင့် အကန့်အသတ်မဲ့ မှတ်တမ်းတင်နိုင်မှု။ အဆင့်မြင့် ပုံရိပ်အာရုံခံဆင်ဆာ အသစ်က ရင်သပ်ရှုမောဖွယ် အလင်းနည်း ပုံရိပ်အရည်အသွေးကို ရရှိစေသည်။ ရှုထောင့်မျိုးစုံ အချိုးအဆဖြင့် ရိုက်ကူးပေးနိုင်ခြင်းကြောင့် အမြဲတမ်း ပြီးပြည့်စုံသော ဆုံတာတစ်ခု။ LUMIX သမိုင်းကြောင်းတွင် အမြင့်မားဆုံး ဗီဒီယို စွမ်းဆောင်ရည်သည် သင့်ကို ကမ္ဘာကြီးအား အမိအရ ရိုက်ကူးနိုင်စွမ်းနှင့် — ပြောင်းလဲနိုင်စွမ်းကို ပေးစွမ်းသည်။
LUMIX GH5S သည် LUMIX သမိုင်းကြောင်းတစ်လျှောက်တွင် အာရုံခံနိုင်စွမ်း အမြင့်ဆုံးဖြစ်ပြီး ရုပ်ပုံအရည်အသွေးမှာလည်း အကောင်းဆုံး ဖြစ်သည်။ အသစ်စက်စက် ဖန်တီးထုတ်လုပ်ထားသော အာရုံခံနိုင်စွမ်း မြင့်မားသည့် ဆင်ဆာကို Dual Native ISO နည်းပညာနှင့် နောက်ဆုံးပေါ် Venus Engine ဖြင့် ပေါင်းစပ်ပြီး ဖန်တီးထားခြင်း ဖြစ်သည်။ Dual Native ISO သည် Panasonic ၏ အဆင့်မြင့် ဗီဒီယိုကင်မရာများတွင် အသုံးပြုထားသော တီထွင်ဆန်းသစ်ထားသည့် နည်းပညာတစ်ခုဖြစ်ပြီး အစက်အပြောက်ပမာဏကို လျှော့ချပေးနိုင်သည့်အပြင် အာရုံခံနိုင်စွမ်း အလွန်ကောင်းမွန်သည့် အကျိုးကျေးဇူးများကိုလည်း ရရှိနိုင်စေပါသည်။
ပုံမှန်အားဖြင့် ရိုးရိုး သုံးနေကျ ISO ကို သုံးသည့်အခါ အာရုံခံနိုင်စွမ်းကို မြှင့်လိုက်ချိန်တွင် အစက်အပြောက်ပမာဏ မြင့်တက်လာပါသည်။ သို့သော် အသစ်စက်စက် တီထွင်ဖန်တီးထားသည့် ပုံရိပ်အာရုံခံစနစ်တွင် ဆားကစ်နှစ်ခု ထည့်သွင်းထားသည့်အတွက် ပုံရိပ်ကို စီမံဆောင်ရွက်ခြင်းမပြုမီ ပင်ကိုအားဖြင့် အာရုံခံနိုင်စွမ်းမြင့်မားသည့် အခြေအနေသို့ ပြောင်းပေးလိုက်နိုင်ပါသည်။ ဆိုလိုသည်မှာ အလင်းရောင် အားနည်းသည့် အခြေအနေများတွင် အစက်အပြောက်ထမှုကို လျှော့ချလျက် လှပသော ရိုက်ချက်ကို ရရှိစေနိုင်ပါသည်
Digital Live MOS အာရုံခံဆင်ဆာအသစ်နှင့် လှပသော Venus Engine ၏ ပေါင်းဖက်မှုက ပုံမှန်ထက်သာလွန်သော အရောင်အနုစိတ်နှင့် သဘာဝအလှတရားကို ဖော်ထုတ်နိုင်သည်။
Multipixel Luminance မျိုးဆက်နှင့် Intelligent Detail Processing တို့က အလင်းအမှောင်ကောင်းကောင်းဖြင့် ပြတ်သားမှုကို ထုတ်ပေးနိုင်သည်။ အမှောင်မှ အလင်းထိ အရောင် အနု၊ အရင့် အစုံအလင်ပါဝင်သော Three-Dimensional Colour Control စနစ်နှင့် တိကျမှုမြင့်မားသော Multi Process NR တို့က High ISO Sensitivity ဆက်တင်မှာပင် သင့် ပုံရိပ်များကို ပေါ်လွင်ထင်ရှားစေသည်။
လျင်မြန်စွာရွေ့လျားသော အရာဝတ္ထုများကိုပင် DFD (Depth From Defocus) နည်းပညာ၏ ကျေးဇူးဖြင့် ရိုက်ကူးလိုက်ပါ။ ပုံနှစ်ပုံကို မတူညီသည့် ပြတ်သားမှုအဆင့်များဖြင့် တန်ဖိုးဖြတ်ခြင်းဖြင့် အရာဝတ္ထုနှင့် အကွာအဝေးကို ၎င်းက ချက်ချင်းတွက်ချက်ပေးပြီး မြန်နှုန်း အထူးမြင့်မားသည့် AF နှင့် 8 fps ကို AFC ဖြင့် ဆက်တိုက် ရိုက်ကူးပေးသည်။ AFS သုံးပြီး 12 fps နှုန်းဖြင့်လည်း ဆက်တိုက်ရိုက်ကူးပေးနိုင်သည်။
ထို့ပြင် LUMIX GH5S သည် အသစ်အနေဖြင့် 14-bit RAW ကို ရွေးချယ်စေနိုင်သည်။ 12-bit RAW အရောင်အချက်အလက်ထက် 64 ဆခန့် ပိုမိုများပြား စုံလင်လှသော အရောင်များနှင့် ချောမွေ့သော အဆင်ဆင့်ပြောင်းလဲမှု၊ အမြင့်ဆုံး 7-fps (AFC) / 11-fps (AFS) နှုန်းဖြင့် ဆက်တိုက်ရိုက်ကူးနိုင်ခြင်းက သင်၏ ဖန်တီးနိုင်စွမ်း အတိုင်းအတာကို ကြီးမားစွာ တိုးချဲ့ပေးနိုင်ပါသည်။
LUMIX ၏ ကျော်ကြားသော အလင်းနည်းသည့် အခြေအနေ AF စွမ်းဆောင်ရည်သည် -5EV မျှ နိမ့်သည့်အဆင့်တွင်ပင် ရိုက်ကူးနိုင်သည်အထိ တိုးတက်လာခဲ့ပါသည်။ ယင်းက သင့်ကို ကြယ်ရောင် လင်းလက်သော ကောင်းကင်၏ အလင်းရောင်အောက်မှာပင် တိကျစွာ ဖိုးကပ်စ်ချိန်စေနိုင်သည့်အတွက် ညဘက်သဘာဝ ရှုခင်းများနှင့် မှတ်တမ်းရုပ်သံများကို ရိုက်ကူးခြင်းအတွက် အကောင်းဆုံးဖြစ်ပါသည်။
ညမုဒ်
ကြယ်ရောင်လင်းလက်သော ကောင်းကင်များကဲ့သို့ ညရှုခင်းများကို ရိုက်ကူးရာတွင် ဤမုဒ်သည် အမှောင်နှင့် ကျင့်သားရသော မျက်လုံးများကို လှုံ့ဆော်ပေးရန် ထိန်းချုပ်ပေးသည်။ LVF နှင့် နောက်ဘက်မော်နီတာတို့ကို သီးခြားစီ တပ်ဆင်နိုင်သည်။
Live View Boost
ဖရိန်နှုန်းကို လျှော့ချပြီး ပုံရိပ်ကို မြှင့်တင်လိုက်ခြင်းဖြင့် မျက်နှာပြင်ကို ပိုလင်းအောင် လုပ်ဆောင်ပေးသည် ယင်းက မှောင်လွန်းသည့် အခြေအနေများတွင်ပင် ဖရိန်ချိန်နေစဉ် ရိုက်ကူးနိုင်သည်ဟု ဆိုလိုပါသည်။
MF Assist 20x
MF Assist မျက်နှာပြင်ကို 20x ချဲ့ပေးသည်။ ကြယ်များကဲ့သို့ အလွန်သေးငယ်သော အရာဝတ္ထုများကိုပင် မှန်ကန်တိကျစွာ ဖိုးကပ်စ်ချိန်နိုင်သည်။
မူလ LUMIX GH5 သည် DLSM ကင်မရာတွင် 4K 60p/50p ဗီဒီယိုကို ရိုက်ကူးနိုင်သည်။ ယခုအခါ သင်၏ ဖန်တီးနိုင်စွမ်းကို အဆုံးအစမရှိ တိုးချဲ့ပေးရန် LUMIX GH5S သည် အကောင်အထည်ဖော် ဆောင်ရွက်ထားပြီး ယခင်က တစ်ခါမှ မရှိခဲ့ဘူးသော Cinema 4K (C4K- 4096 x 2160) 60p/50p* ဗီဒီယို ဖမ်းယူရိုက်ကူးမှုကို ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းပေးထားပါသည်။ ထို့အပြင် FHD သို့မဟုတ် 4K ဗီဒီယိုကို ရိုက်ကူးချိန်တွင်ပင် အချိန်အကန့်အသတ် မရှိ***ပါ။
* Digital Cinema Initiatives (DCI) မှ သတ်မှတ်ထားသော အဆင့်ရှိသည့် Cinema 4K (C4K- 4096 x 2160) ပုံရိပ်ကြည်လင်ပြတ်သားမှု အရည်အသွေး
** ဇန်နဝါရီလ 8 ရက်၊ 2018 အထိ Digital Cinema Initiatives (DCI) မှ သတ်မှတ်ထားသော အဆင့်ရှိသည့် Cinema 4K (C4K- 4096 x 2160) ပုံရိပ်ကြည်လင်ပြတ်သားမှု အရည်အသွေးကို လိုက်နာထားသော Digital Single Lens Mirrorless ကင်မရာတစ်ခု ဖြစ်သည်။ Panasonic ၏ လေ့လာမှုအရ
*** များများ ဝင်ဆံ့နိုင်မည့် SD ကတ်နှင့် ကြာရှည်ခံမည့် ဘက်ထရီ သက်တမ်းအပေါ် မူတည်ပါသည်
အပြောင်းအလဲတစ်ခုအဖြစ် LUMIX GH5S က စက်တွင်း 4:2:2 10-bit C4K/4K ဗီဒီယိုရိုက်ကူးခြင်းကို ယူဆောင်လာပါပြီ။ ဥပမာအနေဖြင့် 10-bit က 8-bit တွင် ဖြစ်လွယ်သော မြင်ကွင်းအရောင် မှားယွင်းမှု မရှိစေဘဲ အဆင့်ဆင့်ပြောင်းလဲသွားသော ကောင်းကင်နှင့် နေဝင်ချိန် အနေအထားအားလုံးကို သရုပ်ဖော်ပေးမည်ဖြစ်သည်။ ကင်မရာတွင်းရှိ ရုပ်ရှင်ဖန်တီးနိုင်မှုစွမ်းဆောင်ရည်သည် တစ်ကိုယ်တော် ရုပ်ရှင်ရိုက်ကူးခြင်းပုံစံတွင် အစဉ်အလာသစ်တစ်ခုကို ဖော်ထုတ်လိုက်သည်။ 4:2:2 10-bit ကို SD ကတ်ထဲတွင် မှတ်တမ်းတင်ရိုက်ကူးထားနိုင်ပြီး တစ်ချိန်တည်းမှာပင် ပြင်ပမော်နီတာ သို့မဟုတ် ရီကော်ဒါတစ်ခုနှင့် ချိတ်ဆက်ထားသော full-size HDMI port* မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ပေးပို့နိုင်သည်။ 4:2:2 10-bit ရိုက်ကူးမှုစနစ်က ပရော်ဖက်ရှင်နယ် ရည်ရွယ်ချက်နှင့် ကိုက်ညီစေရန် သန်းတစ်ထောင်ကျော်သော အရောင်များနှင့်အတူ တိကျသော အရောင်အသွေးနှင့် အဆင့်ဆင့် တိကျစွာ ပြောင်းလဲမှုတို့ကို ဖြစ်ပေါ်စေပြီး 8-bit ထက် လေးဆသာလွန်သော အရောင်အသွေး ပမာဏကို ပေးစွမ်းပါသည်။
* C4K/4K 4:2:2 10-bit 60p/50p ဗီဒီယိုသည် Output သီးသန့်သာဖြစ်သည်။
LUMIX GH5S သည် ဝဘ်၊ TV၊ DVD/Blu-ray နှင့် ဒစ်ဂျစ်တယ် ရုပ်ရှင်ထုတ်လုပ်ရေးကဲ့သို့ မျိုးစုံသော ပရော်ဖက်ရှင်နယ် အပလီကေးရှင်းများကို ပံ့ပိုးပေးပါသည်။ 400Mbps (ALL-Intra) သို့မဟုတ် 150Mbps (LongGOP (IPB ချုံ့ခြင်း)) အထိရှိသော အနေအထားတွင် ရိုက်ကူးရန် လိုသည်ထက်ပိုသော ဗီဒီယိုဖောမတ်များနှင့် ဘစ်နှုန်းများ ပါဝင်သည်။ စနစ်၏ ကြိမ်နှုန်းကို 59.94Hz(NTSC)၊ 50.00Hz(PAL) သို့မဟုတ် 24.00Hz(CINEMA) အမျိုးအစားများမှ ရွေးချယ်နိုင်ပါသည်။ လုပ်ဆောင်ချက်ကို ဗီဒီယိုထိန်းချုပ်မှု ပန်နယ်သုံးခုဖြင့်လည်း အဆင့်မြှင့်တင်ထားပါသည်— ရှတ္တာပွင့်ချိန်/ISO၊ ထောင့်/ISO သို့မဟုတ် ရှတ္တာပွင့်ချိန်/dB တို့ဖြစ်သည်။ ယင်းက ပရော်ဖက်ရှင်နယ်ကျကျ တစ်ကမ္ဘာလုံးရှိ ဗီဒီယို ထုတ်လုပ်ရေးအတွက် အားထားရသော ကူညီပံ့ပိုးမှုဖြစ်သည်။
သာမန် သို့မဟုတ် flat logarithmic (“log”) ဂမ်မာမျဉ်းကွေးက အရောင် အဆင့်ဆင့်ဖြစ်ပေါ်ခြင်းအတွက် အလင်း၊ အမှောင် အရောင်အသွေး များပြားစွာ ပါဝင်သော ပုံများကို အမိအရ ရိုက်ကူးပေးသည်။ ထို့ပြင် LUT Display လုပ်ဆောင်ချက်က အလင်း၊ အမှောင်ပမာဏကို ကူညီပံ့ပိုးပေးပြီး လမ်းညွှန်ချက်ကို ပြသရန် ကူညီပေးသည် (ဥပမာ- HDTV အသွင်ပုံစံကို ရရှိရန်အတွက် 709 Lut ကို ရိုက်ကူးရန် V-Log ကို အသုံးပြုပါ)။
HDR (မြင့်မားသော အလင်း၊ အမှောင်ပမာဏ အသေးစိတ်ဖမ်းယူနိုင်စွမ်း) သည် ပုံတစ်ခု၏ တောက်ပသော အစိတ်အပိုင်းနှင့် မှောင်သော အစိတ်အပိုင်းနှစ်ခုလုံးကို ကူးယူပေးနိုင်သည့်အတွက် လူတို့၏ မျက်စိဖြင့် မြင်သည့်ပုံစံအတိုင်း တစ်ထပ်တည်းကျစေသည်။ ဓာတ်ပုံစတိုင်ထဲတွင် Hybrid Log Gamma (HLG) ကို သင် ရွေးချယ်နိုင်သည်။
'squeezed' လုပ်ထားသော ရုပ်ရှင်ရိုက်ကူးရာတွင်သုံးသည့် မှန်ဘီလူးများဖြင့် ရိုက်ကူးရန်အတွက်။ anamorphic desqueeze display စနစ်တွင် ပုံရိပ်များကို ရုပ်ရှင်ရုံတွင်ပြသသည့် အချိုးအဆအတိုင်း ပြသပါသည်။
အလင်းအမှောင်၊ အလင်းရောင် သို့မဟုတ် အရောင်အသွေး ကွဲပြားမှုဟန်ချက်ကို စစ်ဆေးရန်။
ရိုက်ကူး တည်းဖြတ်ပြီးနောက် ထုတ်လွှင့်ပြသရာတွင် ပြောင်းလွယ်ပြင်လွယ် ရှိမှု
ဗီဒီယိုတွင် တောက်ပမှု အဆင့်များကို ရွေးချယ်ရန်အတွက်။
LUMIX GH5S ဆင်ဆာသည် 4:3, 17:9, 16:9 နှင့် 3:2 ကဲ့သို့ အချိုးအစားများစွာကို စီမံဆောင်ရွက်ပေးသည်။ ထိရောက်သော ပစ်ဇယ်များ၏ မာဂျင်ကျယ်ပြန့်မှုကြောင့် ဆုံချက်အလျားသည် ဤအချိုးအစားများတွင် ပြောင်းလဲမှု မရှိပါ။ အငြိမ်ရိုက်ကူးရသော ဓာတ်ပုံ၊ 4K နှင့် C4K ဗီဒီယိုတို့အတွက် ၎င်းကို အသုံးပြုနိုင်ပြီး Anamorphic စနစ်တွင် ဤလုပ်ဆောင်ချက်ကိုသုံးပြီး သင်သည် ရုပ်ပုံများကို အံ့မခန်းဖော်ထုတ်ပြသရန် မှန်ဘီလူးများ၏ မြင်ကွင်းရှုထောင့်ကို အပြည့်အဝ မြှင့်တင်နိုင်ပါသည်။
ပိုမိုကြီးမားသည့် ဆင်ဆာကို အသုံးပြုနေစဉ်တွင်ပင် နှုန်းမြင့်မြင့်ဖြင့် မှတ်တမ်းတင် ရိုက်ကူး ပြသနိုင်စေသည်။ LUMIX GH5 နှင့် နှိုင်းယှဉ်ပါက ဗီဒီယို ရိုက်ကူးချိန်တွင်ဖြစ်စေ၊ အီလက်ထရောနစ် Shutter ကို အသုံးပြုချိန်တွင်ဖြစ်စေ နှုန်းမြင့်မြင့်ဖြင့် မှတ်တမ်းတင်ရိုက်ကူးမှုကို သုံးပြီး တဖြည်းဖြည်းလှုပ်ရှားသည့် Shutter ယိုယွင်းမှုကို 1.3x ခန့် လျှော့ချထားပါသည်။
ဗီဒီယိုပြသနိုင်စွမ်းကို ပို၍ မြှင့်တင်ပေးရန် LUMIX GH5S တွင် အထူးပြုလုပ်ချက်မျိုးစုံကို အသုံးပြုနိုင်ပါသည်။ VFR ကိုသုံးပြီး သင်သည် C4K/4K (60-fps အများဆုံး 2.5x ပိုနှေး*) သို့မဟုတ် FHD (240-fp အများဆုံး 10x ပိုနှေး*) အရည်အသွေးရှိသော ဖရိန်နှုန်း မြင့် / ဖရိန်နှုန်း နိမ့် ဗီဒီယိုများကို ရိုက်ကူးနိုင်ပါသည်။ လှုပ်ရှားမှု မြန်ဆန်သော အထူးပြုလုပ်ချက် ဗီဒီယိုအတွက် အနည်းဆုံး ဖရိန်နှုန်းမှာ 2-fps ဖြစ်သည်။
*24p ပြန်ဖွင့်ကြည့်မှုတွင်။ အထူးပြုလုပ်ချက် အတိုင်းအတာသည် ရိုက်ကူးသည့် ဖောမတ်နှင့် ကြိမ်နှုန်းအပေါ် မူတည်ပါသည်။ ဖရိန်အရေအတွက် 204 နှင့်အထက်ရှိသော ဖရိန်နှုန်းကို ရွေးချယ်လျှင် မြင်ကွင်းရှုထောင့် ကျဉ်းသွားပါသည်။
အကန့်အသတ်မရှိဘဲ ဆက်တိုက် ရိုက်ကူးလိုက်ပါ။ ပြီးနောက် သင် သိမ်းထားလိုသည့် ဖရိန်ကို အတိအကျရွေးချယ်ပြီး ထုတ်ယူပါ။ 60fps ဖြင့် ရိုက်ကူးပေးသည့် အထူးမြန်နှုန်းမြင့် 4K PHOTO မုဒ်သည် ရိုးရိုးကင်မရာများတွင် ရိုက်ကူးရန်မဖြစ်နိုင်သည့် အလွန်မြန်ဆန်သော လှုပ်ရှားမှုများကိုပင် 8 မက်ဂါပစ်ဇယ်ရှိသော ရုပ်ထွက်အရည်အသွေးဖြင့် အမိအရ ရိုက်ကူးလိုက်နိုင်သည်။ LUMIX GH5S ကြောင့် အခိုက်အတန့်လေးများကို လက်မလွတ်တမ်းရိုက်ကူးနိုင်သည်။
LUMIX GH5S သည် 4:2:2 10-bit ပုံများကို ရွေးချယ်နိုင်သော HDMI ကြိုး (ဆိုဒ်ပြည့် Type A) မှတစ်ဆင့် အချိန်နှင့်တပြေးညီ ပြင်ပမော်နီတာ သို့မဟုတ် ရီကော်ဒါဆီသို့ ထုတ်ပေးနိုင်သည့်အပြင် တစ်ချိန်တည်းမှာပင် စက်တွင်း 4:2:2 10-bit ရိုက်ကူးမှုကိုလည်း ပံ့ပိုးပေးပါသည်။ ၎င်းသည် (Pro Res ကဲ့သို့) ပြင်ပ ကုဒ်သွင်း/ကုဒ်ဖြေစက်များအတွက် ဓါတ်ပုံရိုက်ကူးခြင်း သို့မဟုတ် အရည်အသွေးမြင့် ရုပ်သံရိုက်ကူးခြင်းတို့ကို တိတိကျကျစောင့်ကြည့်ရန်လိုသော ပရော်ဖက်ရှင်နယ် ဗီဒီယိုဖန်တီးခြင်းအတွက် သင့်လျော်ပါသည်။
နေရာတွင် ပလတ်ပြုတ်သွားသည့် ပြဿနာများ မဖြစ်ပွားစေရန် HDMI ကြိုးအတွက် ကြိုးသော့ခတ်ကိရိယာတစ်ခုကို LUMIX GH5S နှင့် ချည်နှောင်ထားပါသည်။
* C4K/4K 60p/50p မှာ Output သီးသန့်သာဖြစ်ပါသည်။
စုချည်ထားသော BNC ကူးပြောင်းကြိုးတစ်ခုကို အသုံးပြု၍ ပြင်ပစက်တစ်ခုနှင့် အချိန်ကုဒ်ကို ဆင့်ခ်လုပ်နိုင်သည်။ ၎င်းက ကင်မရာများစွာဖြင့် ရိုက်ကူးထားသော ဇာတ်လမ်း၊ ဇာတ်ကွက်များကို မူရင်း မပျက်စေဘဲ ပိုမိုလွယ်ကူစွာ တည်းဖြတ်နိုင်စေသည်။
φ3.5mm မိုက်ပလတ်တပ်ဆင်ထားပေးသည့်အတွက် ကြိုးထည့်သွင်း အသုံးပြုနိုင်သည်။ ယင်းက ဗီဒီယိုကို ပို၍ စွမ်းဆောင်ရည်ပြည့်ဝစွာ ထုတ်လုပ်နိုင်စေရန် ပြင်ပ အသံကိရိယာမှ အသံများကို ထည့်သွင်းနိုင်စေသည်။
အများအပြား ရိုက်ကူးသိမ်းဆည်းပြီး ဖိုင်ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန် LUMIX GH5S တွင် SD ကတ် အပေါက် နှစ်ပေါက် ပါရှိသည်။
လက်ဆင့်ကမ်းမုဒ်က ပြည့်သွားသည့်ကတ်ကိုထုတ်၍ ကတ်အလွတ်ဖြင့် လဲလှယ်စေနိုင်သည့်အတွက် အဆုံးအစမဲ့ မှတ်တမ်းတင် ရိုက်ကူးထားနိုင်ပါပြီ။ အရန်သိမ်းဆည်းမှုမုဒ်က ကတ်တစ်ခုတွင် သင်စတင်ရိုက်ကူးပြီး ရိုက်ကူးမှုကို ရပ်တန့်လိုက်စဉ်တွင် အခြားကတ်တွင် ဆက်တိုက်ရိုက်ကူးခြင်းကို ဆောင်ရွက်စေနိုင်သည်။ တစ်ပြိုင်နက် မှတ်တမ်းတင်ရိုက်ကူးပေးသည့်မုဒ်က သင်၏ ရိုက်ကူးထားမှုများကို ကတ်နှစ်ကတ်စလုံးတွင် ကူးပေးသည်။
ဘစ်နှုန်းမြင့် ရိုက်ကူးခြင်းအတွက် ကတ်ပေါက်နှစ်ခုလုံးသည် မြန်နှုန်းမြင့်၊ သိုလှောင်နိုင်စွမ်း မြင့်မားသော UHS-II Video Speed Class 60 ကတ်များနှင့် တွဲဖက်အသုံးပြုနိုင်ပါသည်။
DMW-XLR1 တွင် XLR မိုက်ခရိုဖုန်း (ဘယ်နှင့်ညာ 2 လိုင်း) ကို ပူးတွဲထည့်ပေးထားသောကြောင့် ပရော်ဖက်ရှင်နယ် ဗီဒီယိုကို ရိုက်ကူးထုတ်လုပ်ရန်အတွက် အဆင့်မြင့်သော စတီရီယိုအသံကို ဖမ်းယူပေးနိုင်သည်။ ဤသေသပ်သည့် ဘူးငယ်လေးက ရိုက်ကွင်းတွင်ဖြစ်စေ၊ စတူဒီယိုထဲတွင်ဖြစ်စေ အံ့မခန်း လုပ်ဆောင်ပါသည် - ဖျော်ဖြေပွဲ၊ နောက်ခံစကားပြောအတိုင်း တုပ ပြောဆိုမှုကို ရိုက်ကူးဖမ်းယူမှုနှင့် အခြားနေရာမျိုးစုံတွင် မိုက်ဖြင့် အသံသွင်းခြင်း သို့မဟုတ် စတီရီယိုဖြင့် တိုက်ရိုက်အသံသွင်းခြင်းတို့အတွက် အသုံးပြုနိုင်သည်။ 96kHz/24bit တွင် ကြည်လင်ပြတ်သားသော အသံ ဖမ်းယူနိုင်စွမ်းကိုလည်း ရွေးချယ်နိုင်သည်။ DMW-XLR1 တွင် အလွယ်တကူ စီစဉ်သတ်မှတ်ပြီး စစ်ဆေးရန်အတွက် အလွယ်တကူ အသုံးပြုနိုင်ရန် ဖွင့်/ပိတ်ခလုတ်များ/ ခလုတ်ကွက်များ တပ်ဆင်ပါရှိသည်။ ကင်မရာရှိ အထိုင်ချိတ်ဆက် တပ်ဆင်ကိရိယာ (shoe connector) မှတစ်ဆင့် DC ပါဝါကို ထုတ်ပေးသည်။
*MOV သီးသန့်တွင်သာ ရနိုင်သည်။
LUMIX GH5S တွင် LUMIX GH5 ကဲ့သို့ပင် ကိုင်တွယ်မှု၊ အသုံးပြုမှု၌ လွယ်ကူသည့်အတွက် DMW-BGGH5 ကို ရှိရင်းစွဲအတိုင်း အသုံးပြုနိုင်ပါသည်။ ဘတ္ထရီတစ်လုံးကို ကင်မရာထဲတွင် ထည့်သုံးပြီး အခြားတစ်လုံးကို လက်ကိုင်* ထဲတွင် ထည့်သွင်း အသုံးပြုထားသည့်အတွက် DMW-BGGH5 က ဘက်ထရီသက်တမ်းကို နှစ်ဆ တိုးစေပြီး အချိန်ကြာကြာ ရိုက်ကူးနိုင်စေသည်။ အကြမ်းခံသည့်အပြင် ရေ/ဖုန်/အေးခဲမှု ဒဏ်ခံနိုင်သည်** ဒေါင်လိုက် ရိုက်ကူးနေသည့်အချိန်တွင်ပင် လွယ်ကူစွာ ဆုပ်ကိုင်ထားနိုင်သည်။
* DMW-BGGH5 ထဲတွင် ဘတ္ထရီအထုပ် မပါဝင်ပါ။
** ဤဘက်ထရီလက်ကိုင်ကို ရေငွေ့ပြန်မှု၊ ရေ သို့မဟုတ် ဖုန်မှုန့်အနည်းငယ်တို့နှင့် ထိမိပါက ကာကွယ်ပေးနိုင်သည့်အဆင့်ကို ဖော်ပြရန် ရေဆိုခံသည်ဟူသော စကားရပ်ကို အသုံးပြုထားခြင်း ဖြစ်ပါသည်။ ရေစိုခံသည်ဟု ဆိုရာတွင် ဤဘတ်ထရီလက်ကိုင်ကို ရေနှင့် တိုက်ရိုက် ထိတွေ့မိပါက မည်သည့် ပျက်စီးမှုမျှ ဖြစ်ပွားမည်မဟုတ်ဟု အာမခံခြင်းမဟုတ်ပါ။
LUMIX GH5S ကို တိုင်ကီတစ်လုံးသဖွယ် တည်ဆောက်ထားသည့်အတွက် ရိုက်ကွင်းထဲတွင် အလွန်အကျွံအသုံးပြုခြင်းကိုပင် ခံနိုင်ရည်ရှိသည်။ တစ်ခုနှင့်တစ်ခု ချိတ်ဆက်သည့်နေရာ၊ ဒိုင်ခွက်နှင့် ခလုတ်တိုင်းတွင် ရေနှင့် ဖုန်မဝင်စေရန် အလုံပိတ်ထားသည့်အတွက် ရေဝင်ခြင်း/ဖုန်ဝင်ခြင်းကို ကာကွယ်ပေးသည့်အပြင် -10 ဒီဂရီအထိ အေးခဲမှုကို ခံနိုင်ရည်ရှိသည်။ မဂ္ဂနီဆီယမ် သတ္တုစပ်ဖြင့် ဖရိမ်လောင်းထားသည့်အတွက် ကိုယ်ထည်က ပေါ့ပါးပြီး ကြာရှည်ခံကာ ကျစ်လျစ်သည့်အရွယ်အစားဖြင့် လိုက်ဖက်ညီစွာပင် အကြမ်းခံနိုင်ပါသည်။ ဤကင်မရာကို သင်သွားလေရာတိုင်း ယူဆောင်သွားနိုင်သည်။
・*Splash Proof (ရေစိုခံသည်) အစိုဓာတ်၊ ရေ သို့မဟုတ် ဖုန်မှုန့်များ မဝင်ရောက်ရန် ဤကင်မရာ၏ ထပ်ဆောင်း ကာကွယ်ပေးနိုင်စွမ်းကို ဖော်ပြရာတွင် အသုံးပြုသည့် ဝေါဟာရတစ်ခု ဖြစ်ပါသည်။ ရေစိုခံသည်ဟု ဆိုရာတွင် ဤကင်မရာကို ရေနှင့် တိုက်ရိုက် ထိတွေ့မိပါက မည်သည့် ပျက်စီးမှုမျှ ဖြစ်ပွားမည်မဟုတ်ဟု အာမခံခြင်းမဟုတ်ပါ။
ရုပ်ထွက်အရည်အသွေး အလွန်မြင့်မားသော 3,680k-dot OLED LVF (Live View Finder) ကြောင့် အထူးကောင်းမွန်စွာ ကြည့်ရှုနိုင်ပြီး နေရောင်ခြည်တိုက်ရိုက်ကျရောက်နေသည့် အခြေအနေမျိုးတွင်ပင် ပြီးပြည့်စုံသည့် ဖရိန်ဖြင့် ရိုက်ကူးပေးသည်။ မြင့်မားသော 0.76x ချဲ့အား (35mm နှင့် ညီမျှ) သည် ပုံရိပ်အသေးစိတ်ကို အလွယ်တကူ မြင်နိုင်သည့်အပြင် 120-fps နှုန်းဖြင့် ချောမွေ့ပြေပြစ်သော ပြသမှုကို ပေးစွမ်းကာ အချိန်နှောင့်နှေးမှုအနည်းဆုံးနှင့် ပိုမိုအဆင့်မြင့်သော ကြည့်ရှုနိုင်မှုဖြင့် မြန်နှုန်းမြင့် တုံ့ပြန်မှုကို လုပ်ဆောင်နိုင်သည်။ အကောင်းဆုံးတစ်ချက်မှာ OLED LVF က သင် ရည်ရွယ်ရိုက်ကူးသည့်အတိုင်း ပုံများကို ကွက်တိ ထုတ်ပေးနိုင်ခြင်း ဖြစ်သည်။
ရုပ်ထွက်အရည်အသွေး ခန့်မှန်းခြေ 1,620k-dot ကို ထုတ်ပေးနိုင်စွမ်းရှိသည့် အလွန်ကြီးမားသော 3.2-လက်မ LCD မော်နီတာကြောင့် နေသာချိန်တွင် ရိုက်ကူးရသည့် အခြေအနေများတွင်ပင် ကြည်လင်ပြတ်သားပြီး ထင်ထင်ရှားရှားမြင်သာနိုင်သည့် မြင်ကွင်းကို ရရှိစေသည်။ ၎င်းက နေရောင်ခြည်အောက်တွင် ပို၍ မြင်နိုင်စွမ်းရှိစေရန် RGBW (နီ၊ စိမ်း၊ ပြာ၊ ဖြူ) ပစ်ဇယ် ဖွဲ့စည်းတည်ဆောက်ပုံကို အသုံးပြုထားသည်။
စောင်းခြင်း/ဆုံလည်လှည့်ခြင်းများပြုလုပ်နိုင်ခြင်းကြောင့် အလွယ်တကူ လုပ်ဆောင်ပြီး ဓာတ်ပုံအား အပြည့်အဝထိန်းချုပ်မှုကို ပြုလုပ်နေစဉ် တစ်မူထူးခြားသောရှုထောင့်များကို စိတ်ကြိုက်ရှာဖွေနိုင်သည်။ မော်နီတာတွင် Touch Focus ထိန်းချုပ်စနစ် ပါရှိသည့်အတွက် စခရင်ပေါ်ရှိ အရာဝတ္ထုကို တစ်ချက် ထိလိုက်ရုံဖြင့် ဖိုးကပ်စ်ကို ချက်ချင်း ချိန်ပေးသည်။ ထို့အပြင် Touch Shutter ထိန်းချုပ်စနစ်ဖြင့် သင် ရိုက်ကူးရန် ချိန်ရွယ်ချင်သော နေရာကို သင်၏ လက်ချောင်းဖြင့် ညွှန်ပြနိုင်ပြီး ယင်းက ရှတ္တာကို အလိုအလျောက် ဖိထားရာမှ လွှတ်လိုက်မည်ဖြစ်သည်။
ဘလူးတုသ် 4.2 (စွမ်းအင် အနည်းငယ်သာ အသုံးပြုသည်) သည် ကင်မရာကို ကိုယ်တိုင်ထိစရာ မလိုဘဲ ရှတ္တာကို ဖြုတ်လိုက်နိုင်ပြီး ဗီဒီယိုရိုက်ကူးမှုကို စတင်နိုင်/ရပ်တန့်နိုင်သည်။
၎င်းက စွမ်းအင် အနည်းငယ်သာ သုံးစွဲရုံဖြင့် ကင်မရာနှင့် စမတ်ဖုန်းအကြား အချိန်ပြည့် ချိတ်ဆက်ပေးသည်။ ရိုက်ကူးပြီးနောက် ၎င်းသည် Wi-Fi သို့ အလိုအလျောက် ပြောင်းလဲပြီး၊ သင်၏ စမတ်ဖုန်းသို့ ဒေတာများကို ပြောင်းရွှေ့ပေးသည်။ Wi-Fi 5GHz (IEEE802.11ac) က အံ့မခန်း အမြန်နှုန်းဖြင့် လွှဲပြောင်းပေးသည်။ ရှတ္တာနှင့် အခြားဆက်တင်များကို ထိန်းချုပ်ရန် သင်သည် Android / iOS အတွက် Panasonic ၏ LUMIX ဓာတ်ပုံအက်ပ်ကို အသုံးပြုနိုင်သည်။
・Wi-Fi CERTIFIED™ ကုန်အမှတ်တံဆိပ်သည် Wi-Fi Alliance® ၏ အသိအမှတ်ပြုလက်မှတ်ရ အမှတ်အသားတစ်ခု ဖြစ်သည်။
・Bluetooth® ဟူသည့် စကားလုံးအမှတ်အသားနှင့် တံဆိပ်တို့သည် Bluetooth SIG, Inc. မှ ပိုင်ဆိုင်သော မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ်များဖြစ်ပြီး Panasonic Corporation က ယင်းအမှတ်အသားများကို သုံးစွဲမှု မှန်သမျှသည် လိုင်စင်အောက်တွင် လုပ်ဆောင်ခြင်း ဖြစ်သည်။ အခြား ကုန်ပစ္စည်းအမှတ် တံဆိပ်များနှင့် ကုန်ပစ္စည်းအမည်များသည် သက်ဆိုင်ရာပိုင်ရှင်များ၏ ပိုင်ဆိုင်ပစ္စည်းများ ဖြစ်ပါသည်။
LUMIX GH5S သည် "LUMIX Tether" PC ဆော့ဖ်ဝဲသုံး၍ USB မှတစ်ဆင့် ချိတ်ဆက်ရိုက်ကူးနိုင်စေသည်။ ၎င်းသည် ကြီးမားသော PC စခရင်တစ်ခုပေါ်တွင် ပုံကို ကြည့်ရှုနေစဉ် ကင်မရာကို ထိန်းချုပ်ရိုက်ကူးနိုင်သည်။ ပင်ကိုအားဖြင့် ၎င်းသည် ဗီဒီယိုနှင့် 4K ဓာတ်ပုံနှစ်ခုလုံးကို ပံ့ပိုးပေးပါသည်။ ယင်းသည် စတူဒီယိုများတွင် စီးပွားရေး ကြော်ငြာများအတွက် ဓာတ်ပုံရိုက်ကူးမှုများရှိ ပရော်ဖက်ရှင်နယ် လုပ်ဆောင်မှု အစီအစဉ်များကို ကြီးမားစွာ ကူညီပေးပါသည်။