အလိုရှိသည်များ စာရင်း (Wish List) အတွင်းထည့်သွင်းရန် အများဆုံးသတ်မှတ်ထားသော ထုတ်ကုန်ပစ္စည်း အရေအတွက်သို့ ရောက်ရှိသွားပြီဖြစ်သည်
EH-NE20-K615
အိုင်ယွန်းဓာတ်ထုတ်လုပ်မှုစနစ် ပါဝင်ပြီးသေးငယ်ပေါ့ပါးသော်လည်း လေမှုတ်အားကောင်းသည့် 1800W ဆံပင်မှုတ်စက်
သေးငယ်ပေါ့ပါးပြီး ဝပ်အားကောင်းသည့် ဆံပင်လေမှုတ်စက်က အခြောက်မြန်စေပြီး အချိန်ကုန်သက်သာစေပါသည်။
သင့်ဆံပင်ကို လွန်ကဲသော အပူဖြင့် မထိတွေ့မိစေရန် ကာကွယ်ပေးသည်။ ဤမုဒ်ကို ဖွင့်ထားပါက သင့်တင့်သော အပူချိန်တွင် အားကောင်းသော လေမှုတ်အားရရှိအောင် သေချာဆောင်ရွက်ပေးသည့်အတွက် ဆံသားနှင့် ဦးရေအား အပူကြောင့် ထိခိုက်မှုမရှိစေရန် ကာကွယ်ပေးပါသည်။
အိုင်ယွန်းထုတ်လုပ်သည့် စနစ်ပါဝင်သော ဆံပင်အခြောက်ခံစက်သည် သင့်ဆံပင်ကို ခြောက်သွေ့အောင် လုပ်ပေးရုံတင် မကပါ။ ဆံသားကို အိုင်ယွန်းများဖြင့် လွှမ်းခြုံပေးခြင်းဖြင့် နူးညံ့ချောမွေ့တောက်ပသော ဆံသားကိုလည်း ရရှိစေပါသည်။ -အိုင်းယွန်းများက သင့်ဆံသားကို အစိုဓာတ် ဖြည့်ပေးသည်- အိုင်ယွန်းများက ဆံသားမျက်နှာပြင်ကို အစိုဓာတ် အားဖြည့်ပေးသောကြောင့် ဆံသားကို နူးညံ့ချောမွေ့စေပြီး ဆံသားတွန့်လိမ်ကောက်ကွေးခြင်းကိုလည်း ကင်းဝေးစေပါသည်။ -အိုင်းယွန်းများသည် ဆံသား၏ လျှပ်စစ်အဖိုဓာတ်ကို လျှော့ချပေးပါသည်- ဆံပင်တွင် သဘာဝအားဖြင့် ဆံသားကို ရှုပ်ထွေးပွယောင်း၍ ထိုးထိုးထောင်ထောင်ဖြစ်စေသော လျှပ်စစ်အဖိုဓာတ်ကို ပိုင်ဆိုင်ထားလေ့ ရှိပါသည်။ လျှပ်ငြိမ်ဓာတ်ကို လျှော့ချခြင်းအားဖြင့် အိုင်းယွန်းဓာတ်များက ယင်းဓာတ်ကို ပျက်ပြယ်စေပြီး သင့်ဆံပင်ကို သေသပ်ပိရိစေကာ ပိုမိုနူးညံ့ချောမွေ့စေပါသည်။
အိုင်းယွန်းများကို ပြင်ပအိုင်းယွန်းထွက်ပေါက်မှ ထုတ်ပေးပါသည်။ ထွက်ပေါက်သည် လေပူထုတ်သည့် ဆံပင်အခြောက်ခံစက်၏ နှုတ်သီးပြင်ပတွင် ရှိနေသောကြောင့် အိုင်းယွန်းများမှာ ခြောက်သွေ့မသွားပါ။ ၎င်းတို့က အစိုဓာတ်ကို ပိုမိုထိန်းသိမ်းပေးပြီး ယင်းကို သင့်ဆံသားဆီသို့ ပို့ဆောင်ပေးသည်။ အိုင်းယွန်းသည် အပူဒဏ်ကို မခံနိုင်ပါ။ ၎င်းတို့အား လေပူနှင့် သီးခြားခွဲထားခြင်းဖြင့် အစိုဓာတ်ကို ထိန်းသိမ်းထားနိုင်ပြီး သင့်ဆံသားဆီသို့ ယင်းအစိုဓာတ်ကို ပို့ဆောင်ပေးနိုင်ပါသည်။
ကျစ်လစ်သေးငယ်၍ ခေါက်သိမ်းနိုင်သော ဒီဇိုင်းကြောင့် ဆံပင်အခြောက်ခံစက်ကို အလွယ်တကူ သယ်ဆောင် သိမ်းဆည်းထားနိုင်ပါသည်။
သုံးစွဲသူနှင့် အဆင်ပြေ အံဝင်ခွင်ကျဖြစ်မှုကို အခြေခံ၍ ဖန်တီးထားသော ဒီဇိုင်း။ အလွယ်တကူ ကိုင်ဆောင်နိုင်ပြီး အစိတ်အပိုင်းများကို မျှတအောင် ပေါင်းစပ်ထည့်သွင်းထားပါသည်။
Turbo ပိုမိုမြန်ဆန်စွာ အခြောက်ခံခြင်းအတွက်။ အပူ ကာကွယ်ပေးခြင်း သင်၏ ကျန်းမာသန်စွမ်းသော ဆံသားနှင့် ဦးရေအား အပူကြောင့် ထိခိုက်ပျက်စီးမှုမှ ကာကွယ်ရန် သင့်တင့်သော အပူချိန်နှင့်အတူ အားကောင်းသော လေမှုတ်အား။ အားကောင်းသော အေးမြမှု သင်၏ ဆံပင်စတိုင်ကို အားကောင်းစွာ မှုတ်ထုတ်လိုက်သော လေအေးအေးလေးများဖြင့် ပုံစံကျအောင် ကူညီပေးသည်။