အလိုရှိသည်များ စာရင်း (Wish List) အတွင်းထည့်သွင်းရန် အများဆုံးသတ်မှတ်ထားသော ထုတ်ကုန်ပစ္စည်း အရေအတွက်သို့ ရောက်ရှိသွားပြီဖြစ်သည်
EH-NE72
တောက်ပမှုကို မြှင့်တင်ပေးသော ဒီဇိုင်းနှင့် အိုင်းယွန်းတို့ဖြင့် ဆံသားကို အထူးစောင့်ရှောက်မှု
တောက်ပမှုကို မြှင့်တင်ပေးသော ဒီဇိုင်းနှင့် အိုင်းယွန်းထုတ်လွှတ်စနစ်တို့သည် သင့်ဆံပင်ကို တောက်ပြောင်၊ ချောမွေ့ပြီး အစိုဓာတ်ထိန်းထားပေးသည်။
Panasonic Care ဆံပင်ထိန်းသိမ်းသည့် ကုန်ပစ္စည်းများသည် သင့်ဆံပင်၏ တောက်ပမှုနှင့် အလှတရားကို တိုးမြှင့်ပေးပါလိမ့်မည်။ တောက်ပမှုကို မြှင့်တင်ပေးသော ဒီဇိုင်းနှင့် အိုင်းယွန်းသုံး၍ ဆံသားထိန်းသိမ်းပေးသည့် စနစ်တို့သည် သင့်ဆံပင်ကို တောင်ပြောင် ချောမွေ့စေပြီး ကျက်သရေရှိစေသည်။
အလယ်ဗဟိုမှ လေပူထုတ်လွှတ်ပေးပြီး ဘေးဘက်နှစ်ခြမ်းလုံးမှ လေအေးများထုတ်လွှတ်ပေးခြင်းအားဖြင့်၊ တောက်ပမှုမြှင့်တင်ပေးသော ဒီဇိုင်းသည် လေပူနှင့် လေအေးကို တလှည့်စီ ထုတ်ပေးပါသည်။ မျက်နှာပြင်အပူချိန်ကို ပုံမှန်လည်ပတ်စေပြီး ဆံပင်ကို ချောမွေ့တောက်ပြောင်စေရန် ဆံပင်မှုတ်စက်သည် ဆံပင်ကို အပူပေးပြီးနောက် ချက်ချင်းပင် အေးမြအောင်ပြုလုပ်ပါသည်။
အိုင်းယွန်းများ ထည့်သွင်းပြင်ဆင်ထားသော အားပြင်းသည့် လေစီးဆင်းမှုသည် သင့်ဆံပင်၏ သဘာဝအတိုင်း တောက်ပြောင်မှုကို ထိန်းသိမ်းပေးပြီး ၎င်းအားလျှင်မြန်စွာခြောက်စေပါသည်။ ဆံပင်တိုင်း၏ အပေါ်ယံလွှာတွင် အိုင်းယွန်းများဖြင့် ဖုံးအုပ်ထားသည့်အတွက် အငြိမ် လျှပ်စစ်အားကို လျှော့ချပေးပြီး ဆံသားကို ချောမွေ့တောက်ပြောင်နေစေသည်။ အိုင်းယွန်းများက သင့်ဆံသားကို အစိုဓာတ် ဖြည့်ပေးသည် ၎င်းတို့သည် ဆံသား၏ အပေါ်ယံအလွှာကို ဖုံးအုပ်ထားပေးပြီး အစိုဓာတ်ဖြည့်ပေးသည်။ အိုင်းယွန်းက ဆံသား၏ အဖိုလျှပ်စစ်ဓာတ်ကို ထိန်းညှိပေးသည် ဆံပင်တွင် သဘာဝအားဖြင့် ဆံသားများကို ထိုးထိုးထောင်ထောင်ဖြစ်နေစေသည့် အဖိုလျှပ်စစ်ဓာတ် ပါရှိသည်။ အိုင်းယွန်းများက ထိုလျှပ်စစ်အားကို ထိန်းညှိပေးပြီး သင့်ဆံသားများ ပွမနေစေရန် အငြိမ်လျှပ်စစ်အားကို လျှော့ချပေးပြီး ဆံသားကို ပို၍ ချောမွေ့နေစေပါသည်။
အိုင်းယွန်း များကို အိုင်းယွန်းထွက်ပေါက်၂ခု မှ လွတ်လပ် စွာ ထုတ် လွှတ်ပေး သည်။ ထွက်ပေါက်သည် လေပူနော်ဇယ်၏ ပြင်ပတွင် ရှိသောကြောင့် ယင်းအိုင်းယွန်းများက ခြောက်သွေ့မသွားပါ။ ၎င်းတို့က အစိုဓာတ်ကို ပိုမိုထိန်းညှိပေးပြီး ယင်းကို သင့်ဆံသားဆီသို့ ပို့ဆောင်ပေးသည်။ အိုင်းယွန်းသည် အပူဒဏ်ကို မခံနိုင်ပါ။ အေးမြသည့်လေထဲတွင် ၎င်းတို့ကို ပေးပို့ခြင်းဖြင့် ၎င်းတို့က အစိုဓာတ်ကို ထိန်းပေးပြီး ယင်းနောက် သင့်ဆံသားဆီသို့ ပို့ဆောင်ပေးသည်။
စွမ်းရည်မြှင့်ထားသော ဒီဇိုင်းပုံစံက တည်တည်ငြိမ်ငြိမ် ဆုပ်ကိုင်ထားနိုင်ရန် အလေးချိန်ကို ဟန်ချက်ညီအောင် ထိန်းပေးသည်။
ကျစ်လျစ်ပြီး ခေါက်နိုင်သော ဒီဇိုင်းကြောင့် အလွယ်တကူ သိမ်း ထား နိုင် သည်။
ထိုခလုတ်ကို တစ်ချက်နှိပ်ရုံဖြင့် အပူနှင့် အအေးကို ပြောင်းလဲပါ။ ၎င်းကို ဖိနှိပ်ထားရန် မလိုပါ။ ၎င်းသည် သင့်ဆံပင်ကို တစ်ခဏအတွင်း အေးမြစေပြီး၊ အကောက်များကိုလည်း ပကတိအတိုင်းထိန်းသိမ်းပေးပါသည်။
ပျံ့နှံ့စေသောကိရိယာသည် အမြစ်များရောက်သည်အထိ ဆံသားတစ်လျှောက်လုံး လေများထုတ်လွှတ်ပေးပါသည်။ ၎င်း၏ အကောင်းဆုံးပုံစံမှာ သဘာဝအတိုင်း လိပ်ခွေနေသော ဆံသားကို စတိုင်ကျကျဖြင့် ခြောက်သွေ့သော ဆံပင်ပုံစံဖြစ်အောင် ထိန်းသိမ်းပေးကာ အရင်းမှနေ၍ မြှောက်တင်ပေးထားခြင်း ဖြစ်ပါသည်