အလိုရှိသည်များ စာရင်း (Wish List) အတွင်းထည့်သွင်းရန် အများဆုံးသတ်မှတ်ထားသော ထုတ်ကုန်ပစ္စည်း အရေအတွက်သို့ ရောက်ရှိသွားပြီဖြစ်သည်
EH-NE82-K615
သင့်ဆံပင်ကို ပိုမိုမြန်ဆန်စွာ အခြောက်ခံလိုက်ပါ
2500W ပါဝါ အားရှိသော စွမ်းအားမြင့် လေမှုတ်အားက သင့်ဆံပင်အား ပိုမိုမြန်ဆန်စွာ အခြောက်ခံပေးသည့်အတွက် အချိန်ကုန်သက်သာပါသည်။
15%* ပိုမိုမြန်ဆန်စေသော ဝပ်အားမြင့် မော်တာ၏ ကျေးဇူးကြောင့် ဤဆံပင်အခြောက်ခံစက်သည် လေဖိအား 55%* အထိ ပံ့ပိုးပေးပါသည်။ လေမှုတ်အားသည် အလွန်တရာ စွမ်းအားမြင့်နေမည်ဖြစ်သည်။ * EH5573 နှင့် နှိုင်းယှဉ်ထားခြင်း ဖြစ်ပါသည်
ဤအာရုံခံဆင်ဆာသည် လေမှုတ်အား၏ အပူချိန်ကို စစ်ဆေးပေးပြီး လေအပူချိန်ကို အလိုအလျောက်ထိန်းချုပ်ပေးပါသည်။ သင့်ဆံသားနှင့် ဦးရေပြားကို နူးညံ့စွာ ခြောက်သွေ့စေပါလိမ့်မည်။ ၎င်းက သင့်ဆံသားကို သက်သောင့်သက်သာစွာဖြင့် ခြောက်သွေ့စေပြီး ဆံသားကို လွန်ကဲသော အပူနှင့် မထိတွေ့မိစေရန် ကာကွယ်ပေးပါသည်။
အပူကြောင့်ထိခိုက်ပျက်စီးမှာကို စိုးရိမ်စရာ မလိုပါ။ အာရုံခံဆင်ဆာအသစ်က လေအပူချိန်ကို အလိုအလျောက် ထိန်းချုပ်ပေးပါသည်။ * 1- ရိုးရိုးမော်ဒယ်တွင်တွင် Turbo Mode တွင် ကို 1 မိနစ်ကြာ အသုံးပြုသည့်အခါ။ *2- စမ်းသပ်မှု အခြေအနေများ- 220V၊ အဆင့်မြင့် Heat Protection Mode (အပူကာကွယ်ရေးစနစ်)၊ လေမှုတ်အား အဆင့် 2၊ အခန်းအပူချိန် 25°C ၌။
အိုင်ယွန်းထုတ်လုပ်သည့် စနစ်ပါဝင်သော ဆံပင်အခြောက်ခံစက်သည် သင့်ဆံပင်ကို ခြောက်သွေ့အောင် လုပ်ပေးရုံတင် မကပါ။ ဆံသားကို အိုင်ယွန်းများဖြင့် လွှမ်းခြုံပေးခြင်းဖြင့် နူးညံ့ချောမွေ့တောက်ပသော ဆံသားကိုလည်း ရရှိစေပါသည်။ -အိုင်းယွန်းများက သင့်ဆံသားကို အစိုဓာတ် ဖြည့်ပေးသည်- အိုင်ယွန်းများက ဆံသားမျက်နှာပြင်ကို အစိုဓာတ် အားဖြည့်ပေးသောကြောင့် ဆံသားကို နူးညံ့ချောမွေ့စေပြီး ဆံသားတွန့်လိမ်ကောက်ကွေးခြင်းကိုလည်း ကင်းဝေးစေပါသည်။ -အိုင်းယွန်းများသည် ဆံသား၏ လျှပ်စစ်အဖိုဓာတ်ကို လျှော့ချပေးပါသည်- ဆံပင်တွင် သဘာဝအားဖြင့် ဆံသားကို ရှုပ်ထွေးပွယောင်း၍ ထိုးထိုးထောင်ထောင်ဖြစ်စေသော လျှပ်စစ်အဖိုဓာတ်ကို ပိုင်ဆိုင်ထားလေ့ ရှိပါသည်။ လျှပ်ငြိမ်ဓာတ်ကို လျှော့ချခြင်းအားဖြင့် အိုင်းယွန်းဓာတ်များက ယင်းဓာတ်ကို ပျက်ပြယ်စေပြီး သင့်ဆံပင်ကို သေသပ်ပိရိစေကာ ပိုမိုနူးညံ့ချောမွေ့စေပါသည်။
အိုင်းယွန်းများကို ပြင်ပအိုင်းယွန်းထွက်ပေါက်မှ ထုတ်ပေးပါသည်။ ထွက်ပေါက်သည် လေပူထုတ်သည့် ဆံပင်အခြောက်ခံစက်၏ ခေါင်းပြင်ပတွင် ရှိနေသောကြောင့် အိုင်းယွန်းများမှာ ခြောက်သွေ့မသွားပါ။ ၎င်းတို့က အစိုဓာတ်ကို ပိုမိုထိန်းသိမ်းပေးပြီး ယင်းကို သင့်ဆံသားဆီသို့ ပို့ဆောင်ပေးသည်။ အိုင်းယွန်းသည် အပူဒဏ်ကို မခံနိုင်ပါ။ ၎င်းတို့အား လေပူနှင့် သီးခြားခွဲထားခြင်းဖြင့် အစိုဓာတ်ကို ထိန်းသိမ်းထားနိုင်ပြီး သင့်ဆံသားဆီသို့ ယင်းအစိုဓာတ်ကို ပို့ဆောင်ပေးနိုင်ပါသည်။
ဆံပင်အခြောက်ခံစက်တွင် အစိတ်အပိုင်းများကို အချိုးအစားကျနအောင် ထည့်သွင်းပေးထားသည့် ဒီဇိုင်းကို ဦးစားပေးလုပ်ဆောင်ထားသောကြောင့် အသုံးပြုနေစဉ်မှာပင် လေးလံမှုကို မခံစားရပါ။ အလွယ်တကူဖြင့် အားမစိုက်ရဘဲ ထိန်းချုပ်နိုင်ရန် သုံးစွဲရ အဆင်ပြေစေသော ခလုတ်ကို ဖန်တီးထားသည်။ အခြောက်ခံစက်များကို သုံးစွဲသူများဘက်သို့ လှည့်ထားချိန်တွင် သုံးစွဲရ လွယ်ကူစေရန်အတွက် Panasonic ဆံပင်အခြောက်ခံစက်များ၏ လက်ကိုင်ထောင့်ချိုးကို ဒီဇိုင်းဖန်တီးထားပါသည်။
ပျံ့နှံ့စေသည့်ကိရိယာက လေကို ဆံဖျားမှသည် ဆံပင်အရင်းများအထိ ဆံသားတစ်လျှောက်လုံးသို့ ပေးပို့ပေးပါသည်။ ၎င်းသည် ကောက်ထားသည့် သို့မဟုတ် သဘာဝအတိုင်းကောက်နေသည့် ဆံပင်အား ပုံသွင်း၍ အခြောက်ခံပေးပြီး ဆံပင်အရင်းများမှနေ၍ မြှောက်တင်ပေးပါသည်။
သင့်ဆံပင်ကို ဘီးဖြင့် ဖြီးသပ်နေအချိန်တွင် ဆံသားတစ်ခုလုံးကို နှံ့စပ်စွာ ခြောက်သွေ့ပေးနိုင်အောင် အဝကျယ်သည့် ဤဆံပင်အခြောက်ခံစက်၏ ခေါင်းသည် အလွယ်တကူ လေမှုတ်ပေးနိုင်ပါသည်။
စစ်ထုတ်ကိရိယာအတွင်းတွင် ဖုန်မှုန့်များ စုပြုံနေတတ်သောကြောင့် အလွယ်တကူ သန့်ရှင်းရေးလုပ်နိုင်ရန် ၎င်းကို ဖြုတ်၍ရအောင် ပြုလုပ်ထားပါသည်။
ချောမွေ့စွာ တွန်းရွှေ့နိုင်သည့် ခလုတ်သည် လေအား အပြင်း၊ အပျော့ ခလုတ်ကို အသာအယာ နှိပ်၍ ချိန်ညှိစေနိုင်သောကြောင့် လက်ချောင်းများနှင့် လက်သည်းများတွင် အားစိုက်ရခြင်းကို လျှော့ချပေးပါသည်။
သင်၏ ဆံပင်စတိုင်ကို ဖန်တီးရာ၌ လိုအပ်ချက်များအပေါ် မူတည်၍ အပူချိန် 3 မျိုးနှင့် အရှိန်နှုန်း 2 မျိုးရှိသည့် စနစ်များမှ နှစ်သက်ရာကို ရွေးချယ်ပါ။ ဆံပင်စတိုင် မပျက်စေရန်အတွက် လေအေးမှုတ် ခလုတ်။