အလိုရှိသည်များ စာရင်း (Wish List) အတွင်းထည့်သွင်းရန် အများဆုံးသတ်မှတ်ထားသော ထုတ်ကုန်ပစ္စည်း အရေအတွက်သို့ ရောက်ရှိသွားပြီဖြစ်သည်
NR-BL268P
အကြီးစား ရေခဲခန်းဖြင့် အသုံးပြုရအဆင်ပြေရုံသာမက စတိုင်ကျကျဖြင့် အထင်ကြီးလောက်ဖွယ် ဒီဇိုင်း
ECONAVI ရေခဲသေတ္တာသည် အခန်းတွင်းမှ အပူချိန်နှင့် ရေခဲသေတ္တာ၏ အတွင်းပိုင်းအပူချိန်ကို စောင့်ကြည့်ထိန်းညှိပေးပါသည်။ ၎င်းသည် အအေးဓာတ်ကို အကောင်းဆုံး ထိန်းသိမ်းရန်နှင့် စွမ်းအင်ဖြုန်းတီးမှုကို ရှောင်ကြဉ်ရန် ဤအချက်ကို စမ်းသပ်စစ်ဆေးပြီး တုံ့ပြန်ဆောင်ရွက်ပါသည်။ SMART ECO နေ့စဉ်ဘဝ၏ ပုံစံများကို ခန့်မှန်းတွက်ချက်ပေးပြီး၊ ရေခဲသေတ္တာအတွင်းမှ အပူချိန်ကို ထိန်းချုပ်ပေးပါသည်။ 1. အခန်းအပူချိန် sensor 2. တံခါး sensor 3. အတွင်းအပူချိန် sensor* *sensorသည် ရေခဲသေတ္တာအတွင်းပိုင်းတွင် တည်ရှိပါသည်။
microprocessor- စွမ်းဆောင်ရည်မြင့်မားသော အာရုံခံစနစ် ကွန်ပျူတာငယ်တစ်ခုသည် ရေခဲသေတ္တာအတွင်းမှ အပူချိန်ကို ကျွမ်းကျင်စွာ ရှာဖွေစစ်ဆေးပါသည်။ တံခါးအဖွင့်၊ အပိတ်လုပ်ခြင်း သို့မဟုတ် သိုလှောင်သော အစားအစာပမာဏအရ အပူချိန် ပြောင်းလဲသည့်အခါတိုင်းတွင် ထိုအချက်ကို compressorသို့ ထုံးစံအတိုင်း ပို့လွှတ် ပါသည်။ compressor- စွမ်းဆောင်ရည်မြင့်မားသော ထိန်းညှိစနစ် compressorသည် အခြေအနေနှင့် သင့်လျော်ကိုက်ညီအောင် လှည့်သည့် အမြန်နှုန်းကို ချိန်ညှိပါသည်။ ရလဒ်မှာ ရေခဲသေတ္တာအတွင်းတွင် အပူချိန်မပြောင်းလဲအောင် ထိန်းသိမ်းရန်အတွက် ပိုမို ထိရောက်မှုရှိသော၊ အားကောင်းသော အအေးဓာတ်ကို ထုတ်ပေးခြင်း ဖြစ်ပါသည်။
Panasonic သည် ယခုအခါ အသစ်စက်စက်ဒီဇိုင်းတစ်ခုဖြင့် အပေါ်ပိုင်းတွင် ရေခဲအကန့်ပါသော ရေခဲသေတ္တာကို ထုတ်လုပ်ထားပါသည်။ အဆင့်မြင့် သံသတ္တုဖြင့် ပြုလုပ်ထား၍ နှစ်လိုဖွယ်ကောင်းသော အလျားလိုက်လိုင်းများနှင့် ကျယ်ပြန့်စွာ ကြည့်ရှုနိုင်သည့် အသွင်တစ်ခုတို့ကို မြှင့်တင်ပေးထားသောကြောင့်၊ ၎င်းသည် စတိုင်ကျလှပသော၊ ခေတ်မီသော မီးဖိုချောင်များအတွက် အသင့်တော်ဆုံးလိုက်ဖက်မှုဖြစ်ပါသည်။
1. ရေခဲစက်အကန့် 2. ရေခဲထည့်ခွက် 3. လတ်ဆတ်သော အသားထည့်ဘူး 4. ရေခဲသေတ္တာအကန့် 5. ပုံစံချိန်ညှိနိုင်သော ဖန်ရေခဲထည့်ခွက် 6. ခေါက်နိုင်သော 1-2 ဖန်ရေခဲထည့်ခွက် 7. Tanto ရေခဲထည့်ခွက် 8. LED မီးလင်းခြင်း 9. သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်များ ထည့်စရာ အကန့်
အတွင်းပိုင်း ပိုကျယ်သည့်အတွက် ရေခဲနှင့် အေးခဲမည့် ပစ္စည်းများစွာကို မူလထုပ်ပိုးထားမှုအတိုင်း သိုလှောင်နိုင်သည်။ သိုလှောင်ရန် နေရာအများအပြား ရှိသောကြောင့် သင်သည် ဟင်းလျာများကို အရင်ပြင်ဆင်နိုင်ပြီး နောက်မှသုံးဆောင်ရန် အအေးခံထားနိုင်ပါသည်၊ အချိန်တိုင်းချက်ပြုတ်နေရန်အရမ်းအလုပ်များနေသည့်အခါ အမှန်တကယ် လွယ်ကူအဆင်ပြေစေပါသည်။
အသုံးပြုရလွယ်ကူစေရန် သိမ်းထားသည့် အစားအသောက်များအား နေရာချထားမှုအပေါ် မူတည်ပြီး လွတ်ကူစွာ ရွှေ့နိုင်ပါသည်။
အစားအစာနှင့် အဖျော်ယမကာ အရွယ်အစားများ၊ ကောင်းမွန်စွာ သိမ်းဆည်းနိုင်မည့် နေရာကျယ်ကျယ်လွတ်လွတ်ရစေရန် ထိုထည့်ခွက်ကို ချိန်ညှိနိုင်ပါမည်။ ချိန်ညှိနိုင်သောခွက်သည် သင့်လျော်သည့် အရွယ်အစား အနက်ရှိသည့်အတွက် ဖြုန်းတီးမှုမရှိဘဲနှင့် ထိရောက်စွာ အသုံးပြုနိုင်စေမည့် နေရာကို ရရှိစေပါသည်။
အဓိက အစားအစာများကို မြန်ဆန်စွာ ထုတ်ယူနိုင်ရန် ပြုလုပ်ထားပါသည်။ ၎င်းသည် လိမ့်နိုင်သော အသီးအနှံနှင့် ပုလင်းများကို သိုလှောင်ထားရန်လည်း အသင့်လျော်ဆုံးဖြစ်ပါသည်။ လုံးဝန်းသော ပုံသဏ္ဍာန်ရှိသည့် အသီးအနှံများ လိမ့်ခြင်းနှင့် ပြုတ်ကျသွားခြင်းမဖြစ်အောင် ကာကွယ်ပေးပါသည်။
နေရာလွတ် ပိုရပြီး အဆင်ပြေပြေ သိမ်းဆည်းနိုင်ရန် အဆင့်များကို အနိမ့်၊ အမြင့်ချိန်ညှိနိုင်သည်။
ကြာရှည်ခံ LED မီးလင်းစနစ်အတွက် ထိန်းသိမ်းမှုအနည်းငယ်ကိုသာ လိုအပ်ပါသည် သို့မဟုတ် မည်သည့်ထိန်းသိမ်းမှုမှ မလိုအပ်ပါ။ အစားအစာများကို မြင်နိုင်စေရန် အလင်းထွန်းပေးထားသည့်အတွက် အားလုံးကို အလွယ်တကူ ဆွဲထုတ်နိုင်ပြီး အကြမ်းလည်း ခံနိုင်သည်။
၁၀၀ kg ရှိ ဝန်များကို ခံနိုင်သည့် အားကောင်းပြီး သန့်ရှင်းအောင် ပြုလုပ်ထားသော ဖန်အဆင့်များ
စိုထိုင်းဆမြင့်မားသည့်အတွက် ဟင်းရွက်များ ရှုံ့တွသွားခြင်းနှင့် အသီးအနှံများ ခြောက်သွားခြင်းမှ ကာကွယ်ပေးပြီး ဟင်းသီးဟင်းရွက်များကို လတ်လတ်ဆတ်ဆတ်ဖြင့် ကြာရှည်စွာ သိုလှောင်နိုင်ပါသည်။ * စမ်းသပ်သည့် အခြေအနေများ (BK345 ကို အခြေခံသည်)- ဝန်းကျင် အပူချိန် 25°C, အပူချိန်ထိန်းချုပ်မှု- ၂၊ ဟင်းသီးဟင်းရွက်အကန့်တွင် ဝန်အပြည့် ထည့်နိုင်မှု၊ ဟင်းသီးဟင်းရွက်များကို ထည့်သွင်းပြီးနောက်တစ်နေ့၊ Panasonic ၏ ကုမ္ပဏီတွင်းသုံး စစ်ဆေးမှု Data (ဟင်းသီးဟင်းရွက်များ၏ ပမာဏနှင့် အနေအထားပေါ်မူတည်ပြီး၊ စိုစွတ်မှု အဆင့်သည် ကွဲပြားပါလိမ့်မည်။)
အအေးပေးထားသောလေသည် ဘက်တီးရီးယားပိုးမွှားများ ကြီးထွားမှုကို ထိန်းချုပ်ဟန့်တား၍ အနံ့အသက်တို့ ကင်းစင်စေပြီး ရေခဲသေတ္တာအနှံ့ Ag သန့်ရှင်းမှု Filter မှတဆင့် လည်ပတ်ရွေ့လျားပါသည်။ အတွင်းပိုင်းသည် ငါးကဲ့သို့သော သားငါးစိမ်းအနံ့များကို အခြားအစားအစာသို့ မကူးစက်စေရန် ထိန်းသိမ်းပေးပြီး သန့်ရှင်း သပ်ရပ်စွာ ကျန်ရှိပါသည်။ * Japan Spinners Inspecting Foundation Laboratories မှ အသိအမှတ်ပြု ထားပါသည်။ စမ်းသပ်စစ်ဆေးမှု မှတ်တမ်း နံပါတ်။ No.003557-1,003557-2 * •စတက်ဖိုင်လိုကိုးကပ်စ် အော်ရီးရပ်စ် •အက်စ်ချာရီချီယာ ကော်လီ
အဖုံးပါသည့်အတွက် ၎င်းသည် သင်အခြားအစားအစာများနှင့် မရောစေချင်သည့် အနံ့ပြင်းသော အစားအစာနှင့် ပစ္စည်းများကို သိုလှောင်ရန်အတွက် အသင့်လျော်ဆုံးဖြစ်ပါသည်။
ရေခဲထည့်ခွက်ကို လှည့်လိုက်ယုံနှင့် ရေခဲတုံးများ ပုံးအတွင်းသို့ထွက်ကျလာပါလိမ့်မည်။ အလွန်လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။ ရေခဲပုံးကို အဖုံးဖုံးထားပေးသည့်အတွက် ရေခဲတုံးများကို အနံ့အသက်များမှလည်း ကင်းဝေးစေပါသည်။
Panasonic ရေခဲသေတ္တာများသည် ဂျပန်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုဆိုင်ရာ အနှစ်သာရကို ပုံဖော်ထားပါသည်။ ၁၉၅၃ ကစ၍ Panasonic ၏ ရေခဲသေတ္တာအလုံးရေပေါင်း သန်း၈၀ကို ဂျပန်နိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် ရောင်းချခဲ့ပါသည်။ ကျွန်ုပ်တို့၏ ဖောက်သည်များအတွက် ကြာရှည်ခံ၍ နှစ်လိုဖွယ်ကောင်းသော ပံ့ပိုးပေးမှုဖြစ်ကြောင်း သေချာစေရန်၊ ကျွန်ုပ်တို့သည် ဤမျှ ရှည်လျားလှသော သမိုင်းတလျှောက်တွင် အသုံးပြုရလွယ်ကူမှုနှင့် အရည်အသွေးမြင့်မားမှုတို့ မပြောင်းမလဲ တည်ရှိနေစေရန် အစဉ်တစိုက် အားထုတ်ဆောင်ရွက်နေပါသည်။
ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ အသုံးပြုရလွယ်ကူ၍ ပိုမိုခိုင်ခံ့သော၊ ကြာရှည်ခံပြီး စိတ်ချစွာ အသုံးပြုနိုင်မည့် ရေခဲသေတ္တာများကို ဖြည့်ဆည်းထောက်ပံ့ပေးရန် ဖြစ်ပါသည်။ ထိုပန်းတိုင်ဆီသို့ရောက်ရှိရန် ၆ ရာစုကျော် ကျွန်ုပ်တို့ ပြုစုပျိုးထောင်ထားသော နည်းပညာများအား အရည်အသွေး စမ်းသပ်စစ်ဆေးခြင်းတွင် ကျွန်ုပ်တို့သည် မပြောင်းလဲသည့် ဆန္ဒတစ်စုံဖြင့် အားထုတ်ဆောင်ရွက်နေပါသည်။