အလိုရှိသည်များ စာရင်း (Wish List) အတွင်းထည့်သွင်းရန် အများဆုံးသတ်မှတ်ထားသော ထုတ်ကုန်ပစ္စည်း အရေအတွက်သို့ ရောက်ရှိသွားပြီဖြစ်သည်
NR-BL342
ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်မှုပုံစံသည် သင့် ရေခဲသေတ္တာထဲရှိ အစားအစာများဖြင့် အစပြုသည်။ Panasonic ရေခဲသေတ္တာများသည် အစားအစာများ နေ့စဉ် သန့်ရှင်းလတ်ဆတ်နေစေမှုကို ပံ့ပိုးပေးထားသည့်အတွက်သင်နှင့်သင့်မိသားစုအတွက် ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်မှုဘဝပုံစံများရရှိစေနိုင်ပါသည်။ ဆိုလိုသည်မှာ သန့်ရှင်းသော လေဖြင့် အမြဲမပြတ်ဝန်းရံထားသော လတ်ဆတ်ပြီး အစိုဓာတ်ပြည့်ဝနေသည့် ဟင်းသီးဟင်းရွက်များကို စားသုံးနေစေရသည့် သဘောဖြစ်ပါသည်။
Wide Fresh Case က ပုံးကို ဆွဲထုတ်လိုက်ချိန်တွင် အပေါ်သို့ လှန်တင်နိုင်သည့် အဖတ်ကို သုံး၍ ပိုမိုကြီးမားသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ပိုမိုလွယ်ကူစွာ ယူနိုင်စေသည်။ 90%* စိုထိုင်းဆနှင့် မပြောင်းမလဲရှိနေသော အပူချိန်က သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို လတ်ဆတ်ပြီး ကြွပ်ရွစွာ တာရှည်ခံအောင် သိမ်းထားပေးရန် အကောင်းဆုံး အခြေအနေများကို ရရှိစေသည်။*ဒေတာကို ပြင်ဆင်ထားသူမှာ Panasonic ဖြစ်ပါသည်။
Ag Clean သည် ရေခဲသေတ္တာတစ်ခုလုံးထဲရှိ လေများကို သေချာနှံ့စပ်အောင် သန့်စင်ပေးပါသည်။ Ag Clean စစ်ထုတ်ကိရိယာထဲရှိ ငွေအိုင်ယွန်းများသည် မှိုနှင့် ဘက်တီးရီးယား ပေါက်ဖွားမှုကို 99.9%* သုတ်သင်ပေးနိုင်စွမ်းရှိပြီး မကောင်းသည့် အနံ့အသက်များကို ဖယ်ရှားပေးနိုင်စွမ်း ရှိပါသည်။*Boken အရည်အသွေး အကဲဖြတ်မှု အဖွဲ့အစည်း၏ အသိအမှတ်ပြုလက်မှတ် ရရှိထားသည်။ စမ်းသပ်မှု မှတ်တမ်း နံပါတ်- No. 20215058561-1
များစွာဝင်ဆံ့သော ရေခဲခန်းက အမြောက်အမြားဝယ်ယူထားသည့် ပစ္စည်းများအတွက် အကိုက်ညီဆုံး သိမ်းဆည်းရန်နေရာများစွာကိုပေးသည်။ သီးခြား သိမ်းဆည်းခန်းက ပစ္စည်းများကို သေသေသပ်သပ်ရှိအောင် အဆင်ပြေပြေ သိမ်းဆည်းပေးသည်။ ရေခဲဘူးက လွတ်လွတ်လပ်လပ် ရွေ့လျားနိုင်သည့်အတွက် သိမ်းဆည်းရန် နေရာ ပြောင်းလွယ်ပြင်လွယ်ရှိပြီး ဖြုတ်ထားလျှင် နောက်ထပ်နေရာပိုပြီးပင် ကျယ်စေသည်။*ဓာတ်ပုံထဲတွင် NR-BL381PS မော်ဒယ်အမျိုးအစားကို အသုံးပြုထားပါသည်။ NR-BL342 တွင် Ag အသားခန်း မပါဝင်ပါ။
သောက်စရာများကို အအေးပေးရန် သို့မဟုတ် တစ်စုံတစ်ခုကို မြန်ဆန်စွာ အေးအောင်လုပ်ရန် Extra Cool Zone က အလန်းစား ဖြစ်သည်။ကာဗာက ပစ္စည်းများကို 2°C ခန့်တွင် အေးစေပြီး ပုံမှန် 4°C ခန့်တွင် အေးပေးသည့် ရေခဲအကန့်များထက် အနည်းငယ် ပို၍ အေးပါသည်။*ဓာတ်ပုံထဲတွင် NR-BL381PS မော်ဒယ်အမျိုးအစားကို အသုံးပြုထားပါသည်။
စတိုင်ကျသော ဒီဇိုင်းတွင် ပြေပြစ်လှပသော လက်ကိုင်တစ်ခုပါဝင်သည်။ ထောင့်တစ်ခုမှ တစ်ခုသို့ တစ်ဆက်တည်း ပြေပြစ်ချောမွေ့သော မျက်နှာပြင်များက လှပသောသွင်ပြင်ကိုပေးစွမ်းသည်။ ဤရိုးရိုးရှင်းရှင်းနှင့် စတိုင်ကျလှပသော အပြားဒီဇိုင်းသည် မည်သည့်မီးဖိုချောင်ပုံစံမျိုးနှင့်မဆို လိုက်ဖက်သည်။*ဓာတ်ပုံထဲတွင် NR-BL381PS မော်ဒယ်အမျိုးအစားကို အသုံးပြုထားပါသည်။
ECONAVI အာရုံခံစနစ်သုံးခုက သုံးစွဲမှုအခြေအနေများကို စစ်ဆေးဖော်ထုတ်ပြီး မိုက်ခရိုပရိုဆက်ဆာက ၎င်းကိုခွဲခြမ်းစိတ်ဖြာသည်။ INVERTER ကွန်ပရက်ဆာသည် အအေးပေးမှု စွမ်းဆောင်ရည်ကို အကောင်းဆုံး ချိန်ညှိရန် မိုက်ခရိုပရိုဆက်ဆာ၏ ခွဲခြမ်းစိတ်ဖြာမှု ရလဒ်များနှင့်အညီ မော်တာလည်နှုန်းကို ချိန်ညှိပေးသည်။1. အတွင်းပိုင်း အပူချိန် အာရုံခံစနစ်2. အခန်းအပူချိန် အာရုံခံစနစ်3. တံခါး အာရုံခံစနစ်