Panasonic ၏ နှစ် 100 ပြည့် နှစ်ပတ်လည်

နည်းပညာများ၏ မပြောင်းလဲသော အခြေခံသဘောတရားများ

စီးပွားရေး လုပ်ငန်းတွင် နှစ်ပေါင်း 100 ရပ်တည်လာခဲ့ပြီးသည့် ကာလအတွင်း Panasonic သည် ပိုမိုကောင်းမွန်သော ကမ္ဘာနှင့် ပိုမိုကောင်းမွန်သော အနာဂတ်ကိုဖန်တီးခြင်း ဟူသည့် သူ၏ကတိအတိုင်း အမြဲလုပ်ဆောင်ခဲ့ပါသည်။ ဤကတိကို ဖြည့်ဆည်းရန် ကြိုးပမ်းအားထုတ်မှု တစ်ရပ်အနေဖြင့် Panasonic သည် သူ၏ သုံးစွဲသူများ အဆင်ပြေစေရန်နှင့် လူနေမှုဘဝ တိုးတက်လာစေရန် ၎င်း၏ ထုတ်ကုန်များတွင် ဆန်းသစ်ဖန်တီးထားသော နည်းပညာများကို တီထွင်ခဲ့သည်။  

ရေခဲသေတ္တာ

dividing-line

Prime Fresh နှင့် nanoe™

Panasonic ရေခဲသေတ္တာများတွင် တွေ့ရသည့် Prime Fresh နည်းပညာသည် -3°C အေးခဲသည့်စနစ်ကို အသုံးပြုပြီး သင့်အစားအစာများ၏ လတ်ဆတ်မှုနှင့် အရသာရှိမှုကို ထိန်းသိမ်းပေးထားသည်။ nanoe နည်းပညာသည် သိမ်းဆည်းထားသော အစားအစာများကို မှိုနှင့် ဘက်တီးရီးယားများကြောင့် ညစ်ညမ်းမှုမဖြစ်အောင် ထိန်းသိမ်းပေးသည်။ 

အဝတ်လျှော်စက်

dividing-line

Active Foam စနစ်

အရှေ့ဘက်မှ အဝတ်ထည့်လျှော်ရသည့် Panasonic ၏ အဝတ်လျှော်စက်များတွင် နောက်ဆုံးပေါ်နည်းပညာများကို အသုံးပြုထားသည့်အတွက် အဝတ်လျှော်ဖွပ်ရသည်မှာ ပိုမိုလွယ်ကူပြီး အဆင်ပြေလာပြီဖြစ်သည်။ အဆိုပါ အဝတ်လျှော်စက်များတွင် Active Foam စနစ်ပါရှိပြီး 34 မိနစ်အတွင်းမှာပင် အဝတ်များကို သေချာနှံ့စပ်စွာ လျှော်ဖွပ်ပေးပါသည်။

StainMaster+

အဝတ်လျှော်ခြင်းသည် အညစ်အကြေး၊ အစွန်းအထင်များကို ဖယ်ရှားရုံတင်မဟုတ်ဘဲ အဝတ်အစားများ၊ မျက်နှာသုတ်ပဝါများနှင့် ချည်ထည်များပေါ်ရှိ ဘက်တီးရီးယားများကိုပါ သန့်စင်ဖယ်ရှားပေးရန် ဖြစ်သည့်အတွက် Active Foam စနစ်အပြင် အပေါ်မှ အဝတ်ထည့်လျှော်ရသည့် Panasonic ၏ အဝတ်လျှော်စက်များတွင် StainMaster+ (အစွန်းအထင်းဖယ်ရှားသည့်) နည်းပညာလည်း ပါရှိသေးသည်။ 

ရုပ်မြင်သံကြားစက်

dividing-line

OLED နှင့်
Hexa Chroma Drive Pro

Panasonic တီဗွီများတွင် တွေ့ရသည့် နည်းပညာများသည် ယခင်ကနှင့် မတူသည့် တီဗွီကြည့်ရှုမှု အတွေ့အကြုံများကို ပေးစွမ်းပါသည်။ ရုပ်ရှင်ထုတ်လုပ်သူများ စိတ်ကူးပုံဖော်သည့်အတိုင်း ရုပ်ရှင်များကို ခံစားရန် OLED နှင့် Hexa Chroma Drive နည်းပညာများသည် ရင်သပ်ရှုမောဖွယ် အရောင်အသွေးများ၊ ပြည့်စုံသည့် တောက်ပမှုနှင့် စစ်မှန်သော အမည်းရောင်များကို ပေးစွမ်းသည်။  ၎င်းသည် အိမ်တွင် သင့်ကိုယ်ပိုင် ရုပ်ရှင်ရုံ ရှိနေသည်နှင့် တူပါသည်။

လေအေးပေးစက်

dividing-line

nanoe™ နည်းပညာ

Panasonic ၏ nanoeTM နည်းပညာသည် ဆန်းသစ်ဖန်တီးထားသည့် အနံ့အသက်ပျောက်စေသည့် လေသန့်စင် စနစ်တစ်ခု ဖြစ်ပြီး ဘက်တီးရီးယားများနှင့် ဗိုင်းရပ်စ်များ ပေါက်ပွားမှုကို တားဆီးပေးကာ ဖုန်မှုန့်များကို ဖယ်ရှားပေးသည့် လုပ်ဆောင်ချက်များလည်းပါဝင်သည်။ ကျွန်ုပ်တို့သည် အပူပေးခြင်း သို့မဟုတ် အအေးပေးခြင်း ဖြေရှင်းချက်များထက် ကျော်လွန်၍ပင် ပေးစွမ်းလိုပါသည်။ ကျွန်ုပ်တို့သည် သင့်ကို အရည်အသွေးမီ အိမ်တွင်း လေထုကို ခံစားရစေမည့် လေထု ဖြေရှင်းချက် တစ်ရပ်လုံးကို ဖန်တီးပေးလိုပါသည်။