Panasonic ၏ နှစ် 100 ပြည့် နှစ်ပတ်လည်

လတ်ဆတ်သော အစားအစာများဖြင့် သင့် မိသားစု ကျန်းမာရေးကို ထိန်းသိမ်းပါ

Panasonic ရေခဲသေတ္တာများတွင် -3°C အေးခဲသည့်စနစ်ဖြင့် သင့်အစားအစာများကို လတ်လတ်ဆတ်ဆတ် ရှိစေမည့် Prime Fresh နည်းပညာအပြင် ရေခဲသေတ္တာအတွင်း အစားအစာများ ညစ်ညမ်းမှုမဖြစ်အောင် မှိုများနှင့် ဘက်တီးရီးယားများကို ဖယ်ရှားပေးနိုင်သည့် nanoe နည်းပညာကိုလည်း အသုံးပြုထားပါသည်။ 

Prime Fresh

7 ရက်ကြာသည် အထိလတ်ဆတ်မှု

အစားအစာများကို -20°C ခန့်အထိ အအေးခံသည့် သမားရိုးကျ ရေခဲသေတ္တာများနှင့် မတူသည့် Prime Fresh နည်းပညာသည် အစားအစာများ၏ မျက်နှာပြင်ကိုသာ အနည်းငယ် အေးခဲပေးသည့် -3°C တွင် အေးခဲပေးသည့်စနစ်ကို အသုံးပြုထားပါသည်။ အစားအစာများကို ဤနည်းလမ်းဖြင့် သိမ်းဆည်းဖြင့် 7 ရက်ကြာသည် အထိလတ်ဆတ်နေစေပြီး အစားအစာများ၏ အာဟာရများ၊ အရသာများနှင့် အထိအတွေ့ရသ အများစုကို ထိန်းသိမ်းထားနိုင်ပါသည်။ အစားအစာကို တစ်စိတ်တစ်ပိုင်းသာ အေးခဲပေးထားပြီး အလွယ်တကူ ဖြတ်တောက် ချက်ပြုတ်နိုင်သောကြောင့် ယင်းကို အရည်ပျော်အောင်လုပ်ရန် မလိုပါ။ 

Prime Fresh အေးခဲပေးသည့်စနစ်နှင့် ရေခဲသေတ္တာတို့ကြား နှိုင်းယှဉ်ချက်

Prime Fresh အေးခဲပေးသည့်စနစ်နှင့် ရေခဲသေတ္တာတို့ကြား နှိုင်းယှဉ်ချက်

* လတ်ဆတ်မှုကာလသည် မသိမ်းဆည်းမီ လတ်ဆတ်မှု အခြေအနေ၊ အေးခဲသည့်နည်းလမ်းနှင့် ရေခဲသေတ္တာ အသုံးပြုသည့် အခြေအနေများပေါ် မူတည်၍ ကွဲပြားပါသည်။ 

Prime Fresh အေးခဲပေးသည့်စနစ်နှင့် ရေခဲသေတ္တာတို့ကြား နှိုင်းယှဉ်ချက်
အခန်းတိုင်းတွင် ကျန်းမာရေးနှင့်ညီညွတ်သော လေထု

အခန်းတိုင်းတွင် ကျန်းမာရေးနှင့်ညီညွတ်သော လေထု

nanoe™ သည် မမြင်နိုင်သည့် ဘက်တီးရီးယားများနှင့် အခြားအနံ့အသက်ဖြစ်စေသည့် အရာများကို နှိမ်နင်းသည့် နာနို အရွယ်အစား လျှပ်ငြိမ် ရေမှုန်လေးများကို ထုတ်လွှတ်ပေးသည်။ ဤ Panasonic ၏မူရင်းနည်းပညာသည် ဘက်တီးရီးယားကို ထိန်းချုပ်နိုင်ရုံသာမက အခန်းအားလုံးရှိ အစားအစာများကို လတ်ဆတ်အောင် ထိန်းသိမ်းပေးပြီး အနံ့အသက်ဆိုးများကို ပယ်ပျောက်စေပါသည်။ 

ရေခဲသေတ္တာအတွင်း လွတ်လပ်စွာ ရွေ့လျားနေသော ဘက်တီးရီးယားများကို ရှင်းထုတ်ပေးသည့် သက်ရောက်မှု

ရေခဲသေတ္တာအတွင်း လွတ်လပ်စွာ ရွေ့လျားနေသော ဘက်တီးရီးယားများကို ရှင်းထုတ်ပေးသည့် သက်ရောက်မှု

Panasonic ရေခဲသေတ္တာများအကြောင်း အချက်အလက်များ ပိုမိုသိရှိလိုပါက ပစ္စည်းပုံလေးများပေါ်တွင် နှိပ်ပါ-