Panasonic ၏ နှစ် 100 ပြည့် နှစ်ပတ်လည်

သင်၏နေအိမ်သို့ ရုပ်ရှင်ရုံတွင် ကြည့်ရှုရသကဲ့သို့ ခံစားချက်ကို ယူဆောင်လာခြင်း

Panasonic တီဗွီများတွင် တွေ့ရသည့် နည်းပညာများသည် ယခင်ကနှင့် မတူသည့် တီဗွီကြည့်ရှုမှု အတွေ့အကြုံများကို ပေးစွမ်းပါသည်။ ရုပ်ရှင်ထုတ်လုပ်သူများ စိတ်ကူးပုံဖော်သည့်အတိုင်း ရုပ်ရှင်များကို ခံစားရန် OLEO နှင့် Hexa Chroma Drive နည်းပညာများသည် ရင်သပ်ရှုမောဖွယ် အရောင်အသွေးများ၊ ပြည့်စုံသည့် တောက်ပမှုနှင့် စစ်မှန်သော အမည်းရောင်များကို ပေးစွမ်းသည်။ ၎င်းသည် အိမ်တွင် သင့်ကိုယ်ပိုင် ရုပ်ရှင်ရုံ ရှိနေသည်နှင့် တူပါသည်။
 

စစ်မှန်သော နက်မှောင်သည့်အသွင်

စစ်မှန်သော နက်မှောင်သည့်အသွင်

OLEO TV များတွင် တီဗွီအတွင်း ဖြတ်သန်းစီးဆင်းနေသော လျှပ်စစ်စီးကြောင်း ပမာဏကို အခြေခံပြီး အလင်းပြင်းအားကို ထိန်းချုပ်သည့် ကိုယ်တိုင် အလင်းရောင်ထွန်းလင်းခြင်း မျက်နှာပြင်နည်းပညာကို ထည့်သွင်းပေါင်းစည်းထားသည်။ Panasonic ၏ အပြည့်အဝ အနက်ရောင်စစ်ထုတ်မှုနှင့်အတူ ဤနည်းပညာသည် ရုပ်ရှင်၏ မှောင်မိုက်သော ဇာတ်ဝင်ခန်းများမှာပင် ချောမွေ့စွာပင် အဆင့်ဆင့် ပြောင်းလဲလှုပ်ရှားမှုများ ဖြစ်စေသည်။

ကျယ်ပြန့်သော ပမာဏနှင့် တောက်ပသော အရောင်များ

Hexa Chroma Drive Pro သည် အရောင်များ၏ သွင်ပြင်ပြောင်းလဲမှု တစ်ခုချင်းစီကို ချိန်ညှိပြင်ဆင်ပေးသောကြောင့် အရောင်ထွက်အရည်အသွေးကို တိတိကျကျဖြင့် ကျွမ်းကျင်ထိရောက်စွာ စောင့်ကြည့်ထိန်းချုပ်နိုင်သည်။ ဤရင်သပ်ရှုမောဖွယ် အရည်အသွေးက သင့်အတွက် အကောင်းဆုံးသော ကြည့်ရှုမှုအတွေ့အကြုံတစ်ခုကို ပေးစွမ်းသည်။ OLED မျက်နှာပြင်ရှိ ပစ်ဇယ်တိုင်းသည် ကျယ်ပြန့်သော အရောင်မျိုးစုံအစုအဝေးမှ အရောင်အသွေးစုံ၍ သဘာဝကျသော အရောင်များကို ထုတ်လုပ်ပေးသည်။

ထူးကဲသော တောက်ပမှု

Panasonic ၏ OLED TV သည် ထူးခြားကောင်းမွန်သော အသားပေးပြသမှုဖြင့် အကောင်းဆုံး HDR ကြည့်ရှုမှုအတွေ့အကြုံကို ရရှိရန် 1000 nits နီးပါးပမာဏရှိသော ထူးကဲသည့် တောက်ပမှုကို ဖြစ်ပေါ်စေသည်။

သင့်အခန်းကို အလှဆင်ပေးသည်

သင့်အခန်းကို အလှဆင်ပေးသည်

စတိုင်အကျဆုံး အခန်းတွင်းအပြင်အဆင်များကိုပင် ပံ့ပိုးပေးရန် တင့်တယ်လှပစွာ ဒီဇိုင်းဆင်ထားသည့် Panasonic TV များသည် ၎င်း၏ ပါးလျသော ဒီဇိုင်းနှင့် ထူးကဲကောင်းမွန်သော အသံအရည်အသွေးတို့ဖြင့် အမှန်တကယ်ပင် ရုပ်ရှင်ရုံတွင် ကြည့်ရှုရသည့် အတွေ့အကြုံကို နေအိမ်တွင် ခံစားရရှိရန် ထူးခြားကောင်းမွန်သော ပစ္စည်းများနှင့် အထူးအဆင့်မြင့်သော နည်းပညာများကို အသုံးပြုထားသည်။


နောက်ဆုံးပေါ် Panasonic TV သည် ပါးလျသော ကိုယ်ထည်ရှိစေကာမူ အသံထွက်ပမာဏ 80 ဝပ် အပြည့်အဝကို ထုတ်လုပ်ပေးရန် စပီကာ 14 လုံး ပေါင်းစပ်ထားသော Dynamic Blade စပီကာများနှင့် Quad Passive Radiator တို့ကို ပေါင်းစပ်ထည့်သွင်းထားသည်။

သင့်အခန်းကို အလှဆင်ပေးသည်

Panasonic တီဗွီများအကြောင်း အချက်အလက်များ ပိုမိုသိရှိလိုပါက ပစ္စည်းပုံလေးများပေါ်တွင် နှိပ်ပါ-