Panasonic မှ ဆိုလာမီးအိမ် အခုပေါင်း(၅၀၀၀၀)ကျော်ကိုလှူဒါန်းခဲ့ခြင်း

မတ်လ ၂၅၊၂၀၁၆

Panasonic မှ ဆိုလာမီးအိမ် အခုပေါင်း(၅၀၀၀၀)ကျော်ကိုလှူဒါန်းခဲ့ပြီးဖြစ်သည်။

"100 Thousand Solar Lanterns Project" အရ Panasonic မှ ဆိုလာမီးအိမ်များကို လှူဒါန်းခဲ့သည်မှာ ၂၀၁၆ မတ်လ(၁၀)ရက်နေ့ဆိုလျှင် အခုပေါင်း(၅၀၀၀၀)ကျော်ကိုလှူဒါန်းခဲ့ပြီးဖြစ်ပြီး မျှော်မှန်းထားသည့်ရဲ့ ထက်ဝက်ကို ကျော်လွန်းခဲ့ပြီးဖြစ်သည်။

Panasonic ကော်ပိုရေးရှင်း 100 Thousand Solar Lanterns Project အရ သတ်မှတ်ထားသော လှူဒါန်းမှုမှ ထက်ဝက် (၅၀၀၀၀) ခန့်ကို ၂၀၁၆ခုနှစ် မတ်လ ၁၀ ကျော်လွန်ခဲ့ပြီးဖြစ်သည်။ ဤသို့လှူဒါန်းမှုကို ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလမှ မြန်မာနိင်ငံတွင် ဆိုလာမီးအိမ်အခု(၃၀၀၀)လှူဒါန်းမှုမှ စတင်ခဲ့ပြီး အရှေ့တောင်အာရှနှင့် အာဖရိကရှိ လျှပ်စစ်မီးမရရှိရှိသောနေရာများတွင်လည်း ဆက်တိုက်လှူဒါန်းလာခြင်းဖြစ်သည်။ ၂၀၁၃ခုနှစ်တွင် နိုင်ငံ(၃)နိုင်ငံအတွင်း ဆိုလာမီးအိမ်အလုံးပေါင်း(၁၀၀၀၀)၊ ၂၀၁၄ခုနှစ်တွင် နိုင်ငံ(၁၀)နိုင်ငံအတွင်း အလုံးပေါင်း(၁၄၁၁၄)နှင့် ၂၀၁၅ခုနှစ်တွင် နိုင်ငံ(၁၁)နိုင်ငံတွင် အလုံးပေါင်း(၂၀၃၆၄)လုံးလှူဒါန်းပြီးဖြစ်သည်။ ထိုပြင် ဗီယမ်နမ်နိုင်ငံရှိ Yen Bai ဒေသကိုလည်း ၂၀၁၆ မတ်လ(၁၀)ရက်နေ့ က (၇၀၂)ခု လှူဒါန်းခဲ့ပြီးဖြစ်သည်။ ထိုအချိန်တွင် ဆိုလာမီးအိမ်လှူဒါန်းမှုမှာ အခု(၅၀၀၀၀)ကျော်ခဲ့ပြီးဖြစ်သည်။ ထိုနောက် ၂၀၁၆ခုနှစ် မတ်လလယ်တွင် ကမ္ဘောဒီးယားတွင် (၂၄၀၀)ခု နှင့် ဘင်္ဂလားဒေ့ရှ်တွင် (၇၆၀)ခုကို ဆက်လက်လှူဒါန်းခဲ့သည်။ ထိုနောက် မတ်လကုန် တွင် အင်ဒိုနီးရှား၊ အိန္ဒိယနှင့် ကွန်ဂိုနိုင်ငံများတွင် ဆက်လက်လှူဒါန်းခဲ့ပြီး ဆိုလာအလုံးရေ(၆၀၀၀၀)ကျော်ကို လှူဒါန်းခဲ့ပြီးဖြစ်သည်။

100 Thousand Solar Lanterns Project သည် Panasonic မှ ထုတ်လုပ်သောပစ္စည်းများဖြင့် လူနေမှုဘဝကို တိုးတတ်စေရန် ကူညီပေးသော လုပ်ဆောင်ချက်များဖြစ်သည်။ ကမ္ဘာပေါ်တွင် လူဦးရေ သန်း(၁၂၀)ခန့်မှာ လျှပ်စစ်မီးမရှိပဲ နေထိုင်လျက်ရှိသည်။ လျှပ်စစ်မီးမရှိမှုကြောင့် ကျန်းမာရေး၊ ပညာရေး၊ ဝင်ငွေနှင့် ညအချိန်တွင် လုံခြုံမှု လျှော့နည်းနိုင်ပါတယ်။ Panasonic အနေဖြင့် ဤကဲ့သို့ဒေသများကို တစ်ဖက်တစ်လမ်းမှ ဖွံဖြိုးတိုးတတ်အောင်လုပ်ဆောင်ပေးခြင်းဖြစ်သည်။ ဆိုလာစွမ်းအင်ဖြင့် အလင်းပေးနိုင်အောင် လှူဒါန်းခြင်းဖြစ်သည်။ ထိုပြင် သဘာဝဘေးအန္တာရယ်နှင့်ထိတွေ့ရသော ဒေသများကိုပါ လှူဒါန်းပေးခဲ့သည်။

International Energy Agency (IEA), World Energy Outlook ၂၀၁၅မှကိုးကားသည်။

Panasonic မှ ဤ Project ကို ၂၀၁၈ခုနှစ် အထိ ဆိုလာမီးအိမ်ပေါင်း(၁၀၀၀၀၀)ကို ကုမ္ပဏီ၏နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်အနေဖြင့် လှူဒါန်းသွားမည်ဟု မျှော်မှန်းထားပါသည်။ အစိုးရမဟုတ်သော အဖွဲအစည်းများ၊ လူသားချင်းစာနာထောက်ထားမှုရှိအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို လှူဒါန်းသွားမည်ဖြစ်သည်။ ယခုအချိန်အထိ နိုင်ငံပေါင်း(၁၆)နိုင်ငံမှ အဖွဲအစည်းပေါင်း(၈၀)ကျော်ကို ဆိုလာမီးအိမ်များလှူဒါန်းခဲ့ပြီးဖြစ်သည်။ ထိုအဖွဲ့အစည်းများ၏ စစ်တမ်းကောက်ယူမှုများအရ လှူဒါန်းပေးသော ဆိုလာမီးအိမ်များသည် ပညာရေး၊ကျန်းမာရေးနှင့် ဝင်ငွေလုပ်ငန်းများကို အထောက်အကူပြုပြီး ကျေးလတ်ဒေသရှိ လူများ၏ နေ့စဉ်ဘဝကို မြှင့်တင်ပေးလျက်ရှိကြောင်း သိရှိရသည်။

International Energy Agency (IEA), World Energy Outlook ၂၀၁၅မှကိုးကားသည်။

Panasonic မှ ဤ Project ကို ၂၀၁၈ခုနှစ် အထိ ဆိုလာမီးအိမ်ပေါင်း(၁၀၀၀၀၀)ကို ကုမ္ပဏီ၏နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်အနေဖြင့် လှူဒါန်းသွားမည်ဟု မျှော်မှန်းထားပြီး ထိပ်သီးနိုင်ငံများမှ နိုင်ငံခေါင်းဆောင်များသတ်မှတ်ထားသော Sustainable Development Goals (SDGs)ပြည့်မှီအောင် လုပ်ဆောင်သွားမည်ဖြစ်သည်။

လှူဒါန်းခဲ့သော ပစ္စည်းများ

- ဆိုလာမီးအိမ် (BG-BL03)
- ဆိုလာ LED မီးသီး(BG-BL04)
Learn more at http://panasonic.net/sustainability/en/lantern/products.html

လှူဒါန်းပြီးသော ဆိုလာမီးအိမ်ပေါင်း - ၅၃၂၆၀(၂၀၁၆ မတ်လ ၂၅အထိ)

၁။ မြန်မာ - ၉၄၆၄
၂။ ကမ္ဘောဒီးယား - ၈၉၁၄
၃။ ဗီယမ်နမ် - ၁၃၃၂
၎။ ဖီလစ်ပိုင် - ၅၈၁၄
၅။ အင်ဒိုနီးရှား - ၂၀၂၀
၆။ မလေးရှား - ၆၉
၇။ ထိုင်း - ၁၀၀
၈။ အိန္ဒိယ - ၁၄၀၀၆
၉။ ဘင်္ဂလားဒေ့ရှ် - ၇၆၀
၁၀။ ကင်ညာ - ၆၀၀၈
၁၁။ Uganda - ၁၀၀
၁၂။ ဘရူနိုင်း - ၁၂၃၃
၁၃။ Niger -၂၀၀
၁၄။ Liberia - ၁၂၄၀
၁၅။ Guinea - ၁၀၀၀
၁၆။ Sierra Leone - ၁၀၀၀

လှူဒါန်းပြီးဆိုလာမီးအိမ်အရေအတွက်

ပါဝင်ကူညီပါ။

ယနေ့အထိ ကမ္ဘာပေါ်မှ လူဦးရေ သန်း၁၂၀ကျော်အထိ လျှပ်စစ်မီးမရှိဘဲ နေထိုင်နေရပါသည်။ ထိုသို့ဒေသများ၏ ပညာရေး၊ကျန်းမာရေးနှင့် အခြားသော နေရာများတွင် ကူညီစောင့်ရွက်နိုင်ရန်အတွက် သင်ကို ဖိတ်ခေါ်ပါရစေ

* FY2013 : ဧပြီလ. ၂၀၁၂ - မတ်လ. ၂၀၁၃
* FY2014 : ဧပြီလ. ၂၀၁၃ - မတ်လ. ၂၀၁၄
* FY2015 : ဧပြီလ. ၂၀၁၄ - မတ်လ. ၂၀၁၅
* FY2016 : ဧပြီလ. ၂၀၁၅ - မတ်လ. ၂၀၁၆