Panasonic မှ မြန်မာနိုင်ငံတွင်း ဆိုလာမီးအိမ်များကို လူမှုအဖွဲအစည်းများ(၁၁)ခုကို ဆိုလာမီးအိမ်ပေါင်း (၉၄၆၉)ကို လှူဒါန်းခဲ့ခြင်း

ဖေဖော်ဝါရီ ၃၊ ၂၀၁၆

100 Thousand Solar Lanterns Project အရ မြန်မာနိုင်ငံတွင်း ဆိုလာမီးအိမ်များကို လူမှုအဖွဲအစည်းများ(၁၁)ခုကို လှူဒန်းခဲ့ပြီး ယခုအခါ ဆိုလာမီးအိမ်ပေါင်း (၉၄၆၉)ကို လှူဒါန်းခဲ့ပြီးဖြစ်သည်။

Panasonic မှ မြန်မာနိုင်ငံတွင်း ဆိုလာမီးအိမ်များကို လူမှုအဖွဲအစည်းများ(၁၁)ခုကို လှူဒန်းခဲ့ပြီး ယခုအခါ ဆိုလာမီးအိမ်ပေါင်း (၉၄၆၉)ကို လှူဒါန်းခဲ့ပြီးဖြစ်သည်။

ရန်ကုန်, မြန်မာ - လှူဒါန်သည့်အခမ်းအနားကို ရန်ကုန် Panasonic Showroom မှာ ဇန်နဝါရီလ ၂၉ရက်နေ့က ကျင်းပခဲ့ပါတယ်။ Panasonic Asia Pacific မြန်မာရုံးခွဲမှ Chief Representative ဖြစ်သူ Hisakazu Maeda က ဒီနေ့လှူဒါန်းမှုက မြန်မာနိုင်ငံတွင်း 100 Thousand Solar Lanterns Project အနေဖြင့် စတ္တုထအကြိမ်မြောက်လှူဒါန်းခြင်းဖြစ်ပါတယ်။ ၃နှစ်တာကာလအတွင်း အကျိုးတူပူပေါင်းသူတွေထံမှလည်း ကောင်းတဲ့ တုန်ပြန်အကြံပြုမှုတွေရရှိပါတယ်။ ယခင်လတုန်းကလည်း eneloop solar storage systems တွေလှူဒါန်းခဲ့ပါတယ်။ Panasonic အနေနဲ့ ယခုလို မြန်မာနိုင်ငံအတွင်းရှိလူများအကျိုးကို တစ်ဖက်တစ်လှမ်းကနေ သယ်ပိုးပြီး ရှေ့ဆက်သွားမှာပါလို့ ပြောကြားထားပါတယ်။

Panasonic Global မှ 100 Thousand Solar Lanterns Project ဖြင့် ကုမ္ပဏီနှစ်(၁၀၀)ပြည့်ဖြစ်သည့် ၂၀၁၈ခုနှစ်မတိုင်မီ လျှပ်စစ်မီးလိုအပ်သည့် ဖွံဖြိုးဆဲနိုင်ငံတွေကို အကူအညီပေး လှူဒါန်းသွားရန်ဖြစ်သည်။ ယခုအခါ ခန့်မှန်းခြေ လူဦးရေ သန်း ၁ထောင်ခန့်(ကမ္ဘာလူဦးရေ ၁၇%ခန့်) က လျှပ်စစ်မီးမရရှိနိုင်တဲ့ နေရာတွေမှာ နေထိုင်လျက်ရှိပါတယ်။ 100 Thousand Solar Lanterns Project ၏ရည်ရွယ်ချက်အနေဖြင့် ကုမ္ပဏီရဲ့ နည်းပညာနဲ့ ထုတ်ကုန်တွေကို အသုံးပြုပြီး ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေးအခွင့်အလမ်းတွေမှာ ကူညီထောက်ပံ့နိုင်ရန် ဖြစ်ပါတယ်။ ဆိုလာမီးအိမ်တွေကို ဆိုလာပြားနဲ့ချိတ်ဆက်ထားပြီး ဆိုလာစွမ်းအင်ကို အသုံးပြုပြိး လူမှုနေထိုင်မှုဘဝတွေသာမက ကာဗွန်ဒိုင်အောက်ဆိုက် လျှော့ချရေးကိုပါ အလေးပေး လုပ်ဆောင်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်း လူဦးရေ၏၆၈%မှာ လျှပ်စစ်မီးမရရှိပါ။ Panasonic အနေဖြင့် ဆိုလာမီးအိမ်များဖြင့် လူအများအတွက် ပိုမိုကောင်းမွန်သော ဘဝနေထိုင်မှုဖြစ်အောင် ထောက်ပံ့ပေးပြိး ဖွံဖြိုးတိုးတက်သွားအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ဆိုလာလှူဒါန်းပေးခဲ့သော အဖွဲ့အစည်းများ

1.   All Country Agency for Rural Development
2.   Association for Regein Tanjoji International Cooperation
3.   Birumero no kai
4.   Greater Mekong Initiative
5.   Karen Baptist Convention
6.   Linguistic Society
7.   Meikswe Myanmar
8.   Myanmar Red Cross Society
9.   Peoples' HOPE Japan
10. Saetanar
11. Save the Children Japan

"World Energy Outlook 2015" by International Energy Agency မှကောက်နုတ်တင်ပြသည်။