အလိုရှိသည်များ စာရင်း (Wish List) အတွင်းထည့်သွင်းရန် အများဆုံးသတ်မှတ်ထားသော ထုတ်ကုန်ပစ္စည်း အရေအတွက်သို့ ရောက်ရှိသွားပြီဖြစ်သည်
NI-W410TSBSG
360° Quick™ ဘက်မျိုးစုံပြောင်း မီးပူ
• လုံးဝန်းသော အောက်ခံပြား • တိုင်တေးနီယမ်အလွှာအုပ် အောက်ခံပြား • 2200W ပါဝါ • ရေနွေးငွေ့ကို ဒေါင်လိုက်ဖြန်းပေးနိုင်စွမ်း • ရေနွေးငွေ့ပေါက် / အလိုအလျောက်ဆေးကြောခြင်း • ချိုးမကပ်စေသည့် စနစ် • 360° ဆုံလည်ကြိုး
ဘယ်လိုအဝတ်အထည်မျိုးကိုမဆို ဘက်မျိုးစုံ မီးပူတိုက်နိုင်စေသော 360° Quick လုပ်ဆောင်ချက်နှင့် မိတ်ဆက်ပေးခြင်း။ ၎င်းတွင် ရှေ့ပိုင်းနှင့် နောက်ပိုင်းနှစ်ခုလုံးတွင် ဟန်ချက်ညီသည့် ထိပ်စွန်းများ ပါဝင်သော အထူးဒီဇိုင်းထုတ်ထားသည့် အောက်ခံပြားတစ်ခု ပါဝင်သောကြောင့် သင် ယခု မီးပူကို မစရာ မလိုဘဲ ရှေ့ဘက်ရော နောက်ဘက်ရောကို မီးပူတိုက်နိုင်ပါပြီ။ အောက်ခံပြားကို ဘေးဘက်များသို့ ချောမွေ့စွာ ရွှေ့နိုင်စေရန် အလယ်တွင်လည်း ခုံးထားသည့်အတွက် 360° Quick Panasonic မီးပူသည် မီးပူတိုက်သည့်ကြာချိန်ကို 25% အထိ လျှော့ချပေးသည်။
ဘယ်လိုအနေအထားမျိုးမှာမဆို အလုပ်လုပ်သော အရှိန်ပြင်ပြင်း ဒေါင်လိုက်ရေနွေးငွေ့ ဖြန်းပေးခြင်းကြောင့် ယခု သင့်မီးပူကို ထောင်၍ကိုင်ထားပြီး လိုက်ကာများ သို့မဟုတ် ချိတ်ထားသော အဝတ်များမှ တွန့်ကြေမှုများ ပျောက်သွားစေရန် ဒေါင်လိုက် ရေနွေးငွေ့ဖြန်းနိုင်သည်။ ထို့ပြင် အဝတ်အထည်များမှ အနံ့ဆိုးများကို ဖယ်ရှားရန်လည်း ရေနွေးငွေ့ကို သုံးနိုင်ပြီး အဝတ်အထည်များကို သစ်လွင်၍ အနံ့အသက်ကင်းစေသည်။
နေရာပိုကျယ်ကျယ်ပေါ်ကို ရေနွေးငွေ့ပိုများများ ပန်းထုတ်ပေးနိုင်သော အသစ်စက်စက် ဒီဇိုင်းဖြင့် အဝတ်ပေါ်ကို အစိုဓာတ်များများ ပိုမိုရောက်ရှိသည့်အတွက် မီးပူတိုက်ရခက်သော ခေါက်ရာများကို အလွယ်တကူ ပြန့်ရန့်သွားစေပြီး မီးပူတိုက်ရခြင်းကို ပိုမိုမြန်ဆန်လာစေသည်။ မီးပူတိုက်နေစဉ် Panasonic မီးပူသည် အဝတ်များကို လုံးဝပြန့်ရန့်သွားအောင် မီးပူတိုက်နိုင်စေရန် ရေနွေးငွေ့ ပမာဏကွက်တိကို ထုတ်ပေးသည်။
ယခုအခါ တွန့်ကြေမှု လုံးဝမရှိအောင် မီးပူတိုက်ပေးသည့် ကျွန်ုပ်တို့၏ Panasonic မီးပူများတွင် လုံးဝန်းသော အောက်ခံပြားအသစ်များ ပါဝင်လာသည်။ ထိုအောက်ခံပြားများမှာ အကောင်းဆုံး ပြောင်းလွယ်ပြင်လွယ်မှုနှင့် လမ်းညွှန်ပေးမှုအတွက် 1mm ခုံးဝိုက်ထားသည်။ ပြန့်ပြူးသော အောက်ခံပြားများပါသည့် သာမန်မီးပူများနှင့် မတူသည်မှာ 360° Quick တွင် သင့်အဝတ်အထည်များ ပိုးသားကဲ့သို့ ပျော့ပြောင်းနူးညံ့ပြီး ပြန့်ရန့်သွားစေရန် တွန့်ကြေမှုအားလုံးကို သေချာဂရုစိုက်ဖယ်ရှားပေးမည့် ခုံးဝိုက်ထားသော အောက်ခံပြားများ ပါဝင်သည်။သို့ဖြစ်၍ ယခု သင်သည် တွန့်ကြေမှုများကို စိုးရိမ်နေစရာမလိုဘဲ ပိုမိုကောင်းမွန်အောင် ဖန်တီးထားသည့် အောက်ခံပြားအသစ်များဖြင့် ပိုမိုမြန်ဆန်စွာ မီးပူတိုက်နိုင်ပါပြီ။