Panasonic Asia Pacific Pte Ltd (Myanmar Branch)

၏ ဓါတ်ပုံများ Panasonic Asia Pacific Pte Ltd (Myanmar Branch)

Towards improving market visualization, Panasonic Myanmar showcases the company's full array of Business-to-Consumer (B2C) products and Business-to-Business (B2B) solutions, are integrated with service centers. Panasonic Myanmar aims to create a better life and a better world by enhancing quality of living through innovative electronics that cater to different lifestyle needs. These include home and cooking appliances, beauty and grooming products, televisions, audio-visual products and cameras. The company also strives to boost local business development and support growing infrastructure by marrying technology and products into comprehensive solutions tailored to meet unique market requirements in both residential and commercial sectors such as retail shops, convenience stores, hotels, offices and educational institutions. The one-stop showrooms offer customers and corporates the opportunity to experience the products and solutions first-hand, enhancing the brand's touch points with its stakeholders. Staying true to its philosophy of contribution to society, Panasonic Myanmar will continue to contribute to the development and prosperity of the markets it operates in, be it through technologies, products, solutions and corporate citizenship activities.

ကုမ္ပဏီအမည်

Panasonic Asia Pacific Pte Ltd (Myanmar Branch)

ရုံးတည်နေရာ

G-15, Tower D, Pearl Condominium,
Kabar Aye Pagoda Road, Bahan Township, Yangon

ဖုန်းနံပါတ်

+95 - 1 - 860 – 4657

Chief Representative

Hisakazu Maeda

Foundation

30 April 2013

Chief Representative ထံမှ စကားသံ

We have seen our brand grown significantly in Myanmar, especially in recent years, after emerging from decades of economic and political isolation.

As a fast growing country with a large young population, Myanmar is an important market for Panasonic.
We believe that the country will continue to grow and prosper socially and economically in the coming years.
Hence, we hope to further strengthen our business here and contribute to the country’s progress by establishing a Panasonic Asia Pacific Myanmar Branch in the key commercial city of Yangon and Mandalay from 2013.

November 2016
Chief Representative, Panasonic Myanmar

နေရာကိုကြည့်ရန်

ရုံးချုပ်လိပ်စာ
အမှတ် ဂျီ (၁၅)၊ တာဝါ (ဒီ)၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

ဒေသတွင်းရုံးချုပ်များ

၏ ဓါတ်ပုံများ ဒေသတွင်းရုံးချုပ်များ

Panasonic Asia Pacific Pte Ltd.

စင်ကာပူနိုင်ငံတွင် အခြေစိုက်သော  Panasonic Asia Pacific Pte Ltd သည် အရှေ့တောင်အာရှနှင့် အာရှပစိဖိတ်ဒေသများကို Panasonic ထုတ်ကုန်များကို တင်ပို့ရောင်းချပါသည်။ ဒေသတွင်း ထုတ်လုပ်ရေးစက်ရုံ ၃၃ခုဖြင့် သုံးစွဲသူများကို ရောင်းချထုတ်လုပ်ပေးလျက်ရှိသည်။

ကုမ္ပဏီအမည်

Panasonic Asia Pacific Pte Ltd.

ရုံးတည်နေရာ

202 Bedok South Avenue 1 Unit #02-01 Singapore 469332

ဖုန်းနံပါတ်

+65-6299-8400

Fax

+65-6299-7600

Managing Director

Takehiko Ryu 

Foundation

June 1974

အာရှပစိဖိတ်ဒေသရှိ အခြားသော ဒေသတွင်းရုံးချုပ်များအကြောင်း ပိုမိုသိရှိလိုပါက

ရုံးချုပ်များ

၏ ဓါတ်ပုံများ ရုံးချုပ်များ

Panasonic Corporation

၁၉၁၈ ခုနှစ်တွင် ကုမ္ပဏီအား စတင်တည်ထောင်ခဲ့ချိန်မှစ၍ Panasonic မှ ကျွန်ုပ်တို့၏ ဝယ်ယူအားပေးသူများအတွက် ပိုမိုကောင်းမွန်သော လူနေမှုဘဝကို ပံ့ပိုးပေးပြီး ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များတွင် "လူအများလိုအပ်ချက်" တို့ကို အမြဲဦးစားပေးရှေ့တန်းတင်ကာ "လူသားတို့၏ ဘဝများ" ကို အဓိက အလေးပေးဆောင်ရွက်ပေးလျက် ရှိပါသည်။ ထို့အတူ ရှေ့သို့ ဆက်လက်လှမ်းချီရာတွင်လည်း ကျွန်ုပ်တို့၏ ဆန်းသစ်သော အီလက်ထရောနစ်ပစ္စည်းများဆိုင်ရာ နည်းပညာအပေါ်အခြေခံပြီး အီလက်ထရောနစ်ဆိုင်ရာ သုံးကုန်ပစ္စည်းများမှ အစပြု၍ စက်ရုံသုံးပစ္စည်းကိရိယာများ၊ အဆောက်အဦးသုံး ကုန်ပစ္စည်းပေါင်းများစွာအထိ အမျိုးအစားစုံလင်သော ကုန်ပစ္စည်းများ၊ စနစ်များနှင့် ဝန်ဆောင်မှုများကို ဆက်လက်ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။ အိမ်များ၊ အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် မော်တော်ကားများစသည့် နေရာကဏ္ဍ အမျိုးမျိုးတွင် ပိုမိုကောင်းမွန်သော လူနေမှုဘဝအတွက် ဝန်ဆောင်မှုအသစ်များပေးရန်နှင့် ဝယ်ယူအားပေးသူတိုင်းအတွက် "ပိုမိုကောင်းမွန်သော ဘဝ၊ ပိုမိုကောင်းမွန်သော ကမ္ဘာ" ကိုအကောင်အထည်ဖော်ရာ၌ ကူညီရန် ကျွန်ုပ်တို့ဆက်လက်၍ ကြိုးကြိုးစားစားလုပ်ဆောင်သွားပါမည်။

ကုမ္ပဏီအမည်

Panasonic Corporation

ရုံးချုပ်တည်နေရာ

1006, Oaza Kadoma, Kadoma-shi, Osaka 571-8501, Japan

ဖုန်းနံပါတ်

+81-6-6908-1121

ဥက္ကဌ
လုပ်ငန်းအုပ်စု အမှုဆောင် အရာရှိချုပ်

ဖောင်ဒေးရှင်း

၁၉၁၈ ခုနှစ်၊ မတ်လ
(၁၉၃၅ ခုနှစ်၊ ဒီဇင်ဘာလတွင် လုပ်ငန်းကို တရားဝင် ဖွဲ့စည်းသည်)

အသားတင်ရောင်းရငွေများ*

ယန်း 6,698.8 ဘီလီယံ

ဝန်ထမ်း အရေအတွက်*

243,540

လက်တွဲဆောင်ရွက်သော ကုမ္ပဏီ အရေအတွက်*

523
(စတည်သည့် ကုမ္ပဏီ အပါအဝင်)

* မတ်လ 2021 အဆုံးသတ်ဘဏ္ဍာရေးနစ်

လုပ်ငန်းအုပ်စု CEO ၏ အမှာစကား

ဓာတ်ပုံ- Panasonic Corporation Group CEO Yuki Kusumi

စီမံခန့်ခွဲမှု အခြေခံသို့ တစ်ကျော့ပြန်သွားခြင်းဖြင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ချမ်းသာကြွယ်ဝမှုတို့ ပြည့်စုံသည့် စံပြ လူ့အဖွဲ့အစည်းတစ်ခုသို့ ဦးတည်ခြင်း

ကျွန်ုပ်တို့၏ အခြေခံ စီိမံခန့်ခွဲမှု ရည်ရွယ်ချက်ဖြင့် လမ်းညွှန်ထားသော ကျွန်ုပ်တို့၏ အဖွဲ့အစည်းဆိုင်ရာ လုပ်ဆောင်ချက်အားလုံးမှတစ်ဆင့် ကျွန်ုပ်တို့သည် Panasonic Group တွင် "လူ့အဖွဲ့အစည်း တိုးတက်၊ ဖွံ့ဖြိုးရေးနှင့် လူများ၏ ချမ်းသာပျော်ရွှင်မှု" အပြင် "ကမ္ဘာတစ်ဝန်းတွင် လူနေမှုဘဝ အရည်အသွေးကို အဆင့်မြှင့်တင်ပေးရန်" အပြည့်အဝ သန္နိဋ္ဌာန်ပြု ဆောင်ရွက်လျက်ရှိသည်။

အုပ်စုမှသည် ကုမ္ပဏီအဆင့် လည်ပတ်ဆောင်ရွက်မှုစနစ်သို့ ကူးပြောင်းလာသည်နှင့်အမျှ ကျွန်ုပ်တို့၏ လုပ်ငန်းအသီးသီးတွင် ပျိုးထောင်ဆောင်ရွက်ခဲ့သည့် အားသာချက်များကို ပို၍ ထင်ရှားပေါ်လွင်အောင် ပြုလုပ်သွားပါမည်။ ထို့ပြင် ပိုမိုကောင်းမွန်သည့် လူမှုအသိုင်းအဝိုင်းဆိုင်ရာ ပံ့ပိုးမှုများကို ဖန်တီးရန် ရည်ရွယ်လျက် ကျွန်ုပ်တို့၏ ကနဦးတည်ထောင်သူ၊ Konosuke Matsushita က အကောင်အထည်ဖော်ခဲ့သည့် ကျွန်ုပ်တို့၏ အခြေခံ စီမံခန့်ခွဲမှု အခြေခံမူများသို့ တစ်ကျော့ပြန်သုံးသပ်ပါမည်။ နောက်ဆုံးအနေဖြင့် ယနေ့ခေတ် လူမှုရေး အခြေအနေများနှင့် စံတန်ဖိုးများအပေါ် အခြေခံ၍ ဤအခြေခံမူများကို ပြင်ဆင်မွမ်းမံပြီး "Panasonic Group ၏ အခြေခံ စီးပွားရေး ဒဿန" တွင် ထည့်သွင်းပေါင်းစပ်ကာ ၎င်းကို ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်အားလုံးမှတစ်ဆင့် အပြည့်အဝ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားပါမည်။

ရှေ့ဆက်၍ ကျွန်ုပ်တို့သည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ အပါအဝင် အမျိုးမျိုးသော လူမှုရေး ပြဿနာများကို မျှတစွာ ဖြေရှင်းပေးရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး လိုအပ်သည့် ဖြေရှင်းချက်များကို လူ့အဖွဲ့အစည်းအား ပံ့ပိုးပေးရန် ကြိုးပမ်းသွားပါမည်။ ထို့ပြင် ပိုမိုဖွံ့ဖြိုးတိုးတက်သော လူမှုအဖွဲ့အစည်းသို့ ဦးတည်ရန် ရည်ရွယ်၍ ကျွန်ုပ်တို့သည် စံပြလူ့အဖွဲ့အစည်းတစ်ခုတွင် ရှိသင့်သည်များကို အမြဲတစေ စိတ်ကူးပုံဖော်လျက် လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။ ဤရည်ရွယ်ချက်များကို နှလုံးသွင်းလျက် ကျွန်ုပ်တို့သည် စံတန်ဖိုးအသစ်များကို ထုတ်ဖော်ပြီး ကျွန်ုပ်တို့၏ လုပ်ငန်းစွမ်းဆောင်ရည်များကို မဆုတ်မနစ်သည့် နည်းလမ်းဖြင့် ရှေ့တန်းမှ မြှင့်တင်ဆောင်ရွက်သွားပါမည်။ ဤကြိုးပမ်းအားထုတ်မှုများမှတစ်ဆင့် ကျွန်ုပ်တို့သည် Panasonic တွင် သုံးစွဲသူများ၏ မျှော်မှန်းချက်များထက် သာလွန်သော အရည်အသွေးမြင့် ကုန်ပစ္စည်းများကို ဆက်လက်ပံ့ပိုးပေးသွားပါမည်။

ကနဦးတည်ထောင်သူ Konosuke Matsushita က ကျွန်ုပ်တို့အနေဖြင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်ခုစလုံး ပြည့်စုံနေမှသာလျှင် လူသားများအနေဖြင့် ပျော်ရွှင်မှုကို ထိန်းသိမ်းထားနိုင်ပြီး ပိုမိုပျော်ရွှင်စေနိုင်မည်ဟု ယုံကြည်သည်။ ဤသဘောထားအပေါ် အခြေပြု၍ သူသည် ရုပ်ဝတ္ထုပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်ခုစလုံး ပြည့်စုံသည့် စံပြလူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးဖော်ဆောင်ရန်အတွက် သူ၏ အချိန်နှင့် စွမ်းဆောင်ရည် အလုံးစုံကို ပေးအပ် မြှုပ်နှံထားသည်။ ယခုအခါ ကျွန်ုပ်တို့သည် Panasonic Group တွင် မိမိကိုယ်ကို အမြဲစိန်ခေါ်၍ မဆုတ်မနစ် တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ကျွန်ုပ်တို့၏ အုပ်စုလိုက် အားသာချက်များစွာကို ပေါင်းစည်း၍ သူ၏ ရည်မှန်းချက်ကို ဖြည့်ဆည်းဆောင်ရွက်ရန် ခိုင်မာစွာ သန္နိဋ္ဌာန်ပြုခဲ့သည်။

သင့်အနေဖြင့် ဆက်လက်အားပေး၍ ရှေ့ဆက်ပံ့ပိုးကူညီပေးရန် ကျွန်ုပ်တို့ ရိုးသားစွာ တောင်းဆိုပါသည်။

Yuki.K

Yuki Kusumi
ကိုယ်စားလှယ် ဒါရိုက်တာ၊ ဥက္ကဋ္ဌ
လုပ်ငန်းအုပ်စု အမှုဆောင် အရာရှိချုပ်
Panasonic Corporation

Group Company များ

Panasonic group company
များအကြောင်း နောက်ထပ်လေ့လာရန်။