အလိုရှိသည်များ စာရင်း (Wish List) အတွင်းထည့်သွင်းရန် အများဆုံးသတ်မှတ်ထားသော ထုတ်ကုန်ပစ္စည်း အရေအတွက်သို့ ရောက်ရှိသွားပြီဖြစ်သည်
NN-DF383B
နေရာကျဉ်းကျဉ်းတွင် ထားရှိနိုင်ပြီး အကောင်းဆုံး စွမ်းဆောင်ရည်ကို ပေးစွမ်းသည်
• ၂၃L ကျစ်လျစ်သေသပ်သော Double Heater Oven • ဧရိယာကြီးမားသော အောက်ခံအပြား • အပူပေးစက်နှစ်ခုပါ မီးဖို ၄၀°C ၊ ၁၀၀-၂၂၀°C • တပြိုင်နက် ပေါင်းစပ်ချက်ပြုတ်စနစ် • အင်ဗာတာနည်းပညာ
ဤစစ်မှန်သော မီနူးမျိုးစုံဖြင့် သင်တတ်မြောက်ထားသည့် စွမ်းရည်ကို ဆက်လက်တိုးတက်အောင် ဆောင်ရွက်နိုင်ပါမည်။ • ၂၃L ကျစ်လျစ်သေသပ်သော Double Heater Oven • အပူပေးစက်နှစ်ခုပါ မီးဖို ၄၀°C ၊ ၁၀၀-၂၂၀°C • တပြိုင်နက် ပူးပေါင်း ချက်ပြုတ်စနစ် • သားငါးကင်ခြင်း၊ မိုက်ခရိုပါဝါ၊ တာဘို အရည်ပျော်စနစ်
တစ်ခါတည်း မီးအပူပေးပြီး ကင်ရန်။ ၁၀၀-၂၂၀ºC။ ထိပ်ပိုင်းနှင့် အောက်ခြေတို့မှနေ၍ အပူကို ညီမျှစွာ ထုတ်လွှတ်ပါသည်။ Double Heater သည် သေးငယ်ကျစ်လျစ်ပြီး မီးဖိုအတွက် စစ်မှန်သော စွမ်းဆောင်ရည်ကို ပံ့ပိုးပေးပါသည်။
အပေါ်၊ အောက်အပူပေးစက်များဖြင့် အစားအစာ၏ အပြင်ပိုင်းကို အရသာရှိစွာ ကင်နေစဉ်တွင် မိုက်ခရိုဝေ့လှိုင်းများသည် အတွင်းပိုင်းကို နှံ့စပ်စွာ အပူပေးပါသည်။ ယင်းအတွက်ကြောင့် အစားအစာများကို အပေါ်ယံတွင်ပိုအကျက်မြန်စေပြီး အတွင်းပိုင်းတွင် အရသာရှိအောင် ဆောင်ရွက်ပေးသဖြင့် တစ်ချိန်တည်းမှပင် ချက်ပြုတ်ချိန်ကို တိုတောင်းစေပြီး စွမ်းအင်ကို ချွေတာပေးပါသည်။
သေးငယ်ကျစ်လျစ်သော ကိုယ်ထည်သည် ကျဉ်းမြောင်းသော ကောင်တာပေါ်တွင် ဖြစ်စေ၊ နံရပ်ကပ်စင်တစ်ခုအောက်တွင်ဖြစ်စေ အံကိုက် ဝင်ဆ့ံပါသည်။ အသုံးပြုရလွယ်ကူသော ဒုတိယမီးဖိုကဲ့သို့ အလွယ်တကူပင် အသုံးပြုနိုင်ပါသည်။ *မီးဖို၏ ထိပ်ပိုင်းတွင် နေရာလွတ် ၁၅ စင်တီမီတာ၊ အနောက်ဘက်တွင် ၁၀ စင်တီမီတာ၊ ဘေးဖက်ခြမ်းတွင် ၅ စင်တီမီတာ နေရာလွတ်ထားရှိစေပြီး အခြားတစ်ဖက်ခြမ်းကို ၄၀ စင်တီမီတာထက်ပို၍ နေရာလွတ်ချန်ထားရမည်။
ချက်ပြုတ်နိုင်သောနေရာ ကျယ်လာသည်။ သင်သည် အစားအစာအများအပြားကို တစ်ကြိမ်တည်းတွင် ချက်ပြုတ်နိုင်သည့်အတွက် တစ်မိသားစုလုံးအတွက် လုံလုံလောက်လောက် ချက်ပြုတ်နိုင်ပါသည်။
ပါးလွှာသော အောက်ခံပြားအောက်မှ မိုက်ခရိုဝေ့ အင်တာနာတိုင်သည် မီးဖိုတလျှောက် မိုက်ခရိုဝေ့များကို ထုတ်လွှတ်ဖြန့်ဖြူးရန် လည်ပတ်နေပါသည်။ ၎င်းသည် လှည့်စရာမလိုဘဲ အပူများကို ပျံနှံစေသည်။
မီးဖို၏ အတွင်းပိုင်းတွင် အလွယ်တကူသန့်စင်နိုင်ရန်အတွက် ချိုးမကပ်နိုင်အောင် ဖလူအိုရင်းသုတ်ထားပါသည်။
အင်ဗာတာနည်းပညာသည် ကောင်းမွန်သော အနုစိတ် အဆင့်များစွာပါဝင်သည့် အပူပေးခြင်းထိန်းချုပ်စနစ်ကို ဆောင်ရွက်ပေးပါသည်။ အင်ဗာတာနည်းပညာအသစ်သည် ယခုအခါ အဆင့်ဆင့်အပူပေးခြင်းကို ပြုလုပ်နိုင်အောင် ဆောင်ရွက်ပေးပါသည်။
Panasonic အင်ဗာတာ မိုက်ခရိုဝေ့ မီးဖို၏ ချက်ပြုတ်သောပါဝါနှင့် စွမ်းဆောင်ရည်သည် ပွက်ပွက်ဆူအောင် တည်ခြင်းနှင့် ပေါင်းခြင်းစသော အခြားချက်ပြုတ်သည့် နည်းလမ်းများနှင့် ယှဉ်လျှင် အချို့သောအစားအစာတို့၏ အာဟာရဓာတ်ပါရှိမှု အဆင့်ကို သိသာထင်ရှားစွာ တိုးမြှင့်ထုတ်လုပ်ပေးပါသည်။* သင့် အစားအစာများသည် မြန်ဆန်စွာ အဆင်သင့်ဖြစ်ရုံသာမက၊ ၎င်းထဲတွင် ကျန်းမာစေသည့် အာဟာရဓာတ်များလည်း ပျောက်ပျက်မသွားပဲ ပါဝင်နေပါလိမ့်မည်။ *ဖော်ပြပါအချက်အလက်သည် Panasonic မိုက်ခရိုဝေ့ မီးဖိုများနှင့် အသုံးပြုနေကျချက်ပြုတ်ခြင်းနည်းလမ်းများကို နှိုင်းယှဉ် အသုံးပြုထားသော Cornell တက္ကသိုလ်၏ အာဟာရဓာတ်ဆိုင်ရာ သိပ္ပံပညာ လေ့လာမှုဌာန၏ ရလဒ်ဖြစ်ပါသည်။
Panasonic သည် ယခင် Panasonic အော်တို အရည်ပျော်စနစ်ထက် အစားအသောက်များကို ပိုမိုလျင်မြန်စွာ အရည်ပျော်စေရန်ပြုလုပ်စေသည့် Turbo Defrost™ ထွက်ပေါ်လာအောင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။ Panasonic အင်ဗာတာ Turbo Defrost နည်းပညာသည် အင်ဗာတာသုံး၍ စွမ်းအင်အဆက်မပြတ် ထုတ်ပေးသော အင်္ဂါရပ်ကို အသုံးပြုသည့် ခေတ်မီဆန်းသစ်သော မိုက်ခရိုဝေ့ စီစဉ်ခြင်း စနစ်ဖြစ်ပါသည်။
အစားအစာအပူချိန် ကို ပြန်လည်အပူပေးရန် sensor တစ်ချက်ထိရုံဖြင့် ပြီးပြည့်စုံသော ရလဒ်များရရှိရန်အတွက် အကောင်းဆုံးသော စွမ်းအားနှင့် အချိန်ဆက်တင်များကို အလိုလျောက် ပြုလုပ်ပေးပါလိမ့်မည်။
Oven Tray
Wire Rack