အလိုရှိသည်များ စာရင်း (Wish List) အတွင်းထည့်သွင်းရန် အများဆုံးသတ်မှတ်ထားသော ထုတ်ကုန်ပစ္စည်း အရေအတွက်သို့ ရောက်ရှိသွားပြီဖြစ်သည်
SR-CN188WSW
အနေတော် အထူ၊ ထူးကဲသော အရသာ
• အလွှာ 6 လွှာပါပြီး 2.2 မီလီမီတာအထူရှိသော အတွင်း အိုး • အော်တိုမီနူး 16 ခု • အလွယ်တကူ ကြည့်ရှုနိုင်သော အဖြူရောင် LED မီး • ဖြုတ်၍ရသော အတွင်းပိုင်းအဖုံးနှင့် ပေါင်းခံ လေဝင်လေထွက်အပေါက် • နွှေးသည့် လုပ်ဆောင်ချက်
အတွင်းအိုးသည် 2.2 မီလီမီတာ အထူရှိသည့်အတွက် အပူကို ထိန်းပေးထားနိုင်သည်။ ထမင်းလုံး တစ်စေ့ချင်းစီအထိ ညီညီညာညာ အပူဖြန့်ပေးနိုင်ပြီး သင်းပျံ့မွှေးကြိုင်သော ရနံ့ကို ရရှိစေသည်။
အပူထုတ်လွှတ်ပေးသည့် ပစ္စည်းများနှင့် အပူထိန်းပစ္စည်းများကို ပေါင်းစပ်ထားသောကြောင့် ထမင်းချက်ပြုတ်ပုံအဆင့်ဆင့်ကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးနိုင်သည်။
မီနူးများတွင် ထမင်းအတွက် အမာ/အပျော့ ရွေးချယ်နိုင်သည့်အပြင် ပိုမိုကျန်းမာရေးနှင့်ညီညွတ်သော ရွေးချယ်စရာများ ပါဝင်ပြီး သင့်လျော်သော အပူချိန်ညှိချက်များဖြင့် အလိုအလျောက် ထမင်းချက်ပေးသည်။
အပေါ်ဘက် မျက်နှာပြင်တွင် တောက်ပသော အဖြူရောင် LED မီးကို တပ်ပေးထားသဖြင့် နေ့ဘက် မည်သည့်အချိန်တွင်မဆို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး လုပ်ဆောင်ပုံမှာလည်း ရိုးရှင်းသည်။
အတွင်းဘက်အဖုံးနှင့် ပေါင်းခံ လေဝင်လေထွက်ပေါက်ကို အလွယ်တကူဖြုတ်၍ သန့်ရှင်းဆေးကြောကာ ပြန်လည်တပ်ဆင်နိုင်သည်။