TV

TV

1. TV ကလက်မ 50 ပါအပေါ်နားလေးမှာ အမဲကွက်ဖြစ်နေတယ်
LCD Panel ရဲ့သဘောတရားအရ လက်မကြီးတွေ Panel ပျက်ခြေပိုများပါတယ် Pixel Crack ဒါမှမဟုတ် Color Thin Lines အပ်ချည်မျှင်ထတတ်ပါတယ် Color Thin Line ထတယ်ဆိုတာ မှန် Panel နှင့် Tcom Bar ကြားက ဖလင်ပြားကြိုးက Lose connection ဖြစ်လို့ပါ၊ အမဲစက် ဒါမှမဟုတ် Color Spot ထတာက Pixel Crack ပါ၊ မပြင်ဘဲဆက်သုံးရင် ဘယ်အချိန်ထိခံမလဲက မသိနိုင်ပါ၊ တချို့ TV များကတော့ကြာကြာခံပါတယ် များသောအားဖြင့် TH-50C300 Model များမှာဖြစ်တတ်ပါတယ်၊

2. SMART TV မဟုတ်တဲ့ ရိုးရိုးTV Model ကို WiFi ချိတ်သုံးချင်ပါတယ်
SMART TV မဟုတ်တဲ့ ရိုးရိုးTV Model ကို WiFi ချိတ်သုံးချင်ပါက WiFi Smart Box နဲ့ ချိတ်သုံးလို့ရပါတယ်၊ WiFi Smart Box က မည်သည့် LCD TV မဆို ချိတ်ဆက်လို့ရပါတယ်၊ HDMI နှင့်ချိတ်ဆက်ရမှာ ဖြစ်ပါတယ်
WiFi Smart Box မပေါ်ခင်က WiFi Adaptor (Anycast Adaptor) ကို LCD TV နှင့် တွဲဆက်သုံးပါတယ်၊ ဒီ Adapter ဟာ သူ့ရဲ့ Power Supply ကို USB ကယူပါတယ် 5V 1A ရှိရပါတယ်၊ တချို့က Phone Charger ကတဆင့် USB ဖြင့် Power Supply ယူပါတယ်၊ တချို့က အလွယ်တကူ LED TV ရဲ့ USB Port Supply ကိုယူပါတယ်၊ တကယ်တမ်းတွဲသုံးတဲ့အခါမှာ Amphere တွေကမတောင့်တင်းတဲ့အတွက် Power Shortage ဖြစ်ပြီး TV A Board ပျက်တတ်ပါတယ်

3. TV Screen မှာ လိုင်းသေးသေးလေးပေါ်နေတယ်ပြင်လို့ရလား
TV Screen မှာ လိုင်းသေးသေးလေးတွေက ဒေါင်လိုက် သို့မဟုတ် အလျားလိုက်ဖြစ်ဖြစ် ပေါ်တတ်ပါတယ်၊ ဒီလိုဖြစ်ရတာက TV ရဲ့ Panel မှန်က ပျက်လို့ပါ၊ Panel ပျက်ရတာ အကြောင်းအရင်း ၂ခု ရှိပါတယ်၊ TV အသုံးပြုတာ သက်တမ်းကြာလာတဲ့အခါမှာ Panel အတွင်းပိုင်းက T-com နဲ့ Panel ကိုဆက်သွယ်ပေးထားတဲ့ ဖလင်ကြိုးပြား COF ကြိုးပြား Loss Connection ဖြစ်လာပြီး မှန်မှာ အစင်းအမျိုးမျိုးထွက်လာပါတယ်၊ နောက်တစ်ခုက User Fault ကြောင့် မှန်အစင်းထတာပါ ပြင်ပက ရေငွေ့ရိုက်တာမျိုး အရည်တစ်မျိုးမျိုး TV အတွင်းပိုင်းထဲ၀င်တာတာမျိုးကနေ COF လောင်သွားပြီး တဖြည်းဖြည်းမှန်အစင်းထလာပါတယ်၊ ပြီးရင် TV ရုပ်ထွက်ပါပျောက်သွားတာမျိုးဖြစ်ပါတယ်၊

4. TV က Power ၁ ကြိမ်ပဲလာပြီး ပြန်ပြန်ပိတ်သွားပါတယ် လာပြင်လို့ရလား
Power တစ်ခါပဲလာပြီး ပြန်ပိတ်သွားတာက ဖြစ်နိုင်ခြေအများကြီးရှိပါတယ်၊ မီးပလပ်လွတ်တာမျိုး၊ Power cable မကောင်းတာမျိုး၊ Safegurad နဲ့တွဲသုံးပါက Safeguard မကောင်းတာမျိုး ဖြစ်နိုင်ပါတယ်၊ ဒီအချက်များကို ဦးစွာစစ်ဆေးသင့်ပါတယ်၊ စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ဆိုရင် အများဆုံးဖြစ်နိုင်တာက Back Light LED Error ကြောင့်ပါ၊ TV ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ အသံပိုင်းဆိုင်ရာ နှင့် အခြားအစိတ်အပိုင်းများ မကောင်းရင်လည်း ဒီလို error ပြတတ်ပါတယ်

5. 1) TV က တချို့ Channel ပဲမိပြီး တချို့ Channel ကမမိတာလား၊
Channel တချို့ မိပြီး တချို့မမိတာက Antenna Direction ကြောင့်ပါ၊ တပ်ဆင်မှုမှားယွင်းရင်လည်းဖြစ်တတ်ပါတယ်၊ WHF အရင်တုန်းက Bar များကိုအသုံးပြုရင်လည်းဖြစ်တတ်ပါတယ်၊ UHF Antenna ကိုပြောင်းလဲသုံးစွဲရမှာပါ

2) Channel List ထဲမှာ Channel တွေပျောက်နေတာလား၊
Customer က Remote က Blue Yellow Ch+ တခုခုကိုပူးတွဲနှိပ်မိရင် ရှိသော Channel အားလုံး Reset ဖြစ်သွားပါတယ်၊ ထိုအခါ Menu ထဲက Set Up ကိုနှိပ်ပါ၊ Tunning ကို၀င်ပြီး Signal Condition ကိုစစ်ပါ၊ Signal က အစိမ်းရင့်ရောင်ပြနေရင် Auto Tunning ကိုပြန်ဖမ်းပါ၊ Signal Condition က အစိမ်းရင့်ရောင်မဟုတ်ရင် Tunner ခေါင်း Antenna ပြန်စစ်ပါ

3) Channel List ထဲမှာ Channel တွေရှိနေပြီး Channel တစ်ခုကို ရွေးလိုက်ရင် No Signal ဖြစ်နေတာလား၊
Channel List ထဲမှာ Channel တွေရှိနေပြီး မည်သည့် Channel မျှမပေါ်ဘဲ No Signal ပြနေရင် Tunner ပြန်ဖမ်းခိုင်းပါ၊ ဒီအတိုင်းမမိဘူးဆိုရင် Shipping ချဖို့လိုပါတယ်၊ Service Technician နှင့် ဆက်သွယ်ပြုပြင်ဖို့လိုပါတယ်

4) Tuner Lines ဖမ်းရင်း 100% ဖြစ်နေပေမဲ့ Channel မတက်တာလား
TV Tunner ဖမ်းတာ 100% ဖြစ်လဲ Channel တစ်လိုင်းမျှမတက်ရင် Antenna Tuner ခေါင်း Shipping ချပြီးလဲ လိုင်းမရရင် TV Main Board ပျက်တာဖြစ်နိုင်ပါတယ်

6. TV ကမီးနီဘဲလင်းပြီး ပါဝါဖွင့်မလာဘူး
၁.Remote နဲ့ပိတ်ထားလားအရင်စစ်ပေးပါ၊Remote နဲ့ပိတ်ထားရင် ပါဝါခလုတ်ကိုနိုပ်ပြီးဖွင့်မှရပါမယ်ဒါမှပါဝါလာပါမယ် Remote ခလုတ်ကပျက်နေရင်ဒါမှမဟုတ် ဓာတ်ခဲ့မကောင်းရင် Remote အလုပ်လုပ်ရင်ပါဝါမလာပါဘူး။၂.TVရဲ့အနောက်ဘက်မှာခလုတ်တွေပိတ်ထားမိရင်လဲ ပါဝါမလာတက်ဘာဘူး TVအနောက်က HCလို့ပါတဲ့ခလုတ်တွေကိုနိုပ်ပေးရပါမယ်။၃.မီးနီကမိတ်တုတ်မိတ်တုတ်ဖြစ်နေရင် အတွင်းပိုင်းကစက်ပိုင်းဆိုင်ရာပျက်နိုင်ပါတယ် သေချာစစ်ဆေးသင့်ပါတယ်

7. TV ကဖွင့်လိုက်ရင်ရုပ်မပေါ်လာဘူး အသံကြားနေရတယ်ပြင်လို့ရသေးလား။
၁.TV နဲ့ join ထားတဲ့ကြိုးကောင်းမကောင်းအရင်စစ်ပေးရပါမယ် HDMI ကြိုးနဲ့သုံးရင်HDMI ကြိုးကောင်းမကောင်းစစ်ရပါမယ် ရိုးရိုးကြိုးနဲ့အဖြူအနီအဝါနဲ့သုံးရင် အဝါကြိုးကိုစစ်ပေးရမယ် တကယ်လို့ကြိုးတွေပျက်ရင်လဲလိုက်ရင်ကောင်းသွားနိုင်ပါတယ်။၂.ကြိုးတွေ့အကုန်စစ်ပြီးကောင်းနေရင် စက်ပိုင်းက မှန် ပျက်နိုင်သလို main board တွေ့လဲပျက်နိုင်တယ် သေချာစစ်ဆေးမှ သိရပါမယ်။

8. TV ကအသံမကြည်တော့ဘူးပြင်လို့ရသေးလား။
၁. TV နဲ့ join ထားတဲ့ auido ကြိုးတွေ့မကာင်းရင်လဲအသံမကြည်တာဖြစ်တက်ပါတယ် အဖြူအနီအဝါကြိုးတွေစစ်ပေးပါ၊၂.Spear မကောင်းရင်လဲ အသံထွက်မကြည်လင်တာဖြစ်တက်ပါတယ်အသံကိုအကျယ်ချဲ့လိုက်လို့အသံကထစ်သွားရင် spear ပျက်တာပါ ၃.အသံထွက်မမှန်တာ မကြည်လင်တာ PCB Board မကောင်းရင်လဲဖြစ်တက်ပါတယ်။

9. TV ကပါဝါမလာတော့ဘူး ပြင်လို့ရလား
၁.TV နဲ့ join ထားတဲ့ကြိုးကောင်းမကောင်းအရင်စစ်ပေးရပါမယ်အထိုင်ပလုတ်ကိုကောင်းမကောင်းစစ်ပေးပါ ၂. TV မှာရှိတဲ့ပါဝါခလုတ်ကိုပိတ်ထားမိရင်လဲပါဝါမလာတက်ဘူး အနောက်မှာရှိတဲ့ခလုတ်ကိုပြန်ဖွင့်ကြည်ပါ၊၃. TV က power board ပျက်ရင်လဲ power မလာတက်ဘူး။

10. TV က remote နဲ့အလုပ်မလုပ်တော့ဘူး
၁. Remote နဲ့နိုပ်လို့မရတာက remote ကောင်းမကောင်းအရင်စစ်ကြည်ရပါမယ် ဓာတ်ခဲ့အသစ်လဲကြည်ပါ၊ဖုန်းမီးနဲ့လဲ ကောင်းမကောင်းစစ်နိုင်ပါသည် ဖုန်းcameraအရှေ့မှာremoteကိုထားပြီးနိုပ်ကြည်ပေးပါမီးနီလင်းရင် remote ကောင်းပါသည် ၊မီးနီမလင်းရင် remote ပျက်နိုင်ပါတယ်၊remote အသစ်ကို service center မှာဝယ်လို့ရပါတယ်။၂.Remote ကကောင်းတယမီးလင်းတယ် TV နဲ့နိုပ်လို့မရရင်TV မှာရှိတဲ့ remote sensor ကပျက်နေတာ သို့မဟုတ် mother board ပျက်နိုင်ပါတယ်။

11. TV ကဖွင့်ထားတာနဲနဲကြာရင် ပြန်ပြန်ပိတ်သွားတယ် ဘာဖြစ်တာလဲ
TVကဖွင့်ထားပြီးပြန်ပြန်ပိတ်သွားတာကမီးကမိတ်တုတ်ဖြစ်နေလားအဲ့ဆိုရင် အတွင်းထဲက back light မီးလုံးတွေပျက်နိုင်တယ် မှန်လဲပျက်နိုင်တယ်၊power supply card မကောင်းရင်လဲဖြစ်နိုင်တယ်၊ပလပ်ကြိုးမကောင်းတော့ရင်လဲပါဝါမလာတက်ဘူး၊

12. TV ကကာလာမကြည်တော့ဘူး
အရောင်၁ရောင်ထဲကိုစူးနေတာဆိုရင်ပြန်ချိန်လို့ရတယ် remote ရဲ့ meru ခလုတ်ကိုနှိပ်ပြီး picture ထဲက colour ကိုဝင် remote ရဲ့အဝိုင်းခလုတ်ကိုထဲက right or left key နဲ့အရောင်အတိုးအလျော့လို့ရပါတယ် ကာလာ errorဖြစ်တာကွက်တိကွက်ကြားကာလာမကြည်လင်တာဆိုရင် မှန်ပျက်တာကြောင့်ဖြစ်နိုင်တယ်။

13. TV ကလိုင်းတွေ့ပျောက်ကုန်တယ်ဘယ်လိုပြန်ဖမ်းရလဲ
TV ကိုreset ချလိုက်ရင်ပြရသွားနိုင်တယ်၊အင်တာနာကြိုးရွေ့သွားတာသို့မဟုတ်ပျက်သွားရင်လဲလိုင်းဖမ်းလို့မရတာဖြစ်နိုင်တယ်၊ရိုးရိုးTVဆိုရင်လိုင်းပြန်ဖမ်းပုံ(remote ကmeru ခလုတ်ကိုနှိပ်set up ထဲဝင်TVမှာပေါ်လာတဲ့ set up ကိုဝင်ပြီးremote ကအဝိုင်းနေရာကright key ‌လေးကိုနှိပ်,system menu ထဲနှိပ် shipping condition ကိုနှိပ်ပြီးok 2ခါထပ်နှိပ် ok ,language ကိုရွေးခိုင်းရင်english ကိုရွေးပြီးရင် myanmar ကိုထပ်ရွေး asia/w.europe ကိုနှိပ်ပြီးရင် ok နှိပ်ပြီးရပါပြီး။အဲ့လိုဆိုရင် screen မှာ scan ဆိုပြီးစတက်လာမယ် လိုင်းတွေ့ digital မှာတက်လာလိမ့်မယ် percentage ကလဲတက်လာလိမ့်မယ် ပြီးရင် home နဲ့ shop ပေါ်လာရင် home ကိုရွေးပြီး ok နှိပ်လိုက်ပါ လိုင်းတွေ့ပြန်ရလာလိမ့်မယ်။

14. Youtube ကြည့်ပြီး ပြန်ထွက်သွားတယ် ကြည့်လို့မရေတော့ဘူး
You Tube app ထဲမှာ အကောင့် (email)ကို sign in လုပ်ထားရမယ် အကောင့်ထည့်ပြီးရင် TVမှာပါတဲ့ Search Bar မှာ Clean data ကိုနိပ်ပေးပါ ပြီးရင် ပုံမှန်အတိုင်းဆက်သုံးလို့ရပါပြီ ။ You tube App အကောင့်မထည့်ဘူးဆိုရင် ကြည့်လို့မရတာဖြစ်နိုင်တယ် အကောင့်ကို sign in လုပ်ထားပါ

15. Andiord TV လာပြီး ပြန်ပိတ်သွားတယ်
Software Error ဖြစ်နိုင်တယ် ၊ software update ပြန်လုပ်ရပါမယ် Service Center မှာလာလုပ်မှရပါမယ်

16. Andiord TV မှာ Facebook သုံးချင်တယ် ဘယ်သုံးရတာလဲ
Android app တခု အရင်ဆုံး download လုပ်ရပါမယ် ပြီးရင် အဲဒီ app ကနေ ကိုယ်လိုချင်တဲ့ app ကို ရှာပြီး download လုပ်ပြီးသုံးလို့ရတယ်

17. TV ကြည့်နေရင်း ဘေးနားက ကြော်ငြာတွေပေါ်လာတယ် ဘယ်လိုဖျောက်ရတာလဲ
Setting ထဲဝင်ပြီး Device Preseice ထဲမှာ mode ထဲမှာ short mode ကိုအမှန်ခြစ်ထားရင် Home Mode ကိုပြန်ပြောင်းပြီး အမှန်ခြစ်ပေးပါ အဲလိုဆိုရင် ကြော်ငြာတွေက ထပ်မပေါ်တော့ပါဘူး

18. Facebook webကို TVမှာဘယ်လိုသုံးရတာလဲ
TV မှာ ပါတဲ့ playstore ထဲကနေ App ကိုသွား အဲ့ကနေဖွင့်ရပါမယ် facebook web ကိုဖွင့် sitting ကိုနိုပ်လိုက်ရင် ဂဏန်း ၈ လုံးပြလိပ့်မယ် အဲ့တာကိုမှတ်ထား ပြီးရင် ဖုန်းမှာ browser ကနေ www.facebook.com/device ရိုက်ရှာ ပြီး enter လုပ်လိုက်ရင် ဂဏန်းထည့်လို့ရတဲ့ နေရာပေါ်လာလိပ့်မယ် ခုဏက TV မှာ ပေါ်လာတဲ့ ဂဏန်းကို ရိုက် ထည့်လိုက်ရင်ရပါပြီး။

19. Facebook webကိုအရင်ကြည့်ရတယ် အခုမရတော့ဘူး ဘယ်လိုပြန်လုပ်ရမလဲ
TV setting ထဲကိုသွား app ထဲကိုဝင် See all app ကိုရှာ အထဲဝင် show system app ပေါ်လာလိမ့်မယ် အဲထဲမှာမှ Android System weep view ထဲကိုဝင် uninstall update ကိုနိပ်လိုက်ရင် ရပါပြီ အဲဆိုရင်တော့ ပုံမှန်ပြန်ဖြစ်ပါပြီ အဲလိုခဏခဏကြည့်လို့မရတာမဖြစ်စေချင်ရင် TV ထဲက play store ကိုဝင်ပြီးရင် auto update ကိုရှာ အမှန်ခြစ်ပြနေရင် ပြန်ဖြုတ်ပေးလိုက်ပါ

20. Smart TV မှာ wifi မမိဘူး ဘယ်လိုချိတ်ရမလဲ
အရင်ဦးဆုံး reset ချလိုက်ပါ ဘယ်လိုချရမလဲဆိုတော့ setting ထဲကိုဝင် system menu ကိုရှာ အဲထဲက shpping conting ကိုနိပ်လိုက် Yes or Okay ကိုရွေးပေးပါ ၂ကြိမ်ရွေးပေးပါ TVက သူ့ဘာသူပိတ်သွားပြီး ပြန်လာပါလိမ့်မယ် shipping conting ကိုချရင် အရင်ကလိုင်းတွေပြန်ပျက်သွားနိုင်တယ် TV ပြန်လာရင် လိုင်းအသစ်ပြန်ဖမ်းရပါမယ် ဘယ်လိုဖမ်းရမလဲဆိုတော့ TV ပြန်လာရင် အရင်သုံး Language ပေါ်လာပြီး ရွေးရပါမယ် Eng ကိုရွေးပေးပါ နောက် Coutry ပေါ်လာရင် Myanmar ကိုရွေးပေးပါ နောက်တခုက asia ကိုရွေးပေးပါ ပြီးရင် လိုင်းဖမ်းနေလိမ့်မယ် ခဏစောင့်ပေးပါ digital and Analog ပေါ်လာရင် ၂ခုလုံးကိုအမှန်ခြစ်ခြစ်ပေးလိုက်ပါ လိုင်းဖမ်းလို့အကုန်မိသွားရင် wifi ကိုပြန်ချိတ်ပေးပါ အဲဆိုရင်ချိတ်လို့ရပါပြီ

21. Smart TV ကကာလာက သူ့ဘာသူပြောင်းနေတယ်
TV ပလပ်ကိုဖြုတ်ပြီးခဏစောင့်ပေးပါ ပြီးရင် ပလပ်ပြန်ထိုးပြီး TV မှာပါတဲ့ ခလုပ်မှာမှ ပါဝါခလုပ်ကိုခဏဖိထားပေးပါ အနည်း၃မိနစ် TVကသူ့ဘာသူအရောင်တွေပြောင်းနေလိမ့်မယ် ခဏကြာရင် သူ့ဘာသူငြိမ်ပြီး ပုံမှန်ပြန်ဖြစ်သွားပါမယ်

22. Smart TV က HDMI နဲ့သုံးရင်အသံမထွက်တော့ဘူး
HDMI နဲ့ချိတ်လို့မရတာက TV ထဲမှာ system မပြောင်းထားရင် အသံမထွက်တာဖြစ်နိုင်တယ် အဲလိုဆိုရင် Remote နဲ့ TV setting ထဲကိုသွား HDMIကိုရှာ ပြီးရင် Analog လုပ်ထားရင် ရုပ်ထွက်ပြီး အသံမလာပါဘူး Digital ကိုပြန်ပြောင်းပေးရမှာပါ အဲဆိုရင်တော့အသံရမှာပါ

23. Android TV ကapp တခုကို ‌ဒေါင်းပြီးရင် ပြန်ရှာလို့မတွေ့တော့ဘူး
TV setting ထဲကိုသွား app ထဲကိုဝင် အဲရဲအောက်ဆုံးမှာ see all app ရှိတယ် အဲထဲဝင်ပြီးတော့ အောက်ဆုံးကိုသွားလိုက် ခုဏက ထည့်ထားတဲ့ app ရှိနေပါလိမ့်မယ် down ထားတဲ့ အခုလိုပြန်မရှာချင်ဘူးဆိုရင် app တခုကို ဒေါင်းပြီးတော့ တီဗွီထဲမှာ သိမ်းထားလို့ရပါတယ် သူကတော့ play store ထဲကိုသွား site lunch app ကိုဒေါင်း ထားရင် အသစ်ဒေါင်းလိုက်တဲ့ app -တိုင်းအဲထဲမှာပေါ်နေပါလိမ့်မယ်

24. Android TV မှာကိုယ်ကြိုက်တဲ့လိုင်းတွေကို ဘယ်လိုထားရမလဲ
remote ကနေ Menu ရဲ့ up key ကိုနိပ်လိုက်ပါ အဲကနေပြီးတော့ လိုင်းမှာ favourite အသည်းပုံပုံစံပေါ်လာလိမ့်မယ် အဲတာကိုနိပ်ထားလိုက်ရင်‌တော့ ရပါပြီ