Panasonic မှ B2C နဲ့ B2B လုပ်ငန်းများအတွက် Showroom ကို ရန်ကုန်တွင်စတင်ဖွင့်လှစ်ခြင်း

၂၄ မတ်လ ၂၀၁၅, ရန်ကုန်, မြန်မာ - Panasonic မှ မြန်မာနိုင်ငံ၏ B2B နှင့် B2C လုပ်ငန်းများအတွက် ရောင်းချပေးမည့် Showroom နှင့် Sercive Center ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ B2B ပိုင်းတွင် နောက်ဆုံးပေါ်နည်းပညာများဖြင့် လုပ်ငန်းများ၊ လုံခြုံရေး၊ ဟိုတယ်၊ ရုံးနှင့် ဆိုလာလုပ်ငန်းများအတွက် ထောက်ပံ့ပေးပြီး B2C တွင် အိမ်နှင့် မီးဖိုချောင်သုံးပစ္စည်းများ၊ အလှအပဆိုင်ရာပစ္စည်းများ၊ တီဗီများ၊ အသံပိုင်းဆိုင်ရာပစ္စည်းများနှင့် ကင်မရာများပါဝင်သည်။

ဤနည်းအားဖြင့်သုံးစွဲသူများနှင့် အကျိုးတူလုပ်ငန်းရှင်များကို မြန်မာနိုင်ငံ၏ လူနေမှုဘဝပုံစံနှင့် ပြည်တွင်း လုပ်ငန်းဆိုင်ရာများကို ထောက်ပံပေးပြီး လက်တွဲခေါ်ဆောင်သွားမည်ဖြစ်သည်။

ဒုတိယ Showroom ကို ၂၁၀၅ ခုနှစ် ဧပြီလ တွင်ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာနိုင်ငံတွင် သုံးစွဲသူများ ဝယ်ယူသုံးစွဲရလွယ်ကူစေရန်ဖြစ်သည်။

Panasonic Showroom & Service Center(ရန်ကုန်)
အမှတ် ဂျီ (၁၅)၊ တာဝါ (ဒီ)၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖွင့်ချိန်/ပိတ်ချိန် : Service Center
တနင်္သာနေ့မှ စနေနေ့အထိ: မနက် ၉နာရီ မှ ညနေ ၅နာရီခွဲ

Showroom
တနင်္သာနေ့မှ တနင်္ဂနွေနေ့အထိ: မနက် ၉နာရီ မှ ညနေ ၅နာရီခွဲ (Service center မှာ တနင်္ဂနွေနေ့တိုင်းပိတ်သည်။)
ဖုန်းနံပါတ် : +95 -1- 860- 4657

Panasonic Showroom & Service Center(မန္တလေး)
အမှတ် (၆၄၇)၊ ၃၆ လမ်းနှင့် ရ၈ လမ်းထောင့်၊ မဟာအောင်မြေမြို့နယ်၊ မြောက်ဟေမမာလာရပ်ကွက်၊ မန္တလေးမြို့။
Service Center
တနင်္သာနေ့မှ စနေနေ့အထိ: မနက် ၉နာရီ မှ ညနေ ၅နာရီခွဲ

Showroom
တနင်္သာနေ့မှ တနင်္ဂနွေနေ့အထိ: မနက် ၉နာရီ မှ ညနေ ၅နာရီခွဲ (Service center မှာ တနင်္ဂနွေနေ့တိုင်းပိတ်သည်။)
ဖုန်းနံပါတ်: +95-2-60488, +95-2-69066

ရန်ကုန်ယူနိုက်တိုက်အသင်းရဲ့ စပွန်ဆာ

၂၀၁၅ခုနှစ် မြန်မာ နေရှင်နယ်လိဂ်တွင် ချန်ပီယံအဖြစ် တစ်ပြေးနေသော ရန်ကုန်ယူနိုက်တက် FC အတွက် Panasonic မှ တရားဝင် အားကစားအကျီင်္ အတွက် စပွန်ဆာအနေဖြင့် တာဝန်ယူခဲ့ပါသည်။

ရန်ကုန်ယူနိုက်တက်ဘောလုံးကလပ်မှ ဦးပြည့်ဖြိုးတေဇမှ ဒီဘောလုံးရာသီက အသင်းအတွက် ခက်ခဲတဲ့အချိန်ပါ။ Panasonic အနေနဲ့ အခုလို ပါဝင်ကူညီတဲ့အတွက် အသင်းကို ပိုအားတိုးစေပါတယ်။ အသင်းအနဲ့လည်း ပိုမို တိုးတက်လာနိုင်မယ့်လို့လည်း မျှော်လင့်ထားပါတယ်။

Panasonic ၏ Chief Representative ဖြစ်သူ Hisakazu Maeda မှ မြန်မာလူငယ်များကို နိုင်ငံရဲ့ အားကစားတွေမှာ တတ်ကြွစွာပါဝင်ဖို့ တွန်းအားပေးတာက အရေးကြီးပါတယ်။ ဘောလုံးအားကစားဟာဆိုရင် နာမည်ကြီးအားကစားတစ်ခုဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ၂၇ကြိမ်မြောက် SEA ဂိမ်းမှာ တရားဝင် အဓိက စပွန်ဆာအနေဖြင့် တာဝန်ယူဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားအတွက် Panasonic မှ အရှေ့တောင်အာရှနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုရရှိစေရန် တစ်ဖက်တစ်လမ်းမှ ဖော်ဆောင်ပေးခြင်းဖြစ်ပါတယ်။