Panasonic မှ မြန်မာ၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံများတွင် Showroom များကို ဖွင့်လှစ်ပေးခဲ့ခြင်း

Panasonic မှ မြန်မာ၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံများတွင် Showroom များကို ဖွင့်လှစ်ပေးခဲ့သည်။

စင်ကာပူ - ၂၀၁၅ခုနစ် ပထမနှစ်ဝက်တွင် ရန်ကုန်၊ အင်ဒိုနီးရှား နှင့် ကမ္ဘောဒီးယား နိုင်ငံတွေမှာ Showroom ၄ခုကို ဖွင့်လှစ်ခဲ့ပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ ဖနွမ်းပင်မှာရှိတဲ့ Showroom တွေက B2B နှင့် B2C ဆိုင်ရာပစ္စည်းတွေကို ပြသထားပါတယ်။ အင်ဒိုနီးရှား ဂျာကာတာ မှ Showroom ကတော့ အစိုးရပိုင်းဆိုင်ရာနှင့် စီးပွားရေးအကျိူးတူပူပေါင်းသူများအတွက် ပစ္စည်းများကို ပြသထားခြင်းဖြစ်တယ်။

Panasonic အတွက် မြန်မာ၊ အင်ဒိုနီးရှား နှင့် ကမ္ဘောဒီးယားနိုင်ငံတွေက အရှေ့တောင်အာရှာမှာ လူဦးရေအရနည်းသော်လည်း လျှင်မြန်စွာဖွံဖြိုးတိုးတက်သောကြောင့် အဓိကစျေးကွက်တွေဖြစ်ပါတယ်။ ပိုကောင်းသော ကမ္ဘာနှင့်ဘဝကို ရရှိဖို့ မတူညီတဲ့လူမှုနေထိုင်မှုဘဝတွေရဲ့ လိုအပ်ချက်တွေကို နည်းပညာများနဲ့ ပစ္စည်းများကို ထောက်ပ့ံပေးပြီး ဖွံဖြိုးတိုးတတ်အောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပစ္စည်းတွေမှာ အိမ်သုံးနှင့်မီးဖိုချောင်သုံးပစ္စည်းများ၊ တီဗီများ၊ အလှအပဆိုင်ရာပစ္စည်းများ၊ အသံပိုင်းဆိုင်ရာ ပစ္စည်းများနှင့် ကင်မရာများပါဝင်ပါတယ်။

Panasonic မှ ပြည်တွင်း စိီးပွားရေးကို ဖွံဖြိုးတိုးတက်အောင် နည်းပညာများကို အသစ်တီထွင်ပေါင်းစပ်ပြီး ပစ္စည်းသစ်များကို စျေးဆိုင်များ၊ ဟိုတယ်များ၊ ရုံးခန်းများ နှင့် ပညာရေး စတဲ့နေရာတိုင်းမှာ အထောက်အပံ့ပစ္စည်းများကို ဖြစ်အောင် ထုတ်လုပ်ထားပါတယ်။

Showroom များမှာ သုံးစွဲသူများကို ပစ္စည်းကို လက်တွေ့စမ်းသပ်သုံးစွဲကြည့်နိုင်အောင် ထောက်ပံ့ပေးထားပါတယ်။ ထိုအပြင် Panasonic မှလည်း နည်းပညာ၊ ပစ္စည်းများနှင့် CSR လုပ်ငန်းစဉ်တွေနဲ့ စျေးကွက်ကို ဖောက်ထွင်းပြီး လူအများရဲ့အကျိုးကို သယ်ပိုးလျက်ရှိပါတယ်။

အရှေ့တောင်အာရှအတွင်းရှိ Panasonic Showroom များ

[မြန်မာ]
Panasonic Showroom & Service Center(ရန်ကုန်)
အမှတ် ဂျီ (၁၅)၊ တာဝါ (ဒီ)၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖွင့်ချိန်/ပိတ်ချိန် : Service Center
တနင်္သာနေ့မှ စနေနေ့အထိ: မနက် ၉နာရီ မှ ညနေ ၅နာရီခွဲ
Showroom
တနင်္သာနေ့မှ တနင်္ဂနွေနေ့အထိ: မနက် ၉နာရီ မှ ညနေ ၅နာရီခွဲ (Service center မှာ တနင်္ဂနွေနေ့တိုင်းပိတ်သည်။)
ဖုန်းနံပါတ် : +95 -1- 860- 4657

Panasonic Showroom & Service Center(မန္တလေး)
အမှတ် (၆၄၇)၊ ၃၆ လမ်းနှင့် ရ၈ လမ်းထောင့်၊ မဟာအောင်မြေမြို့နယ်၊ မြောက်ဟေမမာလာရပ်ကွက်၊ မန္တလေးမြို့။
Service Center
တနင်္သာနေ့မှ စနေနေ့အထိ: မနက် ၉နာရီ မှ ညနေ ၅နာရီခွဲ
Showroom
တနင်္သာနေ့မှ တနင်္ဂနွေနေ့အထိ: မနက် ၉နာရီ မှ ညနေ ၅နာရီခွဲ (Service center မှာ တနင်္ဂနွေနေ့တိုင်းပိတ်သည်။)
ဖုန်းနံပါတ်: +95-2-60488, +95-2-69066

[အင်ဒိုနီးရှား]
Panasonic Business Showroom ဂျာကာတာ
JL. Dewi Sartika အမှတ် ၁၄, Cawang, ဂျာကာတာ, 13630, အင်ဒိုနီးရှား
ဖွင့်ချိန်/ပိတ်ချိန်: တနင်္သာနေ့မှ သောကြာနေ့အထိ: မနက် ၉နာရီ မှ ညနေ ၅နာရီ
ဖုန်းနံပါတ်: +62 - 21 - 801 -5710

[ကမ္ဘောဒီးယား]
Panasonic Showroom ဖနွမ်းပင်
အမှတ် ၂၅, iOne အဆောက်အအုံ, Mao Tse Tung Blvd, Sangkat Boeung Keng Kang I, Khan Chamkar Morn, Phnom Penh, Kingdom of Cambodia
ဖွင့်ချိန်/ပိတ်ချိန်: တနင်္သာနေ့မှ တနင်္ဂနွေနေ့အထိ: မနက် ၁၀ နာရီ မှ ညနေ ရနာရီ(အများပြည်သူရုံးပိတ်ရက်များမှလွဲ၍):
ဖုန်းနံပါတ်: +855 - 23 - 213 – 857