Panasonic မှ Power Supply Station ကို ထောက်ပံ့ပေးပြီး မြန်မာနိုင်ငံတွင်းရှိ လျှပ်စစ်မီးရရှိရန်ခက်ခဲသောဒေသများကို အကူအညီပေးခြင်း
အဆိပ်ရှိမြွေဆိုးပေါများသော ဒေသများကို လမ်းမီးများ ထိန်းလင်းစေခြင်းဖြင့် နေ့စဉ်လူမှုနေထိုင်မှုဘဝကို တိုးမြှင့်ပေးသည်။
အိုဆာကာ၊ ဂျပန် - Panasonic ကော်ပိုရေးရှင်းမှ
Power Supply Station ကို မြန်မာနိုင်ငံအတွင်း မကွေးတိုင်းဒေသကြီးရှိ ယင်းမချောင်းရွာတွင် လှူဒါန်းခဲ့ပါသည်။ ထိုင်းနိုင်ငံမှ Royal Patronage (MFL Foundation) လက်အောက်ရှိ Mae Fah Luang Foundation နှင့်အတူ လူမှုဘဝတိုးတတ်ပြောင်းလဲရေးကို CSR ဆောင်ရွက်ချက်တစ်ခုအနေဖြင့် အကျိုးပြုနိုင်ရန် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ဤလုပ်ဆောင်ချက်သည် Mitsui & Co., Ltd နှင့်အတူ အကျိုးတူပူပေါင်းပြီး CSR လုပ်ဆောင်ချက်အနေဖြင့် MFL Foundation ၏ ရည်မှန်းချက်ကို ကူညီထောက်ပံ့ချက်ကို ရယူ လှူဒါန်းခဲ့ခြင်းဖြစ်သည်။
Panasonic ရဲ့ power supply station မှာ ဆိုလာပြားများနှင့် သိမ်းဆည်းထားသော စွမ်းအင်ကို ပြန်လည်အသုံးချနိုင်မည့် ဘက်ထရီများပါဝင်ပါတယ်။ System မှ ကျေးရွာရှိ အိမ်ခြေ ၁၄၀ခန့်ကို လျှပ်စစ်မီးထောက်ပံပေးပါတယ်။ နေ့စဉ် လျှပ်စစ်မီးနှင့် လျှပ်စစ်သုံးပစ္စည်းများကို ဓါတ်အားပေးခြင်းဖြင့် နေ့စဉ်နေထိုင်မှုဘဝကို အကျိုးပြုလျက်ရှိသည်။
ယခင်က မြွေဆိုးများအန္တရာယ်ကြောင့် ညဖက်တွင် အပြင်ထွက်ရန် အခက်အခဲရှိသော်လည်း ယခုအခါ လျှပ်စစ်မီးများကြောင့် အလွန်အကျိုးရှိလာခဲ့သည်။ ထိုအပြင် LED လမ်းမီးများကြောင့် ပိုမိုလုံလောက်သောအလင်းရောင်ကိုလည်း ရရှိလာခဲ့သည်။
အာရှနိုင်ငံများအတွင်း မြန်မာနိုင်ငံရှိ လျှပ်စစ်မီးမရရှိသောဒေသမှာ၆၈%အထိရှိနေပါသည်။ ကျေးလတ်နေထိုင်သူ ၈၄.၂%အထိ လျှပ်စစ်မီးချိတ်ဆက်မှု မရရှိသေးပါ။ ထို့ကြောင့် Panasonic မှ Solar Storage ဖြင့် ချိတ်ဆက်ပြီး အသုံးပြုနိုင်သော ရေခဲသေတ္တာကိုလှူဒါန်းခဲ့ပါသည်။ ၄င်းတွင် မြွေဆိပ်ဖြေဆေးများကို အေးခဲသိမ်းဆည်းထားနိုင်ပြီး အခြားသောကိစ္စရပ်များတွင်ပါ အသုံးပြုနိုင်အောင် လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ဤသို့ လှူဒါန်းမှုသည့် အနီးတစ်ဝိုက်ကျေးရွာများအပြင် ရေနံချောင်းမြို့တစ်ခုလုံးနီးပါး လျှပ်စစ်မီးပေးနိုင်ရန် အတွက် အစပြု လှူဒါန်းခြင်းဖြစ်သည်။
Panasonic မှ ကမ္ဘာတစ်ဝှမ်း လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးပြီး လျှပ်စစ်မီး မရရှိသော နေရာများကိုလည်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
|
Delivery specifications |
---|---|
အမည် |
လျှပ်စစ်မီးထောက်ပံ့ပေးသော Power Package Power Supply Station |
ဆိုလာပြားများ |
Heterojunction photovoltaic module HIT® 3 x 12 |
အများဆုံးသိုလှောင်နိုင်သောပမာဏ |
2.82 kW |
ဘက်ထရီများ |
12V/60Ah ကြာရှည်ခံသော lead-acid ဘက်ထရီများ x 24 |
အများဆုံးစွမ်းအင်သိုလှောင်ပမာဏ |
17.2 kWh |
Control board |
Power supply main unit |
အများဆုံးထုတ်လုပ်နိုင်သောပမာဏ |
3 kW |
အရွယ်အစား(mm) |
4,780 (W) x 3,452 (L) x 2,975 (H) |
ထုထည်ပမာဏ(ဘက်ထရီများပါပါဝင်သည်။) |
2,650 kg ခန့် |
1. Source: World Energy Outlook 2015, International Energy Agency
2. Source: The World Bank "Electricity to Transform Rural Myanmar" 16 September 2015
3. HIT is a registered trademark of the Panasonic Group in Japan.
[Power Supply Station ပုံ ]
Power Supply Station ကို Panasonic HIT® 3 ဆိုလားပြား(၁၂)ခုနှင့် ပြုလုပ်ထားပြီး လျှပ်စစ်ပမာဏ 3 kWအထိ ထုတ်လုပ်ပေးပါတယ်။ ဆိုလာဘက်ထရီ (၂၄)ခုပါဝင်ပြီး 17 kWh အထိ စွမ်းအင်ကို ပြန်လည်ထုတ်ပေးပါတယ်။
[Power Supply Station လုပ်ဆောင်ချက်များ]
(၁) ထုတ်လုပ်သည့် စွမ်းအင်ပမာဏများခြင်းနှင့် အရည်အသွေးကောင်းမွန်ခြင်း
Power Supply Station ကိုနိုင်ငံခြားစံချိန်မှီ လျှပ်စစ်ထုတ်ကိရိယာကဲ့သို့ ပြောင်းလဲပြုလုပ်ထားခြင်းဖြစ်သည်။ ဤသို့ ပြောင်းလဲတပ်ဆင်ခြင်းလုပ်ငန်းစဉ်ကို ထိုင်းနိုင်ငံရှိ Panasonic Eco Solutions Co., Ltd., မှ လုပ်ဆောင်ပြီး အရည်အသွေးပြည့်မှီစွာဖြင့် မြန်မာနိုင်ငံကို တင်ပို့ရောင်းချခြင်းဖြစ်သည်။


(2)တပ်ဆင်ရလွယ်ကူရိုးရှင်းခြင်း
Power Station ကို လျှပ်စစ်မီးသမားတစ်ဦးအနေနဲ့ လွယ်ကူစွာတပ်ဆင်အသုံးပြုနိုင်ရန် အတွက် ဒီဇိုင်းပြုလုပ် ထုတ်လုပ်ထားခြင်းဖြစ်သည်။



(3) Panasonic မှ အဆင့်မြင့်နည်းပညာများကို အသုံးပြုထားခြင်း
Power Station တွင် Panasonic HIT® ဆိုလာပြား(၃)ခုကို အသုံးပြုထားပြီး လျှပ်စစ်မီးလုံလောက်စွာရရှိစေရန် ထောက်ပံ့ပေးထားပါသည်။ Supply Main Unit မှ ပင်မ လျှပ်စစ်ဓါတ်အားပေးသည့် စနစ်တစ်ခုအဖြစ်ဆောင်ရွက်ပြီး ကြာရှည်ခံသော ဘက်ထရီများအတွင်း လျှပ်စစ်ကို သိုလှောင်စေပြီး လိုအပ်သည့် နေရာများကို အတိုးအလျှော့လုပ်ပြီး ဓါတ်အားကို ပေးပါသည်။ ဤနည်းအားဖြင့် ဆိုလာဘက်ထရီများအတွက် သက်တမ်းကို ပိုမိုကြာရှည်စေပြီး လူမှ စောင့်ကြည့်စရာမလိုသည့်အတွက် အလွန် အဆင်ပြေချော့မွေ့ပါသည်။


