Panasonic မှမြန်မာနိုင်ငံအတွင်း ရေလွှမ်းခံဒေသများကို အစားအစာနဲ့ ပညာရေးအတွက်အဆင့်ဆင့်ထောက်ပံ့ပေးခဲ့ခြင်း

ဂျပန်ရှိ နိုင်ငံတကာ အရေးပေါ်ကူညီထောက်ပံ့ရေး လူသားချင်းစာနာထောက်ထားမှု အဖွဲ့ Panasonic မှ ရေလွှမ်းခံဒေသများကို ကူညီထောက်ပံ့ပေးခဲ့သည်။

စင်ကာပူ - မြန်မာရှိ ရေလွှမ်းခံဒေသများကို အကူအညီပေးရန် စင်ကာပူဒေါ်လာ (၃၃၅၀၀) ကို ကူညီထောက်ပံပေးခဲ့ပါသည်။ အကူအညီများမှာ ဂျပန်ရှိ နိုင်ငံတကာ အရေးပေါ်ကူညီထောက်ပံ့ရေး လူသားချင်းစာနာထောက်ထားမှု အဖွဲ့ မှ နိုင်ငံတကာရှိ သဘာဝဘေးနှင့် ဒုက္ခသည်များကို ကူညီထောက်ပံ့ပေးခြင်းဖြစ်သည်။ ကြက်ခြေနီအသင်းကိုလည်း လှူဒါန်းခဲ့ပါသည်။

Panasonic Asia Pacific မန်နေဂျင်းဒါရိုက်တာ Mr. Toru Nishida, မှ လူပေါင်းများစွာ ရေလွှမ်းမိုးမှုကြောင့် နေအိမ်များ၊ စိုက်ပျိုးခင်းများပျောက်ဆုံးရတာကို တွေ့ရတာ စိတ်မကောင်းပါဘူး ဒီအချိန်မှ Panasonic အနေဖြင့် စီးပွားရေးအရမဟုတ်ဘဲ ကမ္ဘာအနှံလူများရဲ့ နေထိုင်မှုဘဝကို ကူညီထောက်ပံပေးပြီး တာဝန်ယူပေးတာပါ။ မြန်မာနဲ့လည်း ဒီလိုအချိန်မှာ တစ်တပ်တစ်အားအနေဖြင့် ပံ့ပိုးပေးခြင်းဖြစ်ပါတယ်။

Panasonic အနေနဲ့ မြန်မာလူငယ်များကို ပညာရေးအရ ကူညီပေးရန်အတွက် ရာသီဥတုပြောင်းလဲမှုနှင့် ဘဘာဝဘေးမှ ကာကွယ်ရန် Eco Learning ကိုစတင်ခဲ့ခြင်းဖြစ်ပါတယ်။ သြဂုတ်လ ၁၂ရက်နေ့တွင် “Dream Train” မှ
၁၀နှစ်မှ ၁၅နှစ်အတွင်း ကလေး ၅၀ကို eco-living နှင့် eco-technology အကြောင်းသိစေရန် သင်ကြားပြသပေးခဲ့သည်။

Panasonic's 100 Thousand Solar Lanterns Project အရ နိုင်ငံတွင်း ၃နှစ်တာကာလအတွင်း လူမှုရေးအဖွဲအစည်းများကို ချိတ်ဆက်၍ ဆိုလာမီးအိမ်ပေါင်း ရ၀၀၀ ကျော်ကို လှူဒါန်းပြီးဖြစ်ပါတယ်။